Monday 20 October 2014

မန္တလေးတိုင်း ငါးလုပ်ငန်းဆက်စပ်လုပ်ငန်းများမှ အခွန်ငွေကျပ် သိန်းလေးထောင်ကျော် ရရှိ

Photo: မန္တလေးတိုင်း ငါးလုပ်ငန်းဆက်စပ်လုပ်ငန်းများမှ အခွန်ငွေကျပ် သိန်းလေးထောင်ကျော် ရရှိ
Monday, October 20, 2014

 မန္တလေးတိုင်းဒေသကြီး ရှိ  ငါးလုပ်ငန်းဆက်စပ်လုပ်ငန်း များမှ ယခုနှစ်အတွင်း အခွန်ငွေ ကျပ်သိန်းလေးထောင်ကျော်ကောက်ယူရရှိပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာရေးကာလအတွင်းက မန္တ လေးတိုင်းဒေသကြီးရှိ ငါးလုပ်ငန်းများမှ အခွန်ငွေကျပ်  သိန်း သုံးထောင်ကျော်ရရှိခဲ့ပြီး ၂၀၁၄- ၁၅ ဘဏ္ဍာရေးကာလ၏ ယခုအ ချိန်တွင် ကျပ်သိန်း လေးထောင် ကျော်ရရှိထားသည်။ ယင်းတို့အ နက် အင်းခွန်နှင့် ပတ်သက်ပြီး ကောက်ခံရရှိသည့်အခွန်   အများဆုံးပါဝင်နေကြောင်း ယင်းဌာနမှ ဒုဦးစီးမှူး ဦးညီညီလင်းထွဋ်က ပြောသည်။ ‘‘တချို့အင်းခွန်တွေကျတော့ လေလံပစ်တာတို့၊ တစ်နှစ် ချင်းငွေပမာဏမြင့်သွားတာတွေ ကြောင့် အခုလိုပိုများသွားတာ’’ ဟုဆိုသည်။

ငါးလုပ်ငန်းဆိုင်ရာ အခွန်အ ခများဖြစ်သည့် အင်းခွန်များ၊ ငါးဖမ်းခြင်းနှင့် သက်ဆိုင်သည့် အခွန်များ၊ ရေထွက်ပစ္စည်းများ ရောင်းချမှုနှင့် သက်ဆိုင်သည့် အခွန်များထဲမှ မန္တလေးတိုင်းအ တွက် အများဆုံးရရှိသည့် အင်း ခွန်များအား နှစ်စဉ်ဘဏ္ဍာရေး ကာလအစပိုင်းဖြစ်သည့် ဧပြီလ ၀န်းကျင်တွင် ပေးဆောင်ကြရ လေ့ရှိသောကြောင့်  ယခု ကောက်ယူရရှိထားသည့် အခွန် များသည် တစ်နှစ်လုံးစာရရှိသည့် အခွန်များဖြစ်သည်ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း  ဒေသကြီး အတွင်း ငါးမွေးမြူရေးလုပ်ကိုင် သော အင်းပေါင်း ၂၇၂ အင်းရှိနေ ပြီး   ကောက်ခံရရှိထားပြီးသော အခွန်ငွေများအားလုံးကို  တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ  လွှဲ ပြောင်းပေးထားပြီဖြစ်ကြောင်း ယင်းဌာနမှပင်သတင်းရရှိသည်။

မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ ကောက်ခံမှုကို  အဓိကလုပ် ဆောင်နေပြီး ငါးသယံဇာတ များလျော့ကျမသွားစေရေး အတွက် မြစ်ချောင်းအင်းအိုင် များအတွင်းသို့ ငါးမျိုးစိတ်များ ထည့်သွင်းခြင်း လုပ်ဆောင်နေ ပြီး  ငါးသယံဇာတ ထိန်းသိမ်းနိုင် ရေးအတွက်လည်း  ဂျပန်နိုင်ငံမှ JICA အဖွဲ့အစည်း၊ ကိုရီးယား နိုင်ငံမှ  KOICA အဖွဲ့အစည်း၊ သြစတြေးလျနိုင်ငံသား ပညာရှင်များ ပါဝင်သည့် MyFish အဖွဲ့အစည်း များနှင့် ပူးပေါင်းလုပ်ဆောင်နေ ကြောင်း   ဦးညီညီလင်းထွဋ်က ပြောသည်။

7Day DAILY 

ဧရာဝတီတိုင်းအတွင်းရှိ အင်းတစ်ခုကိုတွေ့ရစဉ်-ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
ဧရာဝတီတိုင်းအတွင်းရှိ အင်းတစ်ခုကိုတွေ့ရစဉ်-ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
မန္တလေးတိုင်းဒေသကြီး ရှိ  ငါးလုပ်ငန်းဆက်စပ်လုပ်ငန်း များမှ ယခုနှစ်အတွင်း အခွန်ငွေ ကျပ်သိန်းေ လးထောင်ကျော်ကောက်ယူရရှိပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာရေးကာလအတွင်းက မန္တ လေးတိုင်းဒေသကြီးရှိ ငါးလုပ်ငန်းများမှ အခွန်ငွေကျပ်  သိန်း သုံးထောင်ကျော်ရရှိခဲ့ပြီး ၂၀၁၄- ၁၅ ဘဏ္ဍာရေးကာလ၏ ယခုအ ချိန်တွင် ကျပ်သိန်း လေးထောင် ကျော်ရရှိထားသည်။ ယင်းတို့အ နက် အင်းခွန်နှင့် ပတ်သက်ပြီး ကောက်ခံရရှိသည့်အခွန်   အများဆုံးပါဝင်နေကြောင်း ယင်းဌာနမှ ဒုဦးစီးမှူး ဦးညီညီလင်းထွဋ်က ပြောသည်။ ‘‘တချို့အင်းခွန်တွေ ကျတော့ လေလံပစ်တာတို့၊ တစ်နှစ် ချင်းငွေပမာဏမြင့်သွားတာတွေ ကြောင့် အခုလိုပိုများသွားတာ’’ ဟုဆို သည်။

ငါးလုပ်ငန်းဆိုင်ရာ အခွန်အ ခများဖြစ်သည့် အင်းခွန်များ၊ ငါးဖမ်းခြင်းနှင့် သက်ဆိုင်သည့် အခွန်များ၊ ရေထွက်ပစ္စည်းများ ရောင်းချမှုနှင့် သက်ဆိုင်သည့် အခွန်များထဲမှ မန္တလေးတိုင်းအ တွက် အများဆုံး ရရှိသည့် အင်း ခွန်များအား နှစ်စဉ်ဘဏ္ဍာရေး ကာလအစပိုင်းဖြစ်သည့် ဧပြီလ ၀န်းကျင်တွင် ပေးဆောင်ကြ ရ လေ့ရှိသောကြောင့်  ယခု ကောက်ယူရရှိထားသည့် အခွန် များသည် တစ်နှစ်လုံးစာရရှိသည့် အခွန်များဖြစ်သည်ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း  ဒေသကြီး အတွင်း ငါးမွေးမြူရေးလုပ်ကိုင် သော အင်းပေါင်း ၂၇၂ အင်းရှိနေ ပြီး  ကောက်ခံ ရရှိထားပြီးသော အခွန်ငွေများအားလုံးကို  တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ  လွှဲ ပြောင်းပေးထားပြီဖြစ်ကြော င်း ယင်းဌာနမှပင်သတင်းရရှိသည်။

မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ ကောက်ခံမှုကို  အဓိကလုပ် ဆောင်နေပြီး ငါးသယံဇာတ များလျော့ကျမသွားစေရေး အတွက် မြစ်ချောင်းအင်းအိုင် များ အတွင်း သို့ ငါးမျိုးစိတ်များ ထည့်သွင်းခြင်း လုပ်ဆောင်နေ ပြီး  ငါးသယံဇာတ ထိန်းသိမ်းနိုင် ရေးအတွက် လည်း  ဂျပန်နိုင်ငံမှ JICA အဖွဲ့အစည်း၊ ကိုရီးယား နိုင်ငံမှ  KOICA အဖွဲ့အစည်း၊ သြစတြေးလျနိုင်ငံသား ပညာရှင်များ ပါဝင်သည့် MyFish အဖွဲ့အစည်း များနှင့် ပူးပေါင်းလုပ်ဆောင်နေ ကြောင်း   ဦးညီညီလင်းထွဋ် က ပြောသည်။

7Day DAILY 

No comments:

Post a Comment