Wednesday 14 January 2015

အမေရိကန်နှင့် သဘောတူညီမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျူးဘားက နိုင်ငံရေးအကျဉ်းသား ၅၃ဦး လွှတ်ပေး

Photo: အမေရိကန်နှင့် သဘောတူညီမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျူးဘားက နိုင်ငံရေးအကျဉ်းသား ၅၃ဦး လွှတ်ပေး
Wednesday, January 14, 2015

ပြီးခဲ့သောလက အမေရိကန်နှင့် သဘောတူညီချက်အရ ကျူးဘားသည် နိုင်ငံရေးအကျဉ်းသား ၅၃ဦးကို လွှတ် ပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ယမန်နေ့က ပြော ခဲ့ကြောင်း AFP သတင်းများအရ သိရသည်။

နောက်ရက်သတ္တပတ်တွင် ကျူး ဘားနှင့် သမိုင်းဝင်ပြန်လည်သင့်မြတ် ကြရေး တည်ထောင်ရန် အမေရိကန် အရာရှိများက ဟာဗားနားသို့သွား ရောက်ရန်ပြန်ဆင်ချိန်၌ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးသည့် သတင်းပေါ်ထွက်လာခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီထံမှ စာတစ်စောင် နှင့်အတူ လွတ်မြောက်လာသော အကျဉ်းသား ၅၃ဦး၏ အမည်များ ကို အမေရိကန်လွှတ်တော်အမတ် များက ယမန်နေ့က ထုတ်ပြန်ခဲ့ သည်။

ဟာဗားနားရှိ အတိုက်အခံ အဖွဲ့များနှင့် ကက်သလစ်တို့သည် ထိုသတင်းများကို ကြိုဆိုခဲ့ကြသည်။ သို့သော်လည်း အကျဉ်းသားများ လွတ်မြောက်ကြောင်း အတည်ပြု ချက်များ မထုတ်ပြန်သေးပေ။

နိုင်ငံပိုင်မီဒီယာများကလည်း ထိုသတင်းနှင့်ပတ်သက်ပြီး နှုတ် ဆိတ်နေခဲ့သည်။ အမေရိကန်နှင့် ကျူးဘားသည် ဇန်နဝါရီ ၂၁နှင့် ၂၂ရက်တို့တွင် ဟာဗားနား၌ ဆွေး နွေးမှုများပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း သိရသည်။

Ref : AFP
Democracytoday
ပြီးခဲ့သောလက အမေရိကန်နှင့် သဘောတူညီချက်အရ ကျူးဘားသည် နိုင်ငံရေးအကျဉ်းသား ၅၃ဦးကို လွှတ် ပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ယမန်နေ့က ပြော ခဲ့ကြောင်း AFP သတင်းများအရ သိရသည်။

နောက်ရက်သတ္တပတ်တွင် ကျူးဘားနှင့် သမိုင်းဝင်ပြန်လည်သင့်မြတ် ကြရေး တည်ထောင်ရန် အမေရိကန် အရာရှိများက ဟာဗားနားသို့သွား ရောက်ရန်ပြန်ဆင်ချိန်၌ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးသည့် သတင်းပေါ်ထွက်လာခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံမှ စာတစ်စောင်နှင့်အတူ လွတ်မြောက်လာသော အကျဉ်း သား ၅၃ဦး၏ အမည်များ ကို အမေရိကန်လွှတ်တော်အမတ် များက ယမန်နေ့က ထုတ်ပြန်ခဲ့ သည်။

ဟာဗားနားရှိ အတိုက်အခံ အဖွဲ့များနှင့် ကက်သလစ်တို့သည် ထိုသတင်းများကို ကြိုဆိုခဲ့ကြသည်။ သို့သော်လည်း အကျဉ်းသားများ လွတ်မြောက်ကြောင်း အတည်ပြု ချက်များ မထုတ်ပြန်သေးပေ။

နိုင်ငံပိုင်မီဒီယာများကလည်း ထိုသတင်းနှင့်ပတ်သက်ပြီး နှုတ် ဆိတ်နေခဲ့သည်။ အမေရိကန်နှင့် ကျူးဘား သည် ဇန်နဝါရီ ၂၁နှင့် ၂၂ရက်တို့တွင် ဟာဗားနား၌ ဆွေးနွေးမှုများပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Ref : AFP
Democracytoday

No comments:

Post a Comment