Monday 20 October 2014

အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၆ မှသာ ဖြစ်လာနိုင်ဟု MPC ပြော

အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ၂၀၁၆ မှသာ ဖြစ်လာနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)နှင့် လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံပွဲအတွင်း MPC ဘက်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ လွှတ်တော်ကိုယ်စား လှယ်များ လက်ရှိထက် ပိုပါဝင်နိုင်ရေး ကဏ္ဍ တစ်ခုဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။

အောက်တိုဘာ ၁၈၊ ၁၉ နှစ်ရက်ကြာ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ‘‘ပြည်တွင်းငြိမ်း ချမ်းရေးအတွက် လွှတ်တော်ရဲ့ အခန်းကဏ္ဍ’’အမည်နှင့် ဆွေး နွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် MPC တာဝန်ရှိသူများက ပြောကြားရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများသည် ၂၀၁၆ ခုနှစ်ကျ မှသာ ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ သည်ဟု တက်ရောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် များက ဆိုသည်။

‘‘ပြည်တွင်း ပဋိပက္ခအနေအထားက အနှစ်ခြောက်ဆယ် လောက် ကြာလာခဲ့ပြီဆိုတော့ တချို့က မြန်မြန်ငြိမ်း ချမ်းရေး ယူချင်တယ်၊ တချို့ကကျတော့လည်း အမှားပါမှာစိုးလို့ အချိန်ယူချင်တယ်ဆိုတာတွေ ရှိနေတယ်လို့ MPC ဘက်က ရှင်းပြတယ်။ နောက်ပြီး နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေကို ၂၀၁၆ လောက် ကျမှ လုပ်နိုင်တော့မယ့် အနေအ ထားကိုလည်း ပြောခဲ့တယ်’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစောသိန်းအောင်က ပြောသည်။

မြန်မာ့လွှတ်တော်နှစ်ရပ် တွင် ငြိမ်းချမ်းရေးနှင့် ဆိုင်သည့် ကော်မတီများ အသီးသီးရှိကြသည်။ ပြည်သူ့ လွှတ်တော်၌ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူနေမှု ဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းေ ရးဖော်ဆောင် ရေးကော်မတီရှိသည်။ အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသား ရေးရာ ပဋိပက္ခဖြေလျှော့ေ ရးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းကော်မ တီဟူ၍ ရှိသည်။ သို့သော် လွှတ်တော်ကော်မတီများ အနေဖြင့် လက်ရှိငြိမ်း ချမ်းရေး လုပ်ငန်းစဉ် တွင် တက်ကြွမြင်သာသည့် အနေအထားဖြင့် လှုပ်ရှားနိုင်စွမ်းမရှိ ဟူ၍ ဝေဖန်မှုများလည်း ရှိနေ သည်။

 အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)တွင်ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူနေမှုဘဝ မြှင့်တင်ရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ပါဝင်နေခြင်း၊ လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်အချို့ ပါဝင်နေခြင်းကို ထောက်ပြ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လွှတ်တော်ပါဝင်နေပါကြောင်း အစိုးရဘက်က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ဆွေးနွေးပွဲများတွင် UPWC ဘက်မှနေ၍ ဦးသိန်းဇော် အပါအဝင် လွှတ်တော် ကိုယ် စားပြု စုစုပေါင်းသုံးဦး ပါဝင်တက်ရောက်နေကြသည်။ သို့ရာ တွင် လွှတ်တော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း နိုင်ငံရေးလေ့လာ သူအချို့က ဝေဖန် အကြံပြုမှုများ ရှိ၏။

‘‘UPWC မှာ လွှတ်တော် ကိုယ်စားလှယ်တချို့က နာမည်ပဲ စာရင်းမှာပါတယ်။ တကယ် ဆွေးနွေးပွဲတွေမှာ သိပ်ပြီး ပါဝင်နိုင်တဲ့ အနေအထား မတွေ့ရဘူး။ ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်ဒေသက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ် သက်ပြီး မေးလာရင် အကြမ်းဖျင်းလောက်ပဲ ပြန်ပြောပြနိုင်တာမျိုး ရှိတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်က ပိုပါဝင်နိုင်အောင် ကဏ္ဍတစ်ခု၊ အခန်းတစ်ခန်း ဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြတယ်’’ဟု ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြု ဦးစောသိန်းအောင်က ပြောသည်။

UPWC ကို နည်းပညာအ ထောက်အကူပေးရန် အနေအထားဖြင့် MPCကို ဝန်ကြီး ဦးအောင်မင်းဦးဆောင်၍ တည်ထောင်ထားခြင်း ဖြစ်သည်။ လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် MPC က ပုံမှန် တက်ရောက် ပါဝင်နေသည်။ MPC နှင့် လွှတ်တော်ကိုယ်စားလှယ်ကြား ယခုတွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်  သုံးဆယ်ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

‘‘ဝန်ကြီး ဦးအောင်မင်းအ နေနဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ် က  ဥက္ကဋ္ဌတွေနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ဆောင်နေတာရယ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နိုင်ခြေရယ်၊ လွှတ်တော်များ၏ အခန်းကဏ္ဍနဲ့ MPC က တင်ပြခဲ့တယ်။ နိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်သူတွေ လွှတ်တော်မှာ ပါနေတယ်။ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ ကြပါတယ်။ ဒါမျိုး လုပ်ပေးစေချင်တယ်လို့ သူတို့က ပြောကြတယ်’’ဟု MPC အကြီးတန်းအ ကြံပေး ဦးလှမောင်ရွှေက ပြော သည်။

UPWC နှင့် NCCT ကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA)လက်မှတ်ရေးထိုးခြင်း၊ မူဘောင်ရေးဆွဲခြင်းနှင့် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများ ကျင်းပခြင်းဟူသည့် အဆင့်သုံးဆင့်ရှိသည်။ သို့သော် လက်ရှိတွင် NCA ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးနေ ဆဲ အဆင့် သာရှိသေးသည်။

7Day DAILY 

No comments:

Post a Comment