Monday 20 October 2014

ဖားကန့် ဒေသခံသုံးဦး မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာရ

ဖားကန့်မြို့နယ် ကံစီ ကျေးရွာမှ ဒေသခံသုံးဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ရာဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသတင်းရရှိသည်။

‘‘ကံစီ အထကကျောင်း အနောက်ဘက်မှာနင်းမိတာ။ လေးတန်းကျောင်းသားတစ်ယောက်ပါတယ်’’ဟု ဖားကန့်ဒေသခံ ဦးမရန်လက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖားကန့်ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုခဲ့ ပြီး စခန်းမှူး အချုပ် ခန်း စစ်ဆေးရန် သွားရောက်နေ၍ အသေးစိတ် မပြောကြားနိုင်သေး ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါကံစီကျေးရွာတွင် ယခင်က ကေအိုင်အေတပ်ရင်း (၆)တပ်စွဲခဲ့ပြီး ယခုအခါတွင် အစိုးရတပ်စခန်းချထားကြောင်း ဒေသခံများကပြောသည်။

လက်ရှိ အချိန်တွင် ဖားကန့်ဒေသရှိ ကေအိုင်အေတပ်ရင်း(၆)အား အစိုးရတပ်က ဆုတ်ခွာခိုင်းခြင်းကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ  ဖြစ်ပေါ်နေသည်။

7Day DAILY 

No comments:

Post a Comment