Friday 23 January 2015

ပြည်-တောင်ကုတ်လမ်းတွင် အိမ်စီးကား အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျ

Photo: ပြည်-တောင်ကုတ်လမ်းတွင် အိမ်စီးကား အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျ
Friday, January 23, 2015 

ပြည်-တောင်ကုတ်လမ်း၊ န၀ဒေးတံတားကြီး အနောက် ဘက်မိုင်တိုင်အမှတ် ၀/၆ အနီး တွင် ဇန်န၀ါရီ ၂၁ ရက်ညက RAV-4 အိမ်စီးကားတစ်စီး လမ်း အကွေ့၌ အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျသွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘လမ်းအကွေ့မှာ အရှိန်မ ထိန်းနိုင်ဘဲ ပေလေးဆယ်လောက် နက်တဲ့ ချောက်ထဲထိုးကျသွားတယ်။ ညဦးပိုင်း ဖြစ်နေတော့ အပေါ်ကနေ သိပ်မမြင်ရဘူး။ အောက်ဆင်းကြည့်တဲ့အခါ ကား ကို ဖင်ထောင်လျက်သားတွေ့ရ တယ်။ အသက်ကယ်လေအိတ် တွေလည်း ပွင့်နေတယ်။ လူ နှစ် ယောက်ပါလာတာတွေ့ရတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရတာ တော့ မတွေ့ရဘူး’’ဟု အခင်းဖြစ် ပွားရာအနီးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

ဥသျှစ်ပင်မြို့ဘက်မှ ပြည်မြို့ဘက်သို့ ပုသိမ်မြို့မှ  ကိုတင့်လွင် အသက် (၃၈) နှစ် မောင်းနှင်လာသော အဆိုပါကားကို ကိုသက်ပိုင် (၂၅) နှစ်တို့လိုက်ပါခဲ့ ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၀သိန်းခန့်မှန်းထားပြီး ယာဉ်တိမ်း မှောက်ချိန်တွင် အရက်သေစာ သောက်စားထားခြင်းမရှိဘဲ အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ပန်တောင်းမြို့နယ်ရဲစခန်းက (ပ) ၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

7Day DAILY 

ချောက်ထဲထိုးကျသွားသော ကားကိုတွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ချောက်ထဲထိုးကျသွားသော ကားကိုတွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်-တောင်ကုတ်လမ်း၊ န၀ဒေးတံတားကြီး အနောက် ဘက်မိုင်တိုင်အမှတ် ၀/၆ အနီး တွင် ဇန်န၀ါရီ ၂၁ ရက်ညက RAV-4 အိမ်စီးကားတစ်စီး လမ်း အကွေ့၌ အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျသွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘လမ်းအကွေ့မှာ အရှိန်မိန်းနိုင်ဘဲ ပေလေးဆယ်လောက် နက်တဲ့ ချောက်ထဲထိုးကျသွားတယ်။ ညဦးပိုင်း ဖြစ်နေတော့ အပေါ်ကနေ သိပ်မမြင်ရဘူး။ အောက်ဆင်းကြည့်တဲ့အခါ ကား ကို ဖင်ထောင်လျက် သားတွေ့ရ တယ်။ အသက်ကယ်လေအိတ် တွေလည်း ပွင့်နေတယ်။ လူ နှစ် ယောက်ပါလာတာ တွေ့ရတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရတာ တော့ မတွေ့ရဘူး’’ဟု အခင်းဖြစ် ပွားရာအနီးရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦး ကပြောသည်။

ဥသျှစ်ပင်မြို့ဘက်မှ ပြည်မြို့ဘက်သို့ ပုသိမ်မြို့မှ  ကိုတင့်လွင် အသက် (၃၈) နှစ် မောင်းနှင်လာသော အဆိုပါ ကားကို ကိုသက်ပိုင် (၂၅) နှစ်တို့လိုက်ပါခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၀သိန်း ခန့်မှန်း ထားပြီး ယာဉ်တိမ်း မှောက်ချိန်တွင် အရက်သေစာ သောက်စားထားခြင်းမရှိဘဲ အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ပန်တောင်းမြို့နယ်ရဲစခန်းက (ပ) ၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment