Monday 20 October 2014

ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ ငွေသုံးနေသည့် ၀န်ကြီးဌာနအချို့ ရှိနေ

ပြည်ထောင်စုလွှတ် တော်၏ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ ၀န်ကြီးဌာနအချို့ ငွေကြေးသုံး စွဲမှုများရှိနေကြောင်း ပြည်ထောင် စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဒေါ်တင် နွယ်ဦးက ပြောသည်။

‘‘တချို့ကိစ္စတွေက သူတို့မှာ သုံးပြီးနေပြီ။ ဒါတွေကို သိဖို့ ကျွန် မတို့မှာ သတင်းစာတွေလိုက်ဖတ် နေရ တယ်။ အခုပြည်နယ်၊ တိုင်း တွေကို လိုက်ချေးနေတဲ့ သန်း ၃၀၀ ဆိုတာ တကယ်တော့ လွှတ်တော်ကို မတင် ရသေးဘူး။ ဘတ်ဂျက် ထဲမှာမပါဘူး’’ဟု ဒေါ်တင်နွယ်ဦး က ပြောသည်။

ထို့ပြင် သမ၀ါယမ၀န်ကြီး ဌာနအနေဖြင့် ကိုရီးယားသမ္မတ နိုင်ငံမှ ကာလရှည်အရစ်ကျငွေ ချေစနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိသည့် လယ် ယာသုံးစက်ကိရိယာများ ၀ယ်ယူ ရေးကိစ္စရပ်အား ပြည်ထောင်စု လွှတ်တော်မှ ပယ်ချထားသော် လည်း လွှတ်တော်သို့ တင်သွင်း လာသည့်  ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုတွင် အဆိုပါကိစ္စပြန် လည်ပါဝင်လာကြောင်း ၎င်းက ပြောသည်။

လွှတ်တော်မှ ပယ်ချထား သော ကိစ္စရပ်တစ်ခုသည် လုံးဝ လုပ်ဆောင်ခြင်းမပြုရန် ပယ်ချ ခြင်းဖြစ်ပြီး ယခုကဲ့သို့ ထပ်မံတင် သွင်းလာခြင်းသည် ဥပဒေကို မလေးစားဘဲ ကျော်လွန်လုပ်ဆောင်ရာရောက်ကြောင်း ဒေါ်တင်နွယ်ဦးက ဝေဖန်ပြောကြားသည်။

‘‘ဒီလိုမျိုး လွှတ်တော်ရဲ့ ဆုံး ဖြတ်ထားတဲ့အထဲမှာ မပါတာကို သုံးရင် ဥပဒေကို ကျော်လွန်လုပ် ဆောင်တာပဲ ဖြစ်တယ်။ ဒါက ဥပဒေကို ချိုးဖောက်တဲ့သဘောပဲ ဖြစ်တယ်။ ဒါကို သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေ၊ အဖွဲ့ အစည်းတွေ က စုံစမ်းမှုတွေ လုပ်ဆောင်သင့် တယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်တိုင်းဒါမျိုးတွေက ၀န်ကြီး ဌာန တော်တော်များများမှာ ဖြစ်နေ တယ်။ ပြောသမျှအရာမထင်သ လိုပဲ’’ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြော သည်။

ပြည်ထောင်စု လွှတ်တော် သို့ နှစ်စဉ်တင်သွင်းသော ပြည် ထောင်စုစာရင်းစစ်ချုပ်မှ အစီရင် ခံစာတွင်လည်း ထိုကဲ့သို့ ဘဏ္ဍာ ရေးစည်းမျဉ်းနှင့် မညီညွတ်သော ကိစ္စရပ်များပါဝင်သဖြင့် စာရင်း စစ်မှ ကန့်ကွက် ထားသော စာရင်း စစ်ကန့်ကွက်ချက်များ ၀န်ကြီးဌာနအချို့တွင် ဖြစ်ပေါ်နေကြောင်းအဆိုပါ အစီရင်ခံစာ များတွင် ဖော် ပြထားသည်။

‘‘အမှန်တော့ ဘတ်ဂျက်ဝန် ကြီးကို တခြားဝန်ကြီးဌာနတွေက ကြောက်ရမှာ။ ဘတ်ဂျက်ထဲမှာ ခွင့်ပြုထား တာ မပါဘဲ တင်လာရင် သူက ဖြတ်ချရမှာ။ အခုအဲဒီလိုမဟုတ်တော့ ကျွန်မတို့ လိုက်ရှာနေရတယ်။ တွေ့တော့ ပြောနေရတယ်။ အဲဒီတော့ ကျွန်မတို့က လူမိုက်ကြီးတွေ ဖြစ်နေတာပေါ့’’ ဟု ဘတ်ဂျက်ဆိုင်ရာ စာရင်း ဇယားများကို အဓိကစစ်ဆေးသည့်ဘဏ္ဍာရေး စာရင်းအင်းကျွမ်းကျင်ပညာရှင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဒေါ်တင်နွယ်ဦးကပြောသည်။

 မိမိတို့အနေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် အချို့ကိစ္စရပ်များသည် လုပ်ဆောင်နေဆဲ ကာလတွင်ပင် ငွေကြေး မလုံ လောက်မှုကြောင့် အရေးပေါ်သုံး စွဲမှုများပြုလုပ်ရမှုများရှိကြောင်း၊ ထိုသို့သော ကိစ္စရပ်များကို ဘဏ္ဍာ ရေးနှစ်လယ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုတွင် ထည့်သွင်းတောင်းခံခြင်း ပြုလုပ်ရကြောင်း အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment