Monday 20 October 2014

ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိသည့် စားသောက်ဆိုင်နှင့် ဟိုတယ်များ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထားခြင်းကို မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားစွဲဆို သွားမည်

Photo: ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိသည့် စားသောက်ဆိုင်နှင့် ဟိုတယ်များ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထားခြင်းကို မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားစွဲဆို သွားမည်
Monday, October 20, 2014

ရန်ကုန်မြို့တော်ရှိ ကန်တော်ကြီးရေပြင် ကြည်လင်သန့်ရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ငွေကျပ် သိန်းပေါင်းများစွာ သုံးစွဲ ဆောင်ရွက်လျက် ရှိပြီး
ကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက် ဆိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထား ခဲ့သော်လည်း လိုက်နာမှု မရှိသော စားသောက်ဆိုင်နှင့် ဟိုတယ်များကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်၏ ပြောကြားချက် အရ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက်ဆိုင်များမှ မီးဖိုချောင် စွန့်ပစ်ရေဆိုး များကို ကန်တော်ကြီး ရေပြင်ထဲသို့ တိုက်ရိုက် စွန့်ထုတ်မှုများ ရှိနေသည့် အတွက် ရေပြင် ညစ်ညမ်းမှု မဖြစ်ပေါ်စေရန် ရေဆိုးစွန့်ထုတ်မှု စနစ်ငယ်များ တပ်ဆင် အသုံးပြုပြီး သန့်စင်သွားသည့် ရေကို စွန့်ထုတ် စေခြင်းနှင့် ရေလွှဲမြောင်းမကြီးမှ တစ်ဆင့် ရန်ကုန်မြစ်ထဲသို့ တိုက်ရိုက် စွန့်ထုတ်သည့် စနစ်များကို ၂ဝ၁၂ ခုနှစ် သြဂုတ်လက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်နေသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိနေသည့် ဟိုတယ်တစ်ခုမှာ ယခုအချိန်အထိ လိုက်နာ ဆောင်ရွက်ခြင်း မရှိသေးသည့် အတွက် စည်ပင်သာယာ ဥပဒေနှင့် အညီ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ အသိပေး အကြောင်း ကြားပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု) ဌာနမှ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ရေပြင် ကြည်လင်ရေး အတွက် ဂျပန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ လှူဒါန်းထားသည့် စက်ပစ္စည်းများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမေရိကန်နိုင်ငံမှ ထုတ်သည့် ဆေးဖျန်းအပြီး စိမ်းနေသော ရေညှိသတ်ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိကာ နေရောင်ခြည် စွမ်းအင်ဖြင့် ရေသန့်သည့် နည်းလမ်းကိုလည်း သုံးစွဲနေကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့တော်ရှိ ကန်တော်ကြီးရေပြင် ကြည်လင်သန့်ရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ငွေကျပ် သိန်းပေါင်းများစွာ သုံးစွဲ ဆောင်ရွက်လျက် ရှိပြီးကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက် ဆိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထား ခဲ့သော်လည်း လိုက်နာမှု မရှိသော စားသောက်ဆိုင်နှင့် ဟိုတယ်များကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်၏ ပြောကြားချက် အရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက်ဆိုင်များမှ မီးဖိုချောင် စွန့်ပစ်ရေဆိုး များကို ကန်တော်ကြီး ရေပြင်ထဲသို့ တိုက်ရိုက် စွန့်ထုတ် မှုများ ရှိနေသည့် အတွက် ရေပြင် ညစ်ညမ်းမှု မဖြစ်ပေါ်စေရန် ရေဆိုးစွန့်ထုတ်မှု စနစ်ငယ်များ တပ်ဆင် အသုံးပြုပြီး သန့်စင်သွားသည့် ရေကို စွန့်ထုတ် စေခြင်းနှင့် ရေလွှဲမြောင်းမကြီးမှ တစ်ဆင့် ရန်ကုန်မြစ်ထဲသို့ တိုက်ရိုက် စွန့်ထုတ်သည့် စနစ်များကို ၂ဝ၁၂ ခုနှစ် သြဂုတ်လက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်နေသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိနေသည့် ဟိုတယ်တစ်ခုမှာ ယခုအချိန်အထိ လိုက်နာ ဆောင်ရွက်ခြင်း မရှိသေးသည့် အတွက် စည်ပင်သာယာ ဥပဒေနှင့် အညီ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ အသိပေးအကြောင်းကြားပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု) ဌာနမှ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ရေပြင် ကြည်လင်ရေး အတွက် ဂျပန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ လှူဒါန်းထားသည့် စက်ပစ္စည်းများဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမေရိကန်နိုင်ငံမှ ထုတ်သည့် ဆေးဖျန်းအပြီး စိမ်းနေသော ရေညှိသတ်ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိကာ နေရောင်ခြည် စွမ်းအင်ဖြင့် ရေသန့်သည့် နည်းလမ်းကိုလည်း သုံးစွဲနေကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment