Monday 20 October 2014

ကာတာအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းရလဒ်နှင့်ပတ်သက်၍ ပရိသတ်များအလွန်အကျူးမဖြစ်ရန် နည်းပြချုပ်ဂတ်ဆီဇီ တောင်းဆို

Photo: ကာတာအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းရလဒ်နှင့်ပတ်သက်၍ 
ပရိသတ်များအလွန်အကျူးမဖြစ်ရန် နည်းပြချုပ်ဂတ်ဆီဇီ တောင်းဆို
Monday, October 20, 2014

မြန်မာ ယူ-၁၉အသင်းအနေဖြင့် အမြင့်ဆုံး ရည်မှန်းချက်အောင်မြင်အောင် လုပ် နိုင်ခဲ့ပြီး အာဆီယံအဆင့်ပြိုင်ပွဲမဟုတ် သည့် အာရှအဆင့်ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိရန် မလွယ်ကူသည့်အတွက် မြန်မာပရိသတ်များကို နားလည်ပေး ရန် နည်းပြချုပ်ဂတ်ဆီဇီက ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တောင်း ဆိုခဲ့သည်။

ယင်းကဲ့သို့ မြန်မာပရိသတ်များ ကို တောင်းဆိုရခြင်းသည် ဆီမီးဖိုင် နယ်တွင် မြန်မာယူ-၁၉အသင်း၏ ရလဒ်နှင့်ပတ်သက်၍ ပရိသတ်များ လက်မခံဘဲ မလိုလားအပ်သည့် ပြ ဿနာများဖြစ်ပွားမည်ကို စိုးရိမ်ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနည်းပြချုပ်ဂတ် ဆီဇီက ''ကျွန်တော်တို့အနေနဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက် ဖို့နဲ့ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင် ခွင့်ရဖို့ မှန်းထားတာပါ။ အခုဆိုရင် ရည်မှန်းချက်အောင်မြင်အောင် လုပ် ဆောင်နိုင်ခဲ့တဲ့ အတွက် ကာတာနဲ့ပွဲ က ဖိအားမရှိပါဘူး။ အာဆီယံအဆင့် ပြိုင်ပွဲမဟုတ်ဘဲ အာရှအဆင့်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပွဲတိုင်းအနိုင်ရဖို့ ဆို တာမလွယ်ကူပါဘူး။ ဒါကို ပရိသတ် တွေအနေနဲ့ နားလည်ပေးဖို့လိုပါ တယ်'' ဟုဆိုသည်။

ပြီးခဲ့သည် ကွာတားဖိုင်နယ် ယူအေအီးနှင့်ပွဲစဉ်တွင် မြန်မာအ သင်း(၁-ဝ)ဖြင့် အနိုင်ရရှိပြီးနောက် ပရိသတ် ရာဂဏန်းဝန်းကျင်ခန့်သည် ကွင်းအတွင်းသို့ဝင်ရောက်ကာ ယူ- ၁၉အသင်း၊ ဥက္ကဋ္ဌဦးဇော်ဇော်တို့ကို ပွေ့ဖက်ကာ ဂုဏ်ပြုခဲ့ကြသည့်အ တွက် ယင်းပွဲစဉ်ကို တာဝန်ယူကိုင် တွယ်ရသည့် ပြိုင်ပွဲကြီးကြပ်မှ အာရှ ဘောလုံးအဖွဲ့ချုပ်သို့ ပွဲအပြီးတွင် အစီရင်ခံစာတင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဒဏ်ငွေပြစ်ဒဏ်ကျခံရဖွယ်ရှိနေ သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက ''၇၇နှစ်ကြာမှ ယူ-၂ဝကမ္ဘာ့ ဖလားကို ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိ ခဲ့တဲ့အတွက် ကွင်းထဲ လာအားပေး တဲ့ ပရိသတ်တွေအပြင် တစ်နိုင်ငံလုံး က ပရိသတ်တွေပါ ပျော်ရွှင်မှာပါ။ ဒါပေမဲ့ ၂ဝ၁၁ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်တဲ့ အိုမန်နဲ့ပွဲမှာ ပရိသတ်တွေ အလွန်အကျူးအားပေးခဲ့လို့ ဒဏ် ရိုက်ခံရပြီး ၂ဝ၁၈ကမ္ဘာ့ ဖလားခြေ စစ်ပွဲ အပိတ်ခံထားရပါတယ်။ ဆီမီး ဖိုင်နယ်မှာလဲ မြန်မာအသင်းအနေနဲ့ ဘယ်လိုရလဒ်မျိုးထွက်ထွက် အလွန် အကျူးအားမပေးဖို့ မေတ္တာရပ်ခံချင် တာပါ''ဟု ဆိုသည်။

Democracytoday
မြန်မာ ယူ-၁၉အသင်းအနေဖြင့် အမြင့်ဆုံး ရည်မှန်းချက်အောင်မြင်အောင် လုပ် နိုင်ခဲ့ပြီး အာဆီယံ အဆင့် ပြိုင်ပွဲမဟုတ်သည့် အာရှအဆင့်ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိရန် မလွယ်ကူသည့်အတွက် မြန်မာပရိသတ် များ ကို နားလည်ပေးရန် နည်းပြချုပ်ဂတ်ဆီဇီကပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

ယင်းကဲ့သို့ မြန်မာပရိသတ်များကို တောင်းဆိုရခြင်းသည် ဆီမီးဖိုင် နယ်တွင် မြန်မာယူ-၁၉အသင်း၏ ရလဒ်နှင့် ပတ်သက်၍ ပရိသတ်များ လက်မခံဘဲ မလိုလားအပ်သည့် ပြ ဿနာများဖြစ်ပွားမည်ကို စိုးရိမ်ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနည်းပြချုပ်ဂတ် ဆီဇီက ''ကျွန်တော်တို့အနေနဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက် ဖို့နဲ့ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင် ခွင့်ရဖို့ မှန်းထားတာပါ။ အခုဆိုရင် ရည်မှန်းချက်အောင်မြင်အောင် လုပ် ဆောင်နိုင်ခဲ့တဲ့ အတွက် ကာတာနဲ့ပွဲ က ဖိအားမရှိပါဘူး။ အာဆီယံအဆင့် ပြိုင်ပွဲမဟုတ်ဘဲ အာရှအဆင့်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပွဲတိုင်းအနိုင်ရဖို့ ဆို တာမလွယ်ကူပါဘူး။ ဒါကို ပရိသတ် တွေအနေနဲ့ နားလည်ပေးဖို့လိုပါ တယ်'' ဟုဆိုသည်။

ပြီးခဲ့သည် ကွာတားဖိုင်နယ် ယူအေအီးနှင့်ပွဲစဉ်တွင် မြန်မာအ သင်း(၁-ဝ)ဖြင့် အနိုင်ရရှိပြီးနောက် ပရိသတ် ရာဂဏန်းဝန်းကျင်ခန့်သည် ကွင်းအတွင်းသို့ဝင်ရောက်ကာ ယူ- ၁၉အသင်း၊ ဥက္ကဋ္ဌဦးဇော်ဇော်တို့ကို ပွေ့ဖက်ကာ ဂုဏ်ပြုခဲ့ကြသည့်အ တွက် ယင်းပွဲစဉ်ကို တာဝန်ယူကိုင် တွယ်ရသည့် ပြိုင်ပွဲကြီးကြပ်မှ အာရှ ဘောလုံးအဖွဲ့ချုပ်သို့ ပွဲအပြီးတွင် အစီရင်ခံစာတင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဒဏ်ငွေပြစ်ဒဏ်ကျခံရဖွယ်ရှိနေ သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက ''၇၇နှစ်ကြာမှ ယူ-၂ဝကမ္ဘာ့ ဖလားကို ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိ ခဲ့တဲ့အတွက် ကွင်းထဲ လာအားပေး တဲ့ ပရိသတ်တွေအပြင် တစ်နိုင်ငံလုံး က ပရိသတ်တွေပါ ပျော်ရွှင်မှာပါ။ ဒါပေမဲ့ ၂ဝ၁၁ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်တဲ့ အိုမန်နဲ့ပွဲမှာ ပရိသတ်တွေ အလွန်အကျူးအားပေးခဲ့လို့ ဒဏ် ရိုက်ခံရပြီး ၂ဝ၁၈ကမ္ဘာ့ ဖလားခြေ စစ်ပွဲ အပိတ်ခံထားရပါတယ်။ ဆီမီး ဖိုင်နယ်မှာလဲ မြန်မာအသင်းအနေနဲ့ ဘယ်လိုရလဒ်မျိုးထွက်ထွက် အလွန် အကျူးအားမပေးဖို့ မေတ္တာ ရပ်ခံ ချင် တာပါ''ဟု ဆိုသည်။

Democracytoday

No comments:

Post a Comment