Friday 23 August 2013

တတိယအကြိမ်မြောက် Developer Conference ကျင်းပမည်

နည်းပညာဆိုင်ရာ solution ရေးသားသူများ၊ အခြားနည်းပညာ စိတ်ဝင်စားသူများ တက်ရောက်ကြသော Developer Conference ကို ပြည်တွင်း၌တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Developer Conference (DevCon 2013-Yangon) ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCAP) မှ ကြီးမှူး၍ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သိရသည်။

Developer Conference ကိုခေါင်းစဉ်ရှစ်ခုနှင့်ဆွေးနွေးမည် ဖြစ်ပြီးမိုဘိုင်းအက်ပလီကေးရှင်း၊ ၀က်ဘ် အက်ပလီကေးရှင်း၊ ဂိမ်းအက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်အက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်ရေးဆွဲခြင်း စီမံခန့်ခွဲမှုနှင့် အခြားဆော့ဖ်ဝဲလ်နှင့်သက်ဆိုင်သော အကြောင်းအရာများကိုတင်ပြဆွေးနွေး မည်ဖြစ်ကြောင်း သိရှိရသည်။ 

Developer Conference နှင့်ပတ်သက်သောအချက်အလက် များနှင့် Proposal Form များကို devconmyanmar.org, mcpamyan- mar.org/download/ ၀က်ဘ်ဆိုဒ် များတွင်ရယူနိုင်ပြီးအသေး စိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

SkyNet TV Browser

No comments:

Post a Comment