Thursday 18 September 2014

စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ပြည်နယ် အစိုးရဆောင်ရွက်နေ

Photo: စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ပြည်နယ် အစိုးရဆောင်ရွက်နေ
Thursday, September 18, 2014 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ၊ စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်လို၍၊ ပြည်နယ်အစိုးရ အဖွဲ့မှ မူလကျေးရွာသို့ပြန်နိုင်ရန် အတွက် ဆောင်ရွက်ပေးလျှက်ရှိနေသည်ဟု ဗန်းမော်ခရိုင်ရှိ (IDP)စခန်းများကို ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံများ၊ အကြံပေးညှိနှိုင်းရေးမှူးများထံမှ သိရှိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင်လက ဗန်းမော်မြို့သို့ လာရောက်စဉ် လွယ်ဂျယ် ခရီး စဉ်၌ (IDP) စခန်းများသို့ သွားရောက်တွေ့ ဆုံစဉ် နေရပ်ပြန်လိုပါက ကူညီမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စကို အခုကျွန်တော်တို့ ဆောင်ရွက်နေပါပြီ။ ပထမဆုံး မိုင်းအန္တရာယ်ကင်း ရှင်းရေးကို စတင်လုပ်ဆောင် နေပြီဖြစ်တဲ့အပြင် ဆောက်လုပ်ရေးတွက် ပစ္စည်းများကိုလည်း ဒီလ(၁၆)ရက်ကနေ ပို့ဆောင်နေပါတယ်။”ဟု ဗန်းမော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြောသည်။

စစ်ဘေးရှောင်စခန်းများမှ နေရပ်ပြန်လိုသည့်သူများကို စာရင်းပြုစုရာမှာ စိန်လုံကျေးရွာ၊ စိန်လုံကမ္ဘာကျေးရွာနှင့် ပန်မူကျေးရွာတို့မှ အိမ်ထောင်စု(၃၃)စု ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စုများမှ ကာယကံရှင်များကိုခေါ်ယူကာ ၎င်းတို့နေအိမ်များကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ကျပ် (၆)သိန်းစီ နေအိမ်ပြုပြင်ခအဖြစ် ထောက် ပံ့ ပေးခဲ့သည်။

ထို့ပြင် ပြည်နယ်အစိုးရက ရွာအရောက်သွားပြီး ပြုပြင်ပေးရာတွင် ပြုပြင်ခ(၁)သိန်း ကျလျှင် ကျန်(၅)သိန်းကို အိမ်ရှင်ထံပြန်လည်အပ်နှံမည်ဖြစ်ကြောင်းနှင့် စာသင်ကျောင်းအတွက် ပညာရေးဝန်ကြီးဋ္ဌာနမှ ကူညီမှုများ ပြု လုပ်ပေးသွား မည်ဖြစ်ကာ ကျန်းမာရေးပြဿာနာများအတွက် ဆေးခန်းများ လည်း ဆောက် လုပ်ပေးပြီး ဖြစ်သည်ဟု ဦးစိန်မြင့်က ပြောသည်။

လွယ်ဂျယ်၌ ဒုက္ခသည်စခန်း(၄)ခုရှိရာမှာ လီဆူးဒုက္ခသည်စခန်းတွင် အိမ်ထောင်စု (၁၇၃)စု၊ ညောင်နှစ်ပင်တွင် (၄၈)စု၊ KBC စခန်းတွင် (၂၇)စုနှင့်၊ ဆိုင်းဂျာတွင် (၃၉)စု စုစုပေါင်း အိမ်ထောင်စုဦးရေ (၂၈၇)စုရှိသည်ဟု လွယ်ဂျယ်ဒုက္ခသည်စခန်း တာဝန်ခံထံမှ သိရှိရသည်။

“မြစ်ကြီးနား၊ မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ UPWC နဲ့ KIO တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေးအတွက် အဓိကလုပ်ငန်း(၃)ရပ်ကို ချမှတ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ချမှတ်ခဲ့တဲ့(၃) ရပ်ပြီးစီးမှသာ ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးဟာ စိတ်ချလက်ချဖြစ်ပါမယ်။” ဟု မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွန်ဂျာမှ ပြောသည်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းရှိ မဂျွယ်ခန်းမတွင် လွန်ခဲ့ သည့် မေလက အပစ်အခတ်ရပ်ဆဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်စစ်ပြေး ဒုက္ခသည်များ ကိုယ့်ရပ်ကိုယ့်ရွာပြန်နိုင်ရေး ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး ကျေးရွာများတွင် မြေမြုပ်မိုင်း အန္တရယ်ရှင်းလင်းရေး၊ နေအိမ် များ ပြုပြင်တည်ဆောက်ရေးနှင့် လယ်ယာလုပ်ငန်းခွင် ပြန်လည်ဖော် ထုတ်ပေးရေးတို့ ပါဝင်ခဲ့သည်ဟုဆိုသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ့ စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုင်ရေး ကို ဒေသခံ စခန်းတာဝန်ခံများ ဒုက္ခသည် စခန်းများ ကူညီထောက် ပံ့ရေးလူမှု အသင်းအဖွဲ့များနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်ရန် အလိုရှိနေကြောင်း အစိုးရနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းများက ဆိုသည်။

Myitmakha
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ၊ စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန် လို၍၊ ပြည်နယ်အစိုးရ အဖွဲ့မှ မူလကျေးရွာသို့ပြန်နိုင်ရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိနေသည်ဟု ဗန်းမော်ခရိုင်ရှိ (IDP)စခန်းများကို ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံများ၊ အကြံပေးညှိနှိုင်းရေးမှူး များထံမှ သိရှိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင်လက ဗန်းမော်မြို့သို့ လာရောက်စဉ် လွယ်ဂျယ် ခရီးစဉ်၌ (IDP) စခန်းများသို့ သွားရောက်တွေ့ဆုံစဉ် နေရပ်ပြန်လိုပါက ကူညီမည်ဟု ပြောဆို ခဲ့ခြင်းဖြစ် သည်။

“ဒီကိစ္စကို အခုကျွန်တော်တို့ ဆောင်ရွက်နေပါပြီ။ ပထမဆုံး မိုင်းအန္တရာယ်ကင်းရှင်းရေးကို စတင် လုပ်ဆောင် နေပြီဖြစ် တဲ့ အပြင် ဆောက်လုပ်ရေးတွက် ပစ္စည်းများကိုလည်း ဒီလ(၁၆)ရက်ကနေ ပို့ဆောင်နေ ပါတယ်။”ဟု ဗန်းမော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြောသည်။

စစ်ဘေးရှောင်စခန်းများမှ နေရပ်ပြန်လိုသည့်သူများကို စာရင်းပြုစုရာမှာ စိန်လုံကျေးရွာ၊ စိန်လုံကမ္ဘာကျေး ရွာနှင့် ပန်မူကျေးရွာတို့မှ အိမ်ထောင်စု(၃၃)စု ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စုများမှ ကာယကံရှင်များကိုခေါ်ယူကာ ၎င်းတို့နေအိမ်များကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ကျပ် (၆)သိန်းစီ နေအိမ်ပြုပြင်ခ အဖြစ် ထောက်ပံ့ ပေးခဲ့သည်။

ထို့ပြင် ပြည်နယ်အစိုးရက ရွာအရောက်သွားပြီး ပြုပြင်ပေးရာတွင် ပြုပြင်ခ(၁)သိန်းကျလျှင် ကျန်(၅)သိန်းကို အိမ်ရှင်ထံပြန်လည်အပ်နှံမည်ဖြစ်ကြောင်းနှင့် စာသင်ကျောင်းအတွက် ပညာရေးဝန်ကြီးဋ္ဌာနမှကူညီမှုများ ပြု လုပ်ပေးသွားမည်ဖြစ်ကာ ကျန်းမာရေးပြဿာနာများအတွက် ဆေးခန်းများလည်း ဆောက် လုပ်ပေးပြီး ဖြစ် သည်ဟု ဦးစိန်မြင့်က ပြောသည်။

လွယ်ဂျယ်၌ ဒုက္ခသည်စခန်း(၄)ခုရှိရာမှာ လီဆူးဒုက္ခသည်စခန်းတွင် အိမ်ထောင်စု (၁၇၃)စု၊ ညောင်နှစ် ပင်တွင် (၄၈)စု၊ KBC စခန်းတွင် (၂၇)စုနှင့်၊ ဆိုင်းဂျာတွင် (၃၉)စု စုစုပေါင်း အိမ်ထောင်စုဦးရေ (၂၈၇)စုရှိသည်ဟု လွယ်ဂျယ်ဒုက္ခသည်စခန်း တာဝန်ခံထံမှ သိရှိရသည်။

“မြစ်ကြီးနား၊ မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ UPWC နဲ့ KIO တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ဒုက္ခသည် များ နေရပ် ပြန်နိုင်ရေးအတွက် အဓိကလုပ်ငန်း(၃)ရပ်ကို ချမှတ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ချမှတ်ခဲ့တဲ့(၃) ရပ်ပြီးစီးမှသာ ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးဟာ စိတ်ချလက်ချဖြစ်ပါမယ်။” ဟု မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွန်ဂျာမှ ပြောသည်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းရှိ မဂျွယ်ခန်းမတွင် လွန်ခဲ့သည့် မေလက အပစ်အခတ်ရပ် ဆဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်စစ်ပြေးဒုက္ခသည်များ ကိုယ့်ရပ်ကိုယ့်ရွာပြန်နိုင်ရေး ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်ပြီး ကျေးရွာများတွင် မြေမြုပ်မိုင်း အန္တရယ်ရှင်းလင်းရေး၊ နေအိမ် များ ပြုပြင် တည်ဆောက်ရေးနှင့် လယ်ယာလုပ်ငန်းခွင် ပြန်လည်ဖော်ထုတ်ပေးရေးတို့ ပါဝင်ခဲ့သည်ဟုဆိုသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ့ စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုင်ရေးကို ဒေသခံ စခန်းတာဝန်ခံများ ဒုက္ခသည် စခန်းများ ကူညီထောက်ပံ့ရေးလူမှုအသင်းအဖွဲ့များနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်ရန် အလိုရှိနေကြောင်း အစိုးရနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းများက ဆိုသည်။

Myitmakha

No comments:

Post a Comment