Monday 20 October 2014

မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် မော်တင်စွန်းသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ် စတင်ပျံသန်း

Photo: မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် မော်တင်စွန်းသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ် စတင်ပျံသန်း
Monday, October 20, 2014

မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများနှင့် ပုသိမ်မော်တင်စွန်းဘုရားသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ်အား အောက်တိုဘာ ၂၄ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေပြု၍ Beech Craft လေယာဉ်နှင့် Grand Caravan လေယာဉ်အမျိုးအစားများဖြင့် ပုသိမ်မြို့သို့ ပုံမှန်ခရီးစဉ်နှင့် ရှုခင်းကြည့်ခရီးစဉ်အား ပျံသန်းခြင်းဖြစ်သည်။

“ချောင်းသာနဲ့ငွေဆောင် ပင်လယ်ကမ်းခြေတစ်လျှောက်နဲ့ မော်တင်စွန်းဘုရား ရှုခင်းတွေကို ဝေဟင်ကနေ ကြည့်ရှုနိုင်မှာပါ။ အပတ်စဉ် သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပုံမှန်ပျံသန်းသွားမှာပါ” ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်အတွက် ဈေးနှုန်းများမှာ ရန်ကုန်မှ ပုသိမ်မြို့သို့ ကျပ်သုံးသောင်းနှင့် ပုသိမ်မြို့မှ ကမ်းခြေရှုခင်းကြည့် ခရီးစဉ်အတွက် ကျပ်သုံးသောင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့မှ စတင်မည့် ခရီးစဉ်အသွားအပြန် တစ်ကြောင်းစာအတွက် ကျပ်ခြောက်သောင်းကျသင့်မည်ဖြစ်ပြီး၊ ပုသိမ်မြို့မှစတင်မည့် ရှုခင်းကြည့်ခရီးစဉ် သီးသန့်အတွက် ကျပ်သုံးသောင်း ကျသင့်မည်ဖြစ်သည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်များတွင် အမြင့်ပေ ၁၅ဝဝ ခန့်မှ ပျံသန်းပြသမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြင် ကျိုက်ထီးရိုးနှင့် ဘားအံမြို့ရှုခင်းကြည့် ခရီးစဉ်ကိုလည်း စီစဉ်ထားကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတင် လေယာဉ်ငယ်အဖြစ် အသုံးပြုနိုင်မည့် ဘက်စုံသုံးလေယာဉ်ငယ်များဖြစ်သည့် Beech Craft နှင့် Grand Caravan အမျိုးအစားလေယာဉ် စုစုပေါင်းလေးစင်းကို ၂ဝ၁၂ အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်များအား စင်းလုံးငှားခရီးစဉ်များအတွက်လည်း ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ကာ ခရီးသည် ၁၅ ယောက်ဆံ့ Beech Craft လေယာဉ်အား တစ်နာရီလျှင် ဒေါ်လာ ၁၉ဝဝ ဖြင့်လည်းကောင်း၊ Grand Caravan လေယာဉ်အား တစ်နာရီလျှင် ကျပ်ခုနစ်သိန်းခွဲဖြင့်လည်းကောင်း ငှားရမ်းနိုင်မည်ဟု သိရသည်။

Eleven Media Group 

ချောင်းသာကမ်းခြေအား ဝေဟင်မှ တွေ့မြင်ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ချောင်းသာကမ်းခြေအား ဝေဟင်မှ တွေ့မြင်ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများနှင့် ပုသိမ်မော်တင်စွန်းဘုရားသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ်အား အောက်တိုဘာ ၂၄ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် ရန်ကုန်အပြည်ပြည် ဆိုင် ရာလေဆိပ်ကို အခြေပြု၍ Beech Craft လေယာဉ်နှင့် Grand Caravan လေယာဉ်အမျိုးအစားများဖြင့် ပုသိမ်မြို့သို့ ပုံမှန်ခရီးစဉ်နှင့် ရှုခင်းကြည့်ခရီးစဉ်အား ပျံသန်းခြင်းဖြစ်သည်။

“ချောင်းသာနဲ့ငွေဆောင် ပင်လယ်ကမ်းခြေတစ်လျှောက်နဲ့ မော်တင်စွန်းဘုရား ရှုခင်းတွေကို ဝေဟင်ကနေ ကြည့်ရှုနိုင်မှာပါ။ အပတ်စဉ် သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပုံမှန်ပျံသန်းသွားမှာပါ” ဟု မြန်မာ့ေ လကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်အတွက် ဈေးနှုန်းများမှာ ရန်ကုန်မှ ပုသိမ်မြို့သို့ ကျပ်သုံးသောင်းနှင့် ပုသိမ်မြို့မှ ကမ်းခြေရှုခင်းကြည့် ခရီးစဉ်အတွက် ကျပ်သုံးသောင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့မှ စတင်မည့် ခရီးစဉ်အသွားအပြန် တစ်ကြောင်းစာအတွက် ကျပ်ခြောက်သောင်းကျသင့်မည်ဖြစ်ပြီး၊ ပုသိမ်မြို့မှစတင်မည့် ရှုခင်းကြည့်ခရီးစဉ် သီးသန့်အတွက် ကျပ်သုံးသောင်း ကျသင့်မည်ဖြစ်သည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်များတွင် အမြင့်ပေ ၁၅ဝဝ ခန့်မှ ပျံသန်းပြသမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြင် ကျိုက်ထီးရိုးနှင့် ဘားအံမြို့ရှုခင်းကြည့် ခရီးစဉ်ကိုလည်း စီစဉ်ထားကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတင် လေယာဉ်ငယ်အဖြစ် အသုံးပြုနိုင်မည့် ဘက်စုံသုံးလေ ယာဉ်ငယ်များဖြစ်သည့် Beech Craft နှင့် Grand Caravan အမျိုးအစားလေယာဉ် စုစုပေါင်းလေးစင်းကို ၂ဝ၁၂ အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်များအား စင်းလုံးငှားခရီးစဉ်များအတွက်လည်း ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ကာ ခရီးသည် ၁၅ ယောက်ဆံ့ Beech Craft လေယာဉ်အား တစ်နာရီလျှင် ဒေါ်လာ ၁၉ဝဝ ဖြင့်လည်းကောင်း၊ Grand Caravan လေယာဉ်အား တစ်နာရီလျှင် ကျပ်ခုနစ်သိန်းခွဲဖြင့်လည်းကောင်း ငှားရမ်းနိုင်မည်ဟု သိရသည်။

Eleven Media Group 

No comments:

Post a Comment