Wednesday 14 January 2015

အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရမိ

မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရ မိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ အမှုဖွင့်ပြီး စစ်ဆေး နေတယ်။ မနေ့ ကတည်းက အမှုဖွင့် ထားတာ။ ဒီအမှုက ၂၀၁၅ အတွက် အောင်မြေသာစံရဲ့ ပထမဆုံး မူးယစ်ဆေးဝါးမှု ဖြစ်တယ် ဟု အောင်မြေသာစံ ရဲတပ်ဖွဲ့ရုံးမှ ဒုတပ်ကြပ် မျိုးဦးမှ ပြောပြသည်။

(၁၂.၁.၂၀၁၅) ရက်နေ့ (၃) နာရီခွဲ အချိန်တွင် အောင်မြေသာစံ မြို့နယ် (၈၁) လမ်း (၂၁x၂၂) လမ်းကြားရှိ NGU ဘီယာဆိုင်သို့ ၈ည/၈------ Micro Bu ယာဉ်ဖြင့် ရောက်ရှိလာသူ မောင်-------- (၂၂)နှစ်၊ (၉) ရပ်ကွက်  နမ္မတူမြို့နေ သူအား မူးယစ် တပ်ဖွဲ့ (၁၇)မှ ရဲအုပ် မျိုးဝင်းအောင် ဦးစီးအဖွဲ့ က သက်သေများနှင့် အတူ သတင်း အရ ရှာဖွေ စစ်ဆေးရာ ယာဉ်၏ ဦးခေါင်းပိုင်း ၀ဲဘက်ခြမ်းရှိ ပစ္စည်း ထည့်သည့် အံခွက် အတွင်းမှ ပလတ်စတစ် ဆပ်ပြာခွက် အတွင်း ပလတ်စတစ်ဖြင့် ထည့်ထားသော အလေးချိန် (၁၂) ဂရမ်ရှိ သော မူးယစ်ဆေးဝါး (ဖြူ/၀ါ) အမှုန့်များကို တွေ့ရှိရ မိကြောင်း သိရ သည်။

အဆိုပါ အမှုကို ရဲအုပ် မျိုးဝင်းအောင်မှ တရားလို ပြုလုပ်၍ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ မောင်---------နှင့် လွတ်မြောက်နေသူ ရန်နိုင်တို့ အားအောင်မြေသာစံ မြို့မ ရဲစခန်းမှ (ပ) ၁/၂၀၁၅ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ အရ အမှုဖွင့်ပြီး ရန်နိုင်အား ဖမ်းဆီးရ မိရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

The Messenger News Journal 

No comments:

Post a Comment