Monday 20 October 2014

စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ်လောင်းများစာရင်း တင်သွင်းရန် အချိန်ငါးရက် ထပ်မံတိုးမြှင့်

Photo: စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ်လောင်းများစာရင်း တင်သွင်းရန် အချိန်ငါးရက် ထပ်မံတိုးမြှင့်
Monday, October 20, 2014 

စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်း နောက်ဆုံး တင်သွင်းရမည့်အချိန်ကို သတ်မှတ်ရက်ထက် ငါးရက် ထပ်မံတိုးမြှင့်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အဆိုပါ ကိုယ်စားလောင်းများ စာရင်းကို မူလက အောက်တိုဘာ ၁၉ ရက် ညနေ လေးနာရီ နောက်ဆုံးထား တင်သွင်းရန် သတ်မှတ်ထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သူများ ပြင်ဆင်ချိန် ရရှိရန်အတွက် အောက်တိုဘာ ၂၄ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း ၎င်းက ရှင်းပြသည်။

“မူလသတ်မှတ်ရက်ထက် ငါးရက် တိုးမြှင့်ပေးထားပါတယ်။ တချို့တွေက နောက်ကျမှ သိရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးလာကြလို့ပါ” ဟု ၎င်းကဆိုသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် လျှောက်လွှာများကို အောက်တိုဘာ ၆ ရက်နေ့တွင် စတင်လက်ခံခဲ့ခြင်း ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာ ဝယ်ယူထားသည့် ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထို့အပြင် တင်သွင်းလာသာ ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို ခြောက်ရက်အတွင်း စိစစ်ကာ စည်ပင်သာယာရေး ကော်မတီက ကိုယ်စားလောင်းများ စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကော်မတီဝင် လေးဦး၊ ခရိုင်တစ်ခုစီအတွက် ကော်မတီဝင် သုံးဦးစီ၊ မြို့နယ်တစ်မြို့နယ်စီ အတွက် ကော်မတီဝင် သုံးဦးစီကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ရမည် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံသား၊ အသက် ၃၅ နှစ်ထက်မငယ် အသက် ၆၅ နှစ်ထက် မကြီးသူများ ဖြစ်ရမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး အနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်သုံးသိန်း၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် နှစ်သိန်းကျပ်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဟု သတ်မှတ်ထားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အဆင့်ဆင့် ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ပေါင်း ၅၀၀၀ ကျော် အသုံးပြုရန် လျာထားပြီး မဲစာရင်းများ မရှုပ်ထွေးစေရန် ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးများ၊ စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly
စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများ စာရင်း နောက်ဆုံး တင်သွင်းရမည့်အချိန်ကို သတ်မှတ်ရက်ထက် ငါးရက် ထပ်မံတိုးမြှင့် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။

အဆိုပါ ကိုယ်စားလောင်းများ စာရင်းကို မူလက အောက်တိုဘာ ၁၉ ရက် ညနေ လေးနာရီ နောက်ဆုံးထား တင်သွင်းရန် သတ်မှတ်ထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သူများ ပြင်ဆင်ချိန် ရရှိရန်အတွက် အောက်တို ဘာ ၂၄ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း ၎င်းက ရှင်းပြသည်။

“မူလသတ်မှတ်ရက်ထက် ငါးရက် တိုးမြှင့်ပေးထားပါတယ်။ တချို့တွေက နောက်ကျမှ သိရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးလာကြလို့ပါ” ဟု ၎င်းကဆိုသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် လျှောက်လွှာများကို အောက်တိုဘာ ၆ ရက်နေ့တွင် စတင်လက်ခံခဲ့ခြင်း ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာ ဝယ်ယူထားသည့် ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထို့အပြင် တင်သွင်းလာသာ ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို ခြောက်ရက်အတွင်း စိစစ်ကာ စည် ပင် သာယာရေး ကော်မတီက ကိုယ်စားလောင်းများ စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ယင်းေ ကာ် မရှင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေအရ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတွင် ကော်မတီဝင် လေးဦး၊ ခရိုင်တစ်ခုစီအတွက် ကော်မတီဝင် သုံးဦးစီ၊ မြို့နယ် တစ်မြို့နယ်စီ အတွက် ကော်မတီဝင် သုံးဦးစီကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ရမည် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံသား၊ အသက် ၃၅ နှစ်ထက်မငယ် အသက် ၆၅ နှစ်ထက် မကြီး သူများ ဖြစ်ရမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး အနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်သုံးသိန်း၊ ခရိုင်စည်ပင်သာယာရေး ကော်မတီ အတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် နှစ်သိန်းကျပ်နှင့် မြို့နယ်စည်ပင်သာ ယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည် ဟု သတ်မှတ်ထားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အဆင့်ဆင့် ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ပေါင်း ၅၀၀၀ ကျော် အသုံးပြုရန် လျာထားပြီး မဲစာရင်းများ မရှုပ်ထွေးစေရန် ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးများ၊ စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်း ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment