Wednesday 14 January 2015

ဗဟိုဘဏ်၏ မူဝါဒ ပြောင်းလဲမှသာ ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်

ဗဟိုဘဏ်မှ ကြိုတင် ငွေပေးချေမှု မူဝါဒ ပြောင်းလဲ ကျင့်သုံး မှသာ ပြည်ပသို့  ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောသည်။ လက်ရှိ အခြေအနေတွင် လုပ်ငန်းရှင်များ  အနေ ဖြင့် ပြည်ပသို့  ပို့ကုန်များနှင့်  ပတ်သက်ပြီး ပစ္စည်း တင်ပို့မှသာ ငွေထုတ် ယူခြင်းနှင့် လွှဲပြောင်းခြင်းများ ပြုလုပ် နိုင်သည့် အတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း ၎င်းက ဆိုသည်။

ကျွန်တော်တို့မှာက ကုန်ပစ္စည်း တန်ဖိုး ရင်းနှီးစိုက်ထုတ်ထား ရတဲ့ အပြင် တင်ပို့ကုန်ရဲ့ လက်ခံ ဖြတ်ပိုင်း ရရှိမှသာ ငွေထုတ်ယူရရှိတဲ့ အတွက် ဈေးကွက် အတွင်းမှာ ငွေမလိုက်နိုင် တာတွေ ရှိနေ ပါတယ် ဟု ဒေါက်တာ စိုးထွန်း ကပြောသည်။ ကုန်သွယ်မှု ကဏ္ဍတွင် ပြည်ပမှ တင်သွင်းကုန် များနှင့် ပြန်လည် တင်ပို့မှု အများစုမှာ ဆန်၊ ပဲအမျိုးမျိုး၊ သတ္တု၊ သစ်နှင့် သစ်တောထွက် ပစ္စည်းတို့ ဖြစ်ပြီး ကုန်သွယ်မှု ပမာဏ အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်း ဒီဇင်ဘာလကုန် အထိ အမေရိကန် ဒေါ်လာ (၂၀) ဘီလီယံ ရရှိ ထားပြီး ဖြစ်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန စာရင်းဇယားများ အရ သိရသည်။

လုပ်ငန်းရှင်တွေ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ ပြင်ဆင် သတ်မှတ် ထားပြီး ဖြစ်သလို ပြည်တွင်းဘဏ် လုပ်ငန်းတွေ ကိုလည်း ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း အခက်အခဲ ဆိုတာက ဘဏ်ဝန်ဆောင်မှုနဲ့ လုပ်ငန်းရှင်တွေ ကြားထဲက ဆက်ဆံရေးပါ။ မူဝါဒ ကြောင့် မဟုတ်ပါဘူး  ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကုန်သွယ်မှု လုပ်ငန်းများ အတွက် ကြို တင် ငွေပေးချေမှုအား သတ်မှတ်ရာတွင် ပေးပို့သည့် ကုန်စည်သည် သက်ဆိုင်ရာ နိုင်ငံ ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း ဒေသ စိစစ်ရေး အဖွဲ့ များ၏ ထောက်ခံချက် လက်မှတ် ရရှိလျှင် ကြိုတင် ငွေလွှဲပြောင်းခြင်းနှင့် ထုတ်ယူခြင်း ပြုလုပ်နိုင်သည်ဟု ဗဟိုဘဏ် ဥပဒေ၌ ပါရှိကြောင်း ၎င်းက ဆက်ပြောသည်။

The Messenger News Journal 

No comments:

Post a Comment