Monday 20 October 2014

နတ်မြစ်အတွင်း လုံခြုံရေးနှင့် ကယ်ဆယ်ရေးယာဉ်များချ

ရခိုင်ပြည်နယ် ပင်လယ် ပြင်နယ်နိမိတ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်နတ်မြစ်အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်ရန် ကင်းလှည့်အမြန်ရေယာဉ်နှင့် အရေး ပေါ်ရှာဖွေရေး ကယ်ဆယ်ရေးရေယာဉ်များကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ရေချခဲ့ကြောင်း သတင်းရရှိသည်။

ကင်းလည့်အမြန်ရေယာဉ် တစ်စီးနှင့် အရေးပေါ်ကယ်ဆယ် ရေး ရေယာဉ်နှစ်စီးကို စတင်ရေ ချသည့် အနေဖြင့် စစ်တွေမှ ပေါက်တောမြို့သို့ မောင်းနှင်ရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦး မောင်မောင်အုန်း ကိုယ်တိုင်လိုက် ပါခဲ့ကြောင်း မြို့မိမြို့ဖ ဦးသန်း ထွန်းက ပြောသည်။

အနောက်ဘက်ပင်လယ်ပြင် နယ်နိမိတ်လုံခြုံရေး ထမ်းဆောင်မည့် မြန်မာ့တပ်မတော် (ရေ)မှအမြန်ရေ ယာဉ် ငယ်များကို ငါးမန်းဟုခေါ်ဆိုပြီး ၁၉၉၆ ခုနှစ်ဝန်းကျင်က တနင်္သာရီကျွန်းစုပင်လယ်ပြင်လုံခြုံရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ရေယာဉ်များဖြစ်ကြောင်း မြန်မာ့တပ်မတော်နှင့် နီးစပ်သူများက ဆိုသည်။ ရခိုင်ပြည်နယ်တွင် ယင်းကဲ့ သို့ ကင်းလှည့်အမြန်ရေယာဉ်ငယ် များဖြင့် လုံခြုံရေးတိုးမြှင့်ဆောင် ရွက်နိုင်ပါက တရားမ၀င်ဝင် ရောက်လာမှုများကို ကာကွယ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

နိုင်ငံတော်သမ္မတထံသို့ တင်သွင်းခဲ့သော ရခိုင်စုံစမ်းစစ်ဆေး ရေးကော်မရှင်အစီအရင်ခံစာတွင် ရခိုင်ပြည် နယ်သည် အလွန်အချက်အချာကျပြီး ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်၍ ပင်လယ် ပြင်လုံခြုံရေးစိုးမိုးထားနိုင်ရန် တပ်မတော် (ရေ)အင်အားကို မဖြစ်မနေတိုးချဲ့ထားရမည်ဖြစ်ပြီး ကင်းလှည့် တိုက်ရေ ယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။

7Day DAILY 

No comments:

Post a Comment