Monday 20 October 2014

စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ အောက်တိုဘာ ၂၄ ရက်တွင် အဆိုပြုလွှာနောက်ဆုံးတင်ရမည်

Photo: စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ အောက်တိုဘာ ၂၄ ရက်တွင် အဆိုပြုလွှာနောက်ဆုံးတင်ရမည်
Monday, October 20, 2014

ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ ရွေး ကောက်ပွဲဝင်မည့် ကိုယ်စားလှယ် လောင်းများ အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားပြီး အဆိုပြု လွှာတင်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ၏ အဆိုပြုလွှာကို အောက်တိုဘာ ၂၄ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အဆိုပြုမည်ဟု မြို့တော်ခန်းမရှိ မြို့တော်ကော်မရှင် ဥက္ကဋ္ဌရုံးက သတင်းထုတ်ပြန်သည်။

၎င်းရွေးကောက်ပွဲမှ ကိုယ် စားလှယ်လောင်း ၁၁၂ ဦး ရွေး ချယ်သွားမည်ဖြစ်ပြီး ယင်းအထဲမှ အရေးပါသည့် ကော်မတီဝင် လေးဦးကို ပြန်လည်ရွေးချယ်မည် ဖြစ်သည်။

နှစ်ပေါင်း ၆၀ ကျော်မှ ပြန် လည် ရွေးကောက်ပွဲကျင်းပသည့် အဆိုပါ ရွေးကောက်ပွဲကို အများစုက မသိရှိသဖြင့်  ပွင့်လင်းမြင်သာစွာ စည်ပင်က ချပြနေသည်မှာ အားနည်းပြီး အများပြည်သူနှင့်နီးစပ်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ပြောသည်။

အဆိုပါ ရွေးကောက်ပွဲကို မဲပေးရန်အတွက် အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ မဲပေးခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်စည်ပင်သာယာရေး ကော်မတီအတွက် ၀င်ရောက်အ ရွေးချယ်ခံမည့် ကိုယ်စားလှယ် လောင်းအနေဖြင့် အသက်(၄၀) နှစ်မှ (၆၀)နှစ်အတွင်း ဖြစ်ရမည် ဟုသတ်မှတ်ထားပြီး မြို့နယ်စည် ပင်သာယာရေးကော်မတီမှ ၀င် ရောက်ရွေးချယ်ခံမည့် ကိုယ်စား လှယ်မှာ အသက်(၃၅)နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရမည်ဟုလည်း သတ်မှတ်ထားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ကော်မ တီဝင်ကိုယ်စားလှယ်လောင်းအ ဖြစ် အမည်စာရင်း တင်သွင်းခြင်း ဖြစ်ပါက မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း၊ ခရိုင်စည်ပင်သာယာ ရေးကော်မတီ ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းဖြစ်ပါက မှတ်ပုံ တင်ကြေး ကျပ်နှစ်သိန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်းအဖြစ် အ မည်စာရင်း တင်သွင်းခြင်းဖြစ်ပါ က မှတ်ပုံတင်ကြေးကျပ်တစ်သိန်း ပေးသွင်းရမည် ဖြစ်သည်။ ရွေး ချယ်ခံရပြီး ကော်မတီတွင် ထမ်း ဆောင်ရသည့် အဆင့်ဆင့်တာ ၀န်အလိုက် ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်တို့အတွက် ကုန်ကျငွေများကို ကော်မတီရန် ပုံငွေမှ ကျခံသုံးစွဲရမည်ဟုလည်း နည်းဥပဒေတွင် ဖော်ပြပါရှိသည်။ 

7Day DAILY 

ရန်ကုန်မြို့တော်ခန်းမရှေ့၌ စည်ပင်ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့တော်ခန်းမရှေ့၌ စည်ပင်ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) 
ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ ရွေး ကောက်ပွဲဝင်မည့် ကိုယ်စားလှယ် လောင်းများ အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားပြီး အဆိုပြု လွှာတင်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ၏ အဆိုပြုလွှာကို အောက်တိုဘာ ၂၄ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အဆိုပြုမည် ဟု  မြို့တော်ခန်းမရှိ မြို့တော်ကော်မရှင် ဥက္ကဋ္ဌရုံးက သတင်းထုတ်ပြန်သည်။

၎င်းရွေးကောက်ပွဲမှ ကိုယ် စားလှယ်လောင်း ၁၁၂ ဦး ရွေး ချယ်သွားမည်ဖြစ်ပြီး ယင်းအထဲမှ အရေးပါသည့် ကော်မတီဝင် လေးဦးကို ပြန်လည်ရွေးချယ်မည် ဖြစ်သည်။

နှစ်ပေါင်း ၆၀ ကျော်မှ ပြန် လည် ရွေးကောက်ပွဲကျင်းပသည့် အဆိုပါ ရွေးကောက်ပွဲကို အများစုက မသိရှိ သဖြင့်  ပွင့်လင်းမြင်သာစွာ စည်ပင်က ချပြနေသည်မှာ အားနည်းပြီး အများပြည်သူနှင့်နီးစပ်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ပြော သည်။

အဆိုပါ ရွေးကောက်ပွဲကို မဲပေးရန်အတွက် အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ မဲပေးခွင့် ရှိမည်ဖြစ်ေ ကြာင်း သိရသည်။

ခရိုင်စည်ပင်သာယာရေး ကော်မတီအတွက် ၀င်ရောက်အ ရွေးချယ်ခံမည့် ကိုယ်စားလှယ် လောင်းအနေဖြင့် အသက်(၄၀) နှစ်မှ (၆၀)နှစ်အတွင်း ဖြစ်ရမည် ဟုသတ်မှတ်ထားပြီး မြို့နယ်စည် ပင်သာယာရေးကော် မတီမှ ၀င် ရောက်ရွေးချယ်ခံမည့် ကိုယ်စား လှယ်မှာ အသက်(၃၅)နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရမည်ဟု လည်း သတ်မှတ်ထားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ကော်မ တီဝင်ကိုယ်စားလှယ်လောင်းအ ဖြစ် အမည် စာရင်း တင်သွင်းခြင်း ဖြစ်ပါက မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း၊ ခရိုင်စည်ပင်သာယာ ရေးကော်မတီ ကိုယ်စား လှယ် လောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းဖြစ်ပါက မှတ်ပုံ တင်ကြေး ကျပ်နှစ်သိန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်းအဖြစ် အ မည်စာရင်း တင်သွင်းခြင်းဖြစ်ပါ က မှတ်ပုံတင်ကြေးကျပ်တစ်သိန်း ပေးသွင်းရမည် ဖြစ်သည်။ ရွေး ချယ်ခံရပြီး ကော်မတီတွင် ထမ်း ဆောင်ရသည့် အဆင့်ဆင့်တာ ၀န်အလိုက် ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်တို့အတွက် ကုန်ကျငွေများကို ကော်မတီရန် ပုံငွေမှ ကျခံသုံးစွဲရမည်ဟုလည်း နည်းဥပဒေတွင် ဖော်ပြပါရှိသည်။ 

7Day DAILY 

No comments:

Post a Comment