Monday 20 October 2014

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာ လအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ၀င်ရောက်မှုမြင့်တက်လာ

Photo: ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာ လအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ၀င်ရောက်မှုမြင့်တက်လာ
Monday, October 20, 2014

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့ မှော်ဇာကျေးရွာအုပ်စုတွင်းရှိ ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အဆမတန် များပြားခဲ့ကြောင်း သိရသည်။

သြဂုတ်လပိုင်းမှစ၍ များပြားလာခဲ့ခြင်းဖြစ်ပြီး ယခုလပိုင်းတွင်း သီတင်းကျွတ်ကာလတွင်း အ၀င်များပြားခဲ့ခြင်းဖြစ်ကြောင်း ဘူတန်နိုင်ငံ၊ အာဖရိကန်နိုင်ငံများမှပါ ထူးထူးခြားခြား လာရောက်ခဲ့ကြောင်း အများဆုံး အမေရိကန်၊ ဂျာမန်၊ နယူးဇီလန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ နီပေါ၊ ယိုးဒယားနိုင်ငံတို့မှလည်း လာရောက်လေ့ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး (ပြည်ဌာနစု) လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။

“ပြည်တွင်းအ၀င်ကတော့ သီတင်းကျွတ်ကာလမှာကို ပိုများတာတွေ့ရတယ်။ ပြည်ပလည်း အခုလလယ်မှာ ကိုအရင်လတွေထက်များတယ်။ ပိတ်ရက်တွေဖြစ်ပေမယ့် ခရီးသွားကားကြီးတွေနဲ့ ရောက်လာတဲ့အခါမှာ နိုင်ငံတကာက လာရတယ်ဆိုတဲ့ အသိနဲ့ ဖွင့်ပေးလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ပြည်က ပြတိုက်ရောက်မှ ပိတ်ရက်တိုးလို့ မလေ့လာလိုက်ရဘူးဆိုရင် စိတ်ကောင်းမှာမဟုတ်ဘူး။ ဒီမနက်ကို ကားလေးစီးလောက်လာတယ်။ နိုင်ငံခြားသား ၅၀ လောက်ဆိုတော့ လိုက်ရှင်းပြရတာ မနိုင်တော့ဘူး။ ၀န်ထမ်းအင်အား နည်းပါးတာကြောင့် မဖြစ်သင့်တာမဖြစ်ရအောင် ဂရုစိုက်ရတဲ့နေရာမှာ အခက်ခဲလေးတွေတော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်တွင်း ပြည်ပ ၄၅၆၄ ဦး၊ ပြည်တွင်း ၁၀၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး သြဂုတ်လတွင် ၁၉၃ ဦး စက်တင်ဘာလတွင် ၃၇၀ အောက်တိုဘာ ၁၇ ရက်အထိ ပြည်ပ ၄၀၄ ဦး၊ ပြည်တွင်း ၃၆၁၉ ဦး ၀င်ရောက်ခဲ့ကာ ၁၉၉၅-၁၉၉၆ တစ်နှစ်လုံးတွင် ပြည်ပ ၃၄ ဦးနှင့် ပြည်တွင်း ၁၇၁၅ ဦးသာ ၀င်ရောက်ခဲ့သည့် အခြေနေသာရှိကြောင်း သိရသည်။ 

Eleven Media Group 

သရေခေတ္တရာ ရှေးဟောင်းဇုန်နှင့် ပြတိုက်သို့ လာရောက်လေ့လာနေသူများအား တွေ့ရစဉ်
သရေခေတ္တရာ ရှေးဟောင်းဇုန်နှင့် ပြတိုက်သို့ လာရောက်လေ့လာနေသူများအား တွေ့ရစဉ်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့ မှော်ဇာကျေးရွာအုပ်စုတွင်းရှိ ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အဆ မတန် များပြား ခဲ့ကြောင်း သိရသည်။

သြဂုတ်လပိုင်းမှစ၍ များပြားလာခဲ့ခြင်းဖြစ်ပြီး ယခုလပိုင်းတွင်း သီတင်းကျွတ်ကာလတွင်း အ၀င်များပြား ခဲ့ခြင်းဖြစ်ကြောင်း ဘူတန်နိုင်ငံ၊ အာဖရိကန်နိုင်ငံများမှပါ ထူးထူးခြားခြား လာရောက်ခဲ့ကြောင်း အများဆုံး အမေရိကန်၊ ဂျာမန်၊ နယူးဇီလန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ နီပေါ၊ ယိုးဒယားနိုင်ငံတို့မှလည်း လာရောက်လေ့ ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး (ပြည်ဌာနစု) လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။

“ပြည်တွင်းအ၀င်ကတော့ သီတင်းကျွတ်ကာလမှာကို ပိုများတာတွေ့ရတယ်။ ပြည်ပလည်း အခုလလယ်မှာ ကိုအရင်လတွေထက်များတယ်။ ပိတ်ရက်တွေဖြစ်ပေမယ့် ခရီးသွားကားကြီးတွေနဲ့ ရောက်လာတဲ့အခါမှာ နိုင်ငံတကာက လာရတယ်ဆိုတဲ့ အသိနဲ့ ဖွင့်ပေးလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ပြည်က ပြတိုက်ေ ရာက်မှ ပိတ်ရက်တိုးလို့ မလေ့လာလိုက်ရဘူးဆိုရင် စိတ်ကောင်းမှာမဟုတ်ဘူး။ ဒီမနက်ကို ကားလေး စီးလောက်လာတယ်။ နိုင်ငံခြားသား ၅၀ လောက်ဆိုတော့ လိုက်ရှင်းပြရတာ မနိုင်တော့ဘူး။ ၀န်ထမ်း အင်အား နည်းပါးတာကြောင့် မဖြစ်သင့်တာမဖြစ်ရအောင် ဂရုစိုက်ရတဲ့နေရာမှာ အခက်ခဲလေးတွေတော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်တွင်း ပြည်ပ ၄၅၆၄ ဦး၊ ပြည်တွင်း ၁၀၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး သြဂုတ် လတွင် ၁၉၃ ဦး စက်တင်ဘာလတွင် ၃၇၀ အောက်တိုဘာ ၁၇ ရက်အထိ ပြည်ပ ၄၀၄ ဦး၊ ပြည်တွင်း ၃၆၁၉ ဦး ၀င်ရောက်ခဲ့ကာ ၁၉၉၅-၁၉၉၆ တစ်နှစ်လုံးတွင် ပြည်ပ ၃၄ ဦးနှင့် ပြည်တွင်း ၁၇၁၅ ဦးသာ ၀င်ရောက်ခဲ့သည့် အခြေနေသာရှိကြောင်း သိရသည်။ 

Eleven Media Group 

No comments:

Post a Comment