Monday 20 October 2014

ပြည်ထောင်စုဝန်ကြီးအချို့ အပြောင်းအလဲ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်

လက်ရှိ အစိုးရသက် တမ်း သုံးနှစ်ကျော်လာပြီဖြစ်သော် လည်း ပြည်ထောင်စုဝန်ကြီးအချို့ မကြာမီ အပြောင်း အ လဲပြု လုပ်ရန်ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးနှင့် နေပြည် တော်ကောင်စီဝင်ရာထူးယူထား သော ၀န်ကြီးဦးစိုးမောင်သည် ကျန်းမာရေးမကောင်းသဖြင့် ရုံး မတက်နိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်၍ အဆိုပါ ရာထူးနေရာ အပြောင်းအလဲ ဖြစ်လာနိုင် ကြောင်း သတင်းရရှိသည်။

ထို့အပြင်တပ်မတော်သား ၀န်ကြီးများထဲမှ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင် မှာ ၂၀၁၄ ခုနှစ်မကုန်မီ အသက် (၆၀)ပြည့်မည်ဖြစ်၍ အဆိုပါရာ ထူးမှာလည်း အပြောင်း အလဲ ဖြစ်နိုင်ကြောင်းသမ္မတရုံးနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

‘‘ဗိုလ်ချုပ်ဝေလွင်က နေ ပြည်တော်တိုင်းမှူး လုပ်ခဲ့တာဆို တော့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနေရာကို သူဖြစ်လာနိုင် တယ်’’ဟု အစိုးရအဖွဲ့နှင့် နီးစပ် သူတစ်ဦးက သုံးသပ်သည်။

အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုဝန်ကြီး ပြောင်းလဲခန့်အပ်ခြင်းကို လွှတ်တော်အစည်းအဝေး ကျင်းပ သည့် ကာလအတွင်းပြု လုပ်လေ့ရှိပြီး ယခု ကျင်းပနေ သော လွှတ်တော်အစည်းအဝေးများ မပြီးဆုံးမီ ၀န်ကြီးအပြောင်း အလဲများ ပြုလုပ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment