Monday 20 October 2014

နိုဝင်ဘာတွင်လာမည့် ကန်သမ္မတအိုဘားမားတည်းခိုရန် Hilton နေပြည်တော် အပါအဝင် ဟိုတယ်သုံးခုအားကမ်းလှမ်းထား

Photo: နိုဝင်ဘာတွင်လာမည့် ကန်သမ္မတအိုဘားမားတည်းခိုရန် Hilton နေပြည်တော် အပါအဝင် ဟိုတယ်သုံးခုအားကမ်းလှမ်းထား
Monday, October 20, 2014

လာ မည့် နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် (၂၅)ကြိမ်မြောက် အာဆီယံ Summit သို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘား မား တည်းခိုနိုင်ရန်အတွက် နေပြည်တော်ရှိံငူအသည နေပြည်တော်ဟိုတယ်နှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း ၄င်းဟိုတယ်ပိုင်ရှင် ဧဒင်ဂရုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

''ဝါရှင်တန်က အဖွဲ့တွေကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လာရောက် စစ် ဆေးမှုတွေ လုပ်သွားပါတယ်။ Hilton နေ ပြည်တော်အပါအဝင် ဟိုတယ်သုံးခုကို သူ တို့သံရုံးဘက်က ကမ်းလှမ်းထားတယ်လို့ သိရတယ်။ ဘယ်မှာတည်းဖြစ်မလဲတော့ အ တိအကျ ပြောလို့မရသေးဘူး။ ညှိနှိုင်းနေ တုန်းပဲ'' ဟု ယင်းက ဆက်ပြောသည်။

အဆိုပါဟိုတယ်သုံးခုမှာ Hiton နေပြည်တော်၊ သင်္ဂဟဟိုတယ်နှင့် Kempinski ဟိုတယ်တို့ဖြစ်ပြီး လက်ရှိအနေအ ထားအရတော့ Hilton Naypyitaw တွင် တရုတ်နိုင်ငံအကြီးအကဲနှင့် ကုလသမဂ္ဂ အ ထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီ မွန်းတို့တည်းခိုရန် အကြမ်းဖျဉ်း သဘော တူညီမှု ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည့် အမေရိကန်အခြေ စိုက် Hilton Worldwide လုပ်ငန်းစုနှင့် မြန်မာဘက်မှ ဧဒင်ဂရုပ်တို့၏ Hilton နေ ပြည်တော်ဟိုတယ်၌ နိုင်ငံတကာမှ အကြီး အကဲများ တည်းခိုနိုင်မည့် အခန်းများအ ပါအဝင် အခန်းပေါင်း ၂ဝဝ ကျော် ပါဝင်ပြီး ပေပေါင်း ၂ဝဝဝ ကျော် ကျယ်ဝန်းသည့် နိုင်ငံ တော်သမ္မတ တည်းခိုရာနေရာသည် တစ် ရက်လျှင် အကြမ်းဖျင်း ကန်ဒေါ်လာ ၁၆၅ဝ ဝန်းကျင်ရှိကြောင်း သိရသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်းမှာ ပင် အမေရိကန်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်း စုတစ်ခုဖြစ်သည့် GE လုပ်ငန်းစုမှ စီအီး အိုအပါအဝင်၂၅ ဦးလည်း တည်းခိုရန်ရှိ နေသည်ဟု ဆိုသည်။

Yangon Media Group 

ဓါတ်ပုံ - Hilton နေပြည်တော်ကို တွေ့မြင်ရစဉ်။
ဓါတ်ပုံ - Hilton နေပြည်တော်ကို တွေ့မြင်ရစဉ်။
လာ မည့် နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် (၂၅)ကြိမ်မြောက် အာဆီယံ Summit သို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမား တည်းခိုနိုင်ရန်အတွက် နေပြည်တော်ရှိံငူအသည နေပြည်တော် ဟို တယ်နှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း ၄င်းဟိုတယ်ပိုင်ရှင် ဧဒင်ဂရုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

''ဝါရှင်တန်က အဖွဲ့တွေကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လာရောက် စစ် ဆေးမှုတွေ လုပ်သွားပါတယ်။ Hilton နေ ပြည်တော်အပါအဝင် ဟိုတယ်သုံးခုကို သူ တို့သံရုံးဘက်က ကမ်းလှမ်း ထား တယ် လို့ သိရတယ်။ ဘယ်မှာတည်းဖြစ်မလဲတော့ အ တိအကျ ပြောလို့မရသေးဘူး။ ညှိနှိုင်းနေ တုန်းပဲ'' ဟု ယင်းက ဆက်ပြောသည်။

အဆိုပါဟိုတယ်သုံးခုမှာ Hiton နေပြည်တော်၊ သင်္ဂဟဟိုတယ်နှင့် Kempinski ဟိုတယ်တို့ဖြစ်ပြီး လက်ရှိအနေအ ထားအရတော့ Hilton Naypyitaw တွင် တရုတ်နိုင်ငံအကြီးအကဲနှင့် ကုလသမဂ္ဂ အ ထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီ မွန်းတို့တည်းခိုရန် အကြမ်းဖျဉ်း သဘော တူညီမှု ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည့် အမေရိကန်အခြေ စိုက် Hilton Worldwide လုပ်ငန်းစုနှင့် မြန်မာဘက်မှ ဧဒင်ဂရုပ်တို့၏ Hilton နေ ပြည်တော်ဟိုတယ်၌ နိုင်ငံတကာမှ အကြီး အကဲ များ တည်းခိုနိုင်မည့် အခန်းများအ ပါအဝင် အခန်းပေါင်း ၂ဝဝ ကျော် ပါဝင်ပြီး ပေပေါင်း ၂ဝဝဝ ကျော် ကျယ် ဝန်း သည့် နိုင်ငံ တော်သမ္မတ တည်းခိုရာနေရာသည် တစ် ရက်လျှင် အကြမ်းဖျင်း ကန်ဒေါ်လာ ၁၆၅ဝ ဝန်း ကျင်ရှိကြောင်း သိရသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်းမှာ ပင် အမေရိကန်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်း စုတစ်ခုဖြစ်သည့် GE လုပ်ငန်း စုမှ စီအီး အိုအပါအဝင်၂၅ ဦးလည်း တည်းခိုရန်ရှိ နေသည်ဟု ဆိုသည်။

Yangon Media Group 

No comments:

Post a Comment