Monday 20 October 2014

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် ဖော်ဆောင်ရန် ဆန္ဒပြတောင်းဆို

Photo: ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် ဖော်ဆောင်ရန် ဆန္ဒပြတောင်းဆို
Monday, October 20, 2014

တပ်မတော် အရာရှိဟောင်းနှင့် အငြိမ်းစား အင်အား ၃၀ ခန့်က ဖက်ဒရယ် စနစ်ဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စု တပ်မတော် တစ်ရပ် ပုံဖော်ပေး ရန် အောက်တိုဘာလ ၁၉ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္ဈိမကို ပြောသည်။

၎င်းက "ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားတဲ့ မူဝါဒအတိုင်း တိုင်းရင်းသားအားလုံး ကိုယ်စားပြုတဲ့ တပ်မတော်၊ ပြည်သူလေးစားရတဲ့ တပ်မတော်တစ်ခုအဖြစ် ဖော်ဆောင်ပေးဖို့ တောင်းဆိုတာပါ" ဟု ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလိုလားသည့် တပ်မတော်တစ်ရပ် ထူထောင်ပေးရန် ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ တောင်းဆိုတဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု တပ်မတော်ကို ဆိုလိုတာဖြစ်တယ်။ တိုင်းရင်းသားတွေ အချိုးကျပါဝင်တဲ့ တပ်မတော်ဖြစ်မှသာ ပြည်ထောင်စု တပ်မတော်ဖြစ်မှာ ဖြစ်တယ်" ဟု ဦးနေမျိုးဇင်က ပြောသည်။

တိုင်းရင်းသားများ လက်ခံထားသည့် ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့ကို ဆိုလိုခြင်းဖြစ်ပြီး တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ စစ်မှန်သော၊ တန်းတူညီတူရှိသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော
ဖက်ဒရယ်တပ်မတော် ဖြစ်သည်။

မြန်မာ့လူမှုဘဝဖွံဖြိုးတိုးတက်ရေး အသင်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ ထောင်ကျခံနေရသည့် တပ်မတော်သားများကို ပြန်လွှတ်ပေးရန်၊ ပရော်ဖက်ရှင်နယ်ကျသော တပ်မတော်အဖြစ် ထူထောင်ပေးရန်၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရာတွင် တပ်မတော်က တာဝန်သိသိဖြင့် ပါဝင်ရန်၊ ပြည်သူများလေးစားသည့် တပ်မတော်အဖြစ် အကောင်အထည်ဖော်ပေးရန်တို့ကို အောက်တိုဘာ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် အသွင်ပြောင်းရေးတွင် အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ကအောက်တိုဘာလ တတိယပတ်အတွင်းက သတင်းသမားအချို့နှင့် သီးသန့်တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။

"ကျွန်တော်တို့က စံမီတဲ့ ပရော်ဖက်ရှင်နယ် မြန်မာ့တပ်မတော်ဖြစ်ဖို့ ပြောပါတယ်။ အဲဒီမှာ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေတွေ၊
အရပ်သားတွေကို ထိန်းချုပ်မှုဆိုင်ရာတွေ၊ မှန်ကန်တဲ့ အမိန့်နဲ့ စည်းကမ်းကိစ္စတွေ၊ ပွင့်လင်းမြင်သာမှု၊ တပ်ရဲ့လုပ်နိုင်စွမ်းဆိုင်ရာတွေကို ပြောဆိုဆွေးနွေးတာတွေ ရှိပါတယ်။ "တခြားဘာမှ ဖုံးကွယ်ထားစရာလည်း မရှိပါဘူး။ မြန်မာ့တပ်မတော်ကို နည်းပညာနဲ့ လက်နက်တွေ ထောက်ပံ့တာ မရှိပါဘူး" ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့တပ်မတော်ကို စတင်ထူထောင်ခဲ့သည့် ဗိုလ်ချုပ်၏ ရည်ရွယ်ချက်များ၊ တပ်မတော်၏ သမိုင်းကြောင်းများကို မော်တော်ယာဉ်ပေါ်တွင် ပြဇာတ်အသွင်ဖြင့် နိုဝင်ဘာလတွင် လှည့်လည်ပြသကာ စည်းရုံးလှုံ့ဆော်သွားမည် ဖြစ်သည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇)တွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ဖော်ပြပါရှိသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့တော်၊ ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ပေးရေး ဆန္ဒ ပြနေသည့် မြန်မာ့လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - နေမျိုးဇင်)
ရန်ကုန်မြို့တော်၊ ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ပေးရေး ဆန္ဒ ပြနေသည့် မြန်မာ့လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - နေမျိုးဇင်) 
တပ်မတော် အရာရှိဟောင်းနှင့် အငြိမ်းစား အင်အား ၃၀ ခန့်က ဖက်ဒရယ် စနစ်ဖြင့် တည်ဆောက် ထားသည့် ပြည်ထောင်စု တပ်မတော် တစ်ရပ် ပုံဖော်ပေး ရန် အောက်တိုဘာလ ၁၉ ရက်က ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္ဈိမကို ပြောသည်။

၎င်းက "ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားတဲ့ မူဝါဒအတိုင်း တိုင်းရင်းသားအားလုံး ကိုယ်စားပြုတဲ့ တပ် မတော်၊ ပြည်သူလေးစားရတဲ့ တပ်မတော်တစ်ခုအဖြစ် ဖော်ဆောင်ပေးဖို့ တောင်းဆိုတာပါ" ဟု ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်နံနက် ၁၀ နာရီတွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလိုလားသည့် တပ်မတော်တစ်ရပ် ထူထောင်ပေးရန် ဗီနိုင်းများကိုင်ဆောင် ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ တောင်းဆိုတဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဖက်ဒရယ် စနစ်နဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု တပ်မတော်ကို ဆိုလိုတာဖြစ်တယ်။ တိုင်းရင်းသားတွေ အချိုးကျပါဝင်တဲ့ တပ်မတော်ဖြစ်မှသာ ပြည်ထောင်စု တပ်မတော်ဖြစ်မှာ ဖြစ်တယ်" ဟု ဦးနေမျိုးဇင်က ပြော သည်။

တိုင်းရင်းသားများ လက်ခံထားသည့် ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့ကို ဆိုလိုခြင်းဖြစ်ပြီး တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ စစ်မှန်သော၊ တန်းတူညီတူရှိသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော
ဖက်ဒရယ်တပ်မတော် ဖြစ်သည်။

မြန်မာ့လူမှုဘဝဖွံဖြိုးတိုးတက်ရေး အသင်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ ထောင်ကျ ခံနေရသည့် တပ်မတော်သားများကို ပြန်လွှတ်ပေးရန်၊ ပရော်ဖက်ရှင်နယ်ကျသော တပ်မတော်အဖြစ် ထူထောင်ပေးရန်၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရာတွင် တပ်မတော် က တာဝန်သိသိဖြင့် ပါဝင်ရန်၊ ပြည်သူများလေးစားသည့် တပ်မတော်အဖြစ် အကောင်အထည်ဖော်ပေး ရန်တို့ကို အောက်တိုဘာ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် အသွင်ပြောင်းရေးတွင် အမေရိကန်၏ ပူးပေါ င်းေ ဆာင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် ကအောက် တိုဘာလ တတိယပတ်အတွင်းက သတင်းသမားအချို့နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။

"ကျွန်တော်တို့က စံမီတဲ့ ပရော်ဖက်ရှင်နယ် မြန်မာ့တပ်မတော်ဖြစ်ဖို့ ပြောပါတယ်။ အဲဒီမှာ လူ့အခွင့် အရေး ဆိုင်ရာ ဥပဒေတွေ၊ အရပ်သားတွေကို ထိန်းချုပ်မှုဆိုင်ရာတွေ၊ မှန်ကန်တဲ့ အမိန့်နဲ့ စည်းကမ်းကိစ္စတွေ၊ ပွင့်လင်းမြင်သာမှု၊ တပ်ရဲ့လုပ်နိုင်စွမ်းဆိုင်ရာတွေကို ပြောဆိုဆွေးနွေးတာတွေ ရှိပါတယ်။ "တခြားဘာမှ ဖုံးကွယ်ထားစရာလည်း မရှိပါဘူး။ မြန်မာ့တပ်မတော်ကို နည်းပညာနဲ့ လက်နက်တွေ ထောက်ပံ့တာ မရှိပါ ဘူး" ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့တပ်မတော်ကို စတင်ထူထောင်ခဲ့သည့် ဗိုလ်ချုပ်၏ ရည်ရွယ်ချက်များ၊ တပ်မတော်၏ သမိုင်းကြောင်းများကို မော်တော်ယာဉ်ပေါ်တွင် ပြဇာတ် အသွင်ဖြင့် နိုဝင်ဘာလတွင် လှည့်လည်ပြသကာ စည်းရုံးလှုံ့ဆော်သွားမည် ဖြစ်သည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇)တွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ဖော်ပြပါရှိသည်။

Mizzima - News in Burmese 

No comments:

Post a Comment