Monday 20 October 2014

နိုင်ငံသားစိစစ်ခြင်းကို ရခိုင်သာမကဘဲ တစ်နိုင်ငံလုံး ဆောင်ရွက်ရန် ရခိုင်အမျိုးသားအင်အားစုများ တောင်းဆို

၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သားအင်အားစုများက တောင်းဆို လိုက်သည်။

နိုင်ငံသားနှင့် နိုင်ငံသားပြု ခွင့်ရသူများဆိုင်ရာဥပဒေ အလုပ် ရုံဆွေးနွေးပွဲကို စစ်တွေမြို့တွင် အောက်တိုဘာ ၁၈ ရက်မှစတင် ၍ နှစ်ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အလုပ်ရုံ ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သော ကြေညာချက် ၌  ရခိုင်ပြည်နယ်မှ  တစ်ဆင့် မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိသွား ကြကာ နိုင်ငံသားအဖြစ် ရရှိနေ သော ဘင်္ဂါလီလူမျိုးများရှိနေပြီး တရားမ၀င် ထပ်မံဝင်ရောက်လာ ရန် ၎င်းတို့က အခြေခံအဖြစ်ရှိနေ သည့်အတွက် ဘင်္ဂါလီလူမျိုးများ ၏ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသားပြု ခွင့် တရားဝင်မှု/မ၀င်မှုကို တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန် လည် စိစစ်ပေးရန် တောင်းဆို ထားသည်။

ထို့အပြင် မြေပုံမြို့နယ်တွင် ပြုလုပ်ခဲ့သော နိုင်ငံသားစိစစ် ခြင်းလုပ်ငန်းများကို ဥပဒေလုပ် ထုံးလုပ်နည်း များနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ဆောင်ရွက်ရန် လိုအပ် ကြောင်းလည်း ရခိုင်အမျိုးသား အင်အားစုများက သုံးသပ်သည်။

၁၉၈၂ နိုင်ငံသားဥပဒေအ ကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) မှ အထောက်အကူပေးရန်လည်း ကြေညာချက်တွင် တိုက် တွန်း ထား သည်။

ယင်းကြေညာချက်တွင် ရခိုင်ပြည်နယ်ရှိဘင်္ဂါလီလူမျိုးများ နိုင်ငံသားဖြစ်သင့်၊ ပြုခွင့်ကို ဥပဒေနှင့်အညီ တိတိ ကျကျ စိစစ် သတ်မှတ်ပေးပြီး ဥပဒေနှင့် မညီ ညွတ်သူများကို တရားမ၀င် ၀င် ရောက်လာသူများအဖြစ် ထိ ရောက်စွာ အရေးယူဆောင်ရွက် ပေးရန်လည်း တောင်းဆိုထား သည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်း လုပ်ငန်းများကို ပြီးခဲ့သည့် ဇွန်လ လယ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံ သားပြုခွင့် ၁၆၉ ဦး ရရှိခဲ့သည်။

ဒေသခံများကမူ ယင်းအထဲ တွင် သက်သေအထောက်အထား မခိုင်လုံသူများ၊ တိုင်းရင်းသား ဘာသာ စကား မပြောတတ်သူ များ ပါဝင်နေကြောင်း ဝေဖန်ပြော ဆိုထားသည်။

၁၉၈၂ ဥပဒေအလုပ်ရုံဆွေး နွေးပွဲသို့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှ လူထုကိုယ်စား လှယ်များ ဥပဒေပညာရှင်များ၊ ANP ပါတီဝင်များ တက်ရောက် ခဲ့သည်။

7Day DAILY 

No comments:

Post a Comment