Monday 25 August 2014

ငါးဖမ်းစက်လှေတစ်စီး မီးလောင်ပြီး ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေ

သံဖြူဇရပ်မြို့နယ်နှင့် ထိစပ်နေသော မြန်မာ့ပင်လယ် ပြင်တွင် ငါးဖမ်းစက်လှေတစ်စီး မီးလောင် ခဲ့ပြီး ရေ လုပ် သားတစ် ဦးပင်လယ်အတွင်း ပျောက်ဆုံး နေ၍ ရှာဖွေမှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။
သံဖြူဇရပ်မြို့နယ် ကြည် တော်ဆိပ်ကမ်းနှင့် ရေမိုင် ၂၀ ခန့် အကွာ ပင်လယ်ပြင်တွင် သြ ဂုတ် ၁၈ ရက်က အာကာမင်းငါး ဖမ်းစက်လှေမီးလောင်ခဲ့ခြင်းဖြစ် ပြီး ရေလုပ်သား ဦးလှထူးဆိုသူ ပျောက်ဆုံးနေခြ င်းဖြစ်ကြောင်း ကြည်တော်ဆိပ်ကမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘မီးလောင်လောင်ချင်း အလုပ်သမားတွေလည်း လွတ်ရာ ပြေးကြရတယ်လို့သိရတယ်။ အဲဒီမှာ တစ်ယော က် ကတော့ ပျောက်နေတုန်း။ ကယ်ဆယ်ရေး အဖွဲ့က ရှာနေပါတယ်’’ဟု ၎င်းကပြော သည်။

မီးလောင်ချိန်တွင် ငါးဖမ်း စက်လှေပေါ်၌ ပဲ့နင်းအပါအ၀င် အလုပ်သမား ၁၂ ဦးရှိနေပြီး ကျန် ၁၁ ဦးမှာ လွတ်မြောက် ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြ ဂုတ်လဆန်းက  ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ ပိုင်နက် ပင်လယ်ပြင်တွင် ရေလုပ်သား ၂၅ ဦးပါ သည့် ငါးဖမ်းစက်လှေတစ်စီးနစ် မြုပ်ကာ ၆ ဦးသာ ပြန် လည်တွေ့ ရှိခဲ့ပြီး ၁၉ ဦး ပင်လယ်အတွင်း ပျောက်ဆုံးခဲ့ရသည်။

7Day DAILY

No comments:

Post a Comment