Monday 20 October 2014

အမ်ပီတီမှ ၎င်းတို့၏ ဝန်ဆောင်ခနှုန်းထားများ ဖြေလျှော့ရန်စီစဉ်နေဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၎င်းတို့၏ မိုဘိုင်းဆက် သွယ်ရေးဆိုင်ရာဝန်ဆောင်မှုနှုန်းထားများကို အသုံးပြု သူများ အဆင်ပြေစေမည့်ပုံစံမျိုးဖြင့် ဖြေလျှော့သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

‘‘မိုဘိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို ဖြေလျှော့ပေးသွားဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ အကူးအပြောင်းကာလ အနေနဲ့ ဆောင်ရွက်နေတဲ့အတွက် ကွန် ရက်က အပြည့်အဝမနိုင်သေးတာ ကြောင့် တဖြည်းဖြည်းချင်း ဖြေလျှော့ သွားဖို့ လုပ်နေပါတယ်။ အခြားအော်ပရေတာတွေနဲ့အပြိုင် ဝန်ဆောင်မှုပေးနိုင်အောင် လုပ်သွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင် ဂျင်နီယာတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ၎င်းတို့၏ဝန်ဆောင် မှုများကို ဖြေလျှော့ရာတွင် ဖုန်းပြောဆိုခနှုန်း ထားများ၊ ဆင်းမ် ကတ်များဝယ်ယူရာတွင် အင်တာနက်အသုံးပြုရန် ငွေတစ်သောင်းကျပ်ပေး၍ ပြန်လျှောက်နေရခြင်း စသည်တို့အပြင် အခြားဝန်ဆောင်မှုများလည်း ပါဝင်နိုင်ကြောင်း သတင်းရရှိသည်။


‘‘MPT နဲ့ပတ်သက်ပြီး အားလုံးဝိုင်းပြောနေကြတာက ဖုန်း ပြောဆိုခက အခြားအော်ပရေတာတွေထက် ဈေးကြီးနေတာပဲ။ အဲဒါကို အဓိကထားပြီး ဖြေလျှော့ပေးဖို့လိုအပ်တယ်။ အသုံးပြုသူတွေအဆင်ပြေစေဖို့ အတွက် ဝန်ဆောင်မှုတွေကို Promotion ချပေးတာတွေလည်း လုပ်သင့်ပါ တယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့်ပူးပေါင်းပြီး မကြာမီ ပထမ ဆုံးပြောင်းလဲမှု အနေဖြင့် စက်တင်ဘာ ၁ ရက်မှ စ၍ အခြားအော်ပရေတာများနည်းတူ၎င်းတို့၏ ဆင်းမ် ကတ် များကို လက်လီအရောင်းဆိုင်များတွင် စတင်၍ရောင်းချပေးခဲ့သည်။

သို့သော် MPT ဆင်းမ်ကတ် များမှာ သတ်မှတ်ထားသည့်နှုန်း ထားအတိုင်း အလွယ်တကူဝယ်ယူ၍ မရရှိဘဲ ဈေးတင်ရောင်းချမှု များရှိနေသည့်အပြင် အခြားအော်ပရေတာများနှင့်ယှဉ်ပါက အသုံးပြုခနှုန်းထားများ ဈေးကြီးနေသည့်အတွက် အသုံးပြုသူများအနေဖြင့် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိအချိန်ထိ ဆင်းမ်ကတ်ပေါင်း ဆယ်သန်းကျော်အထိ ရောင်းချပေး ထား ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment