Wednesday 14 January 2015

ချာလီဟက်ဘ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရသော်လည်း မျက်နှာဖုံး၌ မိုဟာမက်ပုံ ထပ်မံဖော်ပြ

Photo: ချာလီဟက်ဘ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရသော်လည်း မျက်နှာဖုံး၌ မိုဟာမက်ပုံ ထပ်မံဖော်ပြ
Wednesday, January 14, 2015

ပြင်သစ်သရော်စာရေးမဂ္ဂဇင်း ချာလီဟက်ဘ်ဒိုက လွန်ခဲ့သောအ ပတ်ကတိုက်ခိုက်သတ်ဖြတ်ခံရမှုကို အာခံလျက် မိုဟာမက်ပုံကို ပထမအ ဖုံး၌ဖော်ပြခဲ့ကြောင်း၊ ယခင်အပတ် က ဒုတိယအဖုံး၌သာ ဖော်ပြခဲ့ကြောင်း၊ ဤလုပ်ဆောင်မှုကြောင့် ပြင်သစ်အ စိုးရက စစ်သား ၁၀၀၀ဝအားလုံခြုံ ရေးချထားလိုက်သည်ဟု ကြေညာခဲ့ ကြောင်း AFP သတင်းက ဆိုသည်။

တစ်ပတ်တစ်ကြိမ်ထုတ်စာ စောင်တွင်''ရှင်ကျန်ရစ်သူများ၏စာ စောင်''ဟု ခေါင်းစီးတပ်ထားပြီး ဗုဒ္ဓ ဟူးနေ့၌ ထုတ်ဝေသွား မည်ဖြစ်သည်။

ပုံမှာ ခေါင်းပေါင်းဖြူပေါင်းထားသော မိုဟာမက်က ငိုလျက်''Jesuis Charlie'' ဆိုသည့်ဆိုင်းဘုတ်ကို ကိုင်ထား ကာ ''အားလုံးကိုခွင့်လွှတ်ပါ''ဟု ပြော နေပုံဖြစ်သည်။

ဤစာစောင်မှာ ချာလီဟက်ဘ် ဒိုမဂ္ဂဇင်းတိုက်အား ဇန်နဝါရီ ရရက် က သေနတ်သမားနှစ်ဦးဝင်ရောက် တိုက်ခိုက်၍ ၁၂ဦးသေဆုံးပြီးနောက် ပထမဆုံးပြန်လည်ထုတ်ဝေခဲ့သည့် စာစောင်ဖြစ်သည်။

၎င်းတို့က ယခင် အပတ်ထုတ်ဝေခဲ့သည့် မိုဟာမက် ကာတွန်းကို လက်စားချေခြင်းဟု ပြောခဲ့ကြသည်။

မဂ္ဂဇင်းကို စောင်ရေသုံးသန်း ရိုက်နှိပ်မည်ဖြစ်ကြောင်း၊ မူလက စောင်ရေ ၆၀၀ဝထုတ်ခဲ့ကြောင်း၊ ယခုအပတ်သတင်းစာ အရောင်းဌာ နများ၌ တင်သွားမည်ဟု သိရသည်။

ချာလီဟက်ဘ်ဒိုမှာ နိုင်ငံတ ကာ၏ လွတ်လပ်စွာပြောဆိုခွင့်၏ သင်္ကေတဖြစ်လာခဲ့သည်။ ချာလီအ ဖြစ်အပျက်ကြောင့် ပဲရစ်အပါအဝင် ပြင်သစ်မြို့ကြီးများ၌ လူပေါင်းလေး သန်းခန့်ဆန္ဒပြခဲ့ကြသည်။ ပြင်သစ် သမိုင်း၌ အကြီးမားဆုံးဟုဆိုသည်။

ဆန္ဒပြသူများက''ကျွန်တော်ချာလီဖြစ် သည်''ဆိုသည့်''Jesuis Charlie'' ဆို သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ ကြသည်။

လူပေါင်း ၁၀၀၀၀ က ပြင်သစ် နိုင်ငံအရေးကြီးသောနေရာများ၌ အင်္ဂါနေ့တွင် ဆက်လက်ဆန္ဒပြကြဦး မည်ဟု သိရသည်။

Ref : AFP
Democracytoday
ပြင်သစ်သရော်စာရေးမဂ္ဂဇင်း ချာလီဟက်ဘ်ဒိုက လွန်ခဲ့သောအ ပတ်ကတိုက်ခိုက်သတ်ဖြတ်ခံရမှုကို အာခံလျက် မိုဟာမက်ပုံကို ပထမအ ဖုံး၌ဖော်ပြခဲ့ကြောင်း၊ ယခင်အပတ်က ဒုတိယအဖုံး၌သာ ဖော်ပြခဲ့ ကြောင်း၊ ဤလုပ်ဆောင်မှုကြောင့် ပြင်သစ်အ စိုးရက စစ်သား ၁၀၀၀ဝအားလုံခြုံ ရေးချထားလိုက်သည်ဟု ကြေညာခဲ့ ကြောင်း AFP သတင်းက ဆိုသည်။

တစ်ပတ်တစ်ကြိမ်ထုတ်စာ စောင်တွင်''ရှင်ကျန်ရစ်သူများ၏စာ စောင်''ဟု ခေါင်းစီးတပ်ထားပြီး ဗုဒ္ဓ ဟူးနေ့၌ ထုတ်ဝေသွား မည်ဖြစ်သည်။

ပုံမှာ ခေါင်းပေါင်းဖြူပေါင်းထားသော မိုဟာမက်က ငိုလျက်''Jesuis Charlie'' ဆိုသည့်ဆိုင်းဘုတ်ကို ကိုင်ထား ကာ ''အားလုံးကိုခွင့်လွှတ်ပါ''ဟု ပြော နေပုံဖြစ်သည်။

ဤစာစောင်မှာ ချာလီဟက်ဘ် ဒိုမဂ္ဂဇင်းတိုက်အား ဇန်နဝါရီ ရရက် က သေနတ်သမားနှစ်ဦးဝင်ရောက် တိုက်ခိုက်၍ ၁၂ဦးသေဆုံးပြီးနောက် ပထမဆုံးပြန်လည်ထုတ်ဝေခဲ့သည့် စာစောင်ဖြစ်သည်။

၎င်းတို့က ယခင် အပတ်ထုတ်ဝေခဲ့သည့် မိုဟာမက် ကာတွန်းကို လက်စားချေခြင်းဟု ပြောခဲ့ကြသည်။

မဂ္ဂဇင်းကို စောင်ရေသုံးသန်း ရိုက်နှိပ်မည်ဖြစ်ကြောင်း၊ မူလက စောင်ရေ ၆၀၀ဝထုတ်ခဲ့ကြောင်း၊ ယခုအပတ် သတင်းစာ အရောင်းဌာ နများ၌ တင်သွားမည်ဟု သိရသည်။

ချာလီဟက်ဘ်ဒိုမှာ နိုင်ငံတ ကာ၏ လွတ်လပ်စွာပြောဆိုခွင့်၏ သင်္ကေတဖြစ်လာခဲ့သည်။ ချာလီအ ဖြစ်အပျက်ကြောင့် ပဲရစ်အပါအဝင် ပြင်သစ်မြို့ကြီးများ၌ လူပေါင်းလေး သန်းခန့်ဆန္ဒပြခဲ့ကြသည်။ ပြင်သစ် သမိုင်း၌ အကြီးမားဆုံးဟုဆိုသည်။

ဆန္ဒပြသူများက''ကျွန်တော်ချာလီဖြစ် သည်''ဆိုသည့်''Jesuis Charlie'' ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင် ခဲ့ ကြသည်။

လူပေါင်း ၁၀၀၀၀ က ပြင်သစ် နိုင်ငံအရေးကြီးသောနေရာများ၌ အင်္ဂါနေ့တွင် ဆက်လက်ဆန္ဒပြကြဦးမည် ဟု သိရသည်။

Ref : AFP
Democracytoday‬

No comments:

Post a Comment