Monday 20 October 2014

တစ်ရက်တာ ဧည့်လမ်းညွှန် ဝန်ဆောင်ခ အတည်ပြုနိုင်ရန် ညှိနှိုင်းဆဲ အဆင့်တွင်သာရှိ

Photo: တစ်ရက်တာ ဧည့်လမ်းညွှန် ဝန်ဆောင်ခ အတည်ပြုနိုင်ရန် ညှိနှိုင်းဆဲ အဆင့်တွင်သာရှိ
Monday, October 20, 2014

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်သည်များအား လိုက်လံ ရှင်းလင်းပြသ ပေးနေသည့် ဧည့်လမ်းညွှန်များ အနေဖြင့်
လက်ရှိအချိန်တွင် တရားဝင် အတည်ပြုထားသည့် နှုန်းထားဖြင့် ဧည့်လမ်းညွှန်ကြေးကို ရရှိနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖျင်း သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ဆောင်ရွက် နေကြကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ နိုင်ငံတကာ ဧည့်လမ်းညွှန်များ အတွက် တစ်နေ့တာ ဧည့်လမ်းညွှန်ကြေး (Guide Fee) ကို အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာအဖြစ် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ အကြမ်းဖျင်း သတ်မှတ် ထားခဲ့သော်လည်း တရားဝင် သတ်မှတ်နိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် အဆိုပါ သတ်မှတ်ချက်ကို အတည်ပြု ပေးနိုင်ရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းကို အဆိုပြု တင်ပြထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များ အသင်းတို့ နှစ်ဖက် သဘောတူ အတည်ပြု ထုတ်ပြန်ရမည့် ဧည့်လမ်းညွှန် ဝန်ဆောင်ခကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်း အနေဖြင့် တစ်ရက် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာ တောင်းဆို ထားသော်လည်း ညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိသေးကြောင်း သိရသည်။ ခရီးသွား လုပ်ငန်းပိုင်းတွင် ယခင်နှစ်များထက် ဧည့်သည်များ ပိုမို ဝင်ရောက်နိုင် သည့်အတွက် ဧည့်လမ်းညွှန် ၃၇၄၉ ဦးနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် ၇၇၁ ဦး အထိ ခရီးသွားလုပ်ငန်း များတွင် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း၊ အဆိုပါ ဧည့်လမ်းညွှန်များမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြု ပေးထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ အသိအမှတ်ပြုထားသည့် ဧည့်လမ်းညွှန်များမှာ ကိုရီးယားနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၂၉ ဦး၊ အီတလီနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၆၄ ဦး၊ ရုရှားနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၆၈ ဦး၊ စပိန်နိုင်ငံသားများအတွက် ဘာသာစကား ကျွမ်းကျင်သူ ၁၁၁ ဦး၊ တရုတ်နိုင်ငံသားများ အတွက် ဘာသာ စကားကျွမ်းကျင်သူ ၁၃၂ ဦး၊ ထိုင်းနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၁၃၂ ဦး၊ ဂျာမန် နိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၂၆၄ ဦး၊ ပြင်သစ်နိုင်ငံသားများ အတွက် ဘာသာ စကား ကျွမ်းကျင်သူ ၂၇၇ ဦး၊ ဂျပန်နိုင်ငံသားများအတွက် ဘာသာစကား ကျွမ်းကျင်သူ ၄ဝ၃ ဦးနှင့် အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်သူ ၂၁၈၇ ဦးတို့ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

မြ၀တီ
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်သည်များအား လိုက်လံ ရှင်းလင်းပြသ ပေးနေသည့် ဧည့်လမ်းညွှန်များ အနေဖြင့် လက်ရှိအချိန်တွင် တရားဝင် အတည်ပြုထားသည့် နှုန်းထားဖြင့် ဧည့်လမ်းညွှန်ကြေးကို ရရှိနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖျင်း သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ဆောင်ရွက် နေကြကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံတကာ ဧည့်လမ်းညွှန်များ အတွက် တစ်နေ့တာ ဧည့်လမ်းညွှန်ကြေး (Guide Fee) ကို အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာအဖြစ် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ အကြမ်းဖျင်း သတ်မှတ် ထားခဲ့သော်လည်း တရားဝင် သတ်မှတ်နိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် အဆိုပါ သတ်မှတ်ချက်ကို အတည်ပြု ပေးနိုင်ရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းကို အဆိုပြု တင်ပြထားကြောင်း သိရသည်။

 မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များ အသင်းတို့ နှစ်ဖက် သဘောတူ အတည်ပြု ထုတ်ပြန်ရမည့် ဧည့်လမ်းညွှန် ဝန်ဆောင်ခကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်း အနေဖြင့် တစ်ရက် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာ တောင်းဆို ထားသော်လည်း ညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိသေးကြောင်း သိရသည်။ ခရီးသွား လုပ်ငန်းပိုင်းတွင် ယခင်နှစ်များထက် ဧည့်သည်များ ပိုမို ဝင်ရောက်နိုင် သည့်အတွက် ဧည့်လမ်းညွှန် ၃၇၄၉ ဦးနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် ၇၇၁ ဦး အထိ ခရီးသွားလုပ်ငန်း များတွင် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း၊ အဆိုပါ ဧည့်လမ်းညွှန်များမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြု ပေးထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ အသိအမှတ်ပြု ထား သည့် ဧည့်လမ်းညွှန်များမှာ ကိုရီးယားနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၂၉ ဦး၊ အီတလီနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၆၄ ဦး၊ ရုရှားနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၆၈ ဦး၊ စပိန်နိုင်ငံသားများအတွက် ဘာသာစကား ကျွမ်းကျင်သူ ၁၁၁ ဦး၊ တရုတ်နိုင်ငံသားများ အတွက် ဘာသာ စကားကျွမ်းကျင်သူ ၁၃၂ ဦး၊ ထိုင်းနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၁၃၂ ဦး၊ ဂျာမန် နိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၂၆၄ ဦး၊ ပြင်သစ်နိုင်ငံသားများ အတွက် ဘာသာ စကား ကျွမ်းကျင်သူ ၂၇၇ ဦး၊ ဂျပန်နိုင်ငံသားများအတွက် ဘာသာစကား ကျွမ်းကျင်သူ ၄ဝ၃ ဦးနှင့် အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်သူ ၂၁၈၇ ဦးတို့ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

မြ၀တီ 

No comments:

Post a Comment