Monday 20 October 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်သုံးစွဲခ နှုန်းထားများ ကို Package အလိုက်ကောက်ခံရန် စီစဉ်နေ

မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အင်တာနက်အသုံးပြုခနှုန်းထား များကို မိနစ်ဖြင့် ကောက်ခံခြင်းအ ပြင် Package များဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် မိုဘိုင်း ဖုန်းဖြင့် အင်တာနက်အသုံးပြုခများ ကို သုံးစွဲသူများအနေဖြင့် ရွေးချယ် အသုံးပြုနိုင်ရန်ရည်ရွယ်၍ Package အလိုက် မကြာမီခွဲခြားကောက် ခံနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ''မိုဘိုင်းဖုန်းကနေ အင် တာနက် အသုံးပြုခတွေ ပြောင်းလဲ ကောက်ခံဖို့အတွက် စီစဉ်နေတာ တွေရှိပါတယ်။ ဘယ်လိုပုံစံဖြစ်မလဲ ဆိုတာ တိတိကျကျတော့ မပြောနိုင် သေးဘူး။ Package ပုံစံကလဲ ၃၊ ၄မျိုး လောက် ရွေးသုံးနိုင်ဖို့ ပြင်ဆင်ထား တယ်။ MB အလိုက်ဖြတ်သွားမယ့် စနစ်ပေါ့''ဟု ပြောသည်။

အင်တာနက်သုံးစွဲခနှုန်းထား များကို လက်ရှိ မိနစ်ဖြင့် ကောက်ခံ နေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သုံးစွဲ သည့် ဒေတာပမာဏအပေါ်မူတည် ၍ ပေးသွင်းရမည့်ပုံစံဖြစ်သည်။

''ဖုန်းပြောဆိုခတွေကိုလဲလျှော့ ချဖို့အတွက် BOD အစည်းအဝေး ထိုင်နေတာတွေရှိပါတယ်။ ရက်အ တိအကျသာ မပြောနိုင်သေးတာပါ။ ထုတ်ပြန်ကြေညာသွားမှာပါ''ဟု ထပ်မံပြောကြားသည်။

အော်ပရေတာတစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အ နေဖြင့် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo ကော်ပိုရေး ရှင်းတို့နှင့်ပူးပေါင်း၍ မိုဘိုင်းဖုန်း ပြောဆိုခများကို တစ်မိနစ်လျှင်၂၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံ နိုင်ရန် စီစဉ်လျက်ရှိသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများကို မိနစ် ဖြင့်သာ ကောက်ခံလျက်ရှိပြီး ဂျီအက်စ် အမ်အမျိုးအစားဖြင့် တစ်မိနစ်လျှင် ၂ကျပ်၊ CDMA နှင့် WCDMA မှာ ၄ကျပ်ဖြင့် သတ်မှတ်ကောက်ခံလျက် ရှိကြောင်း သိရသည်။

MPT မှ တစ်နိုင်ငံလုံးနီးပါး အနေဖြင့် မိုဘိုင်းဖုန်းအလုံးရေ ၁၁ သန်းခန့် ချထားပေးပြီးဖြစ်ကြောင်း ဆက် သွယ်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

Yangon Media Group 

No comments:

Post a Comment