Thursday 18 September 2014

UNFC မှ ကေအင်န်ယူ ခွဲထွက်မည့်ကိစ္စ မဆုံးဖြတ်သေး

ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း ကရင်အမျိုးသားအစည်းအ ရုံး ဌာနချုပ်တည်ရှိရာ လော်ခီးလာ၌   ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) မှ ခွဲထွက် မည့်ကိစ္စကို မဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘အောက်တိုဘာ တတိယ ပတ်လောက်မှပဲ ဆုံးဖြတ်မယ်’’ဟု ကရင်   အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေး မှူး ဖဒိုစောကွယ်ထူးဝင်းက ပြော သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆော င်ရေး လုပ်ငန်းကော်မ တီတို့သည် စက်တင်ဘာ ၂၂ ရက်တွင် စတင်ဆွေးနွေးရန် စီစဉ် ထားပြီး အဆိုပါ ဆွေးနွေးပွဲပြီး နောက် အောက်တိုဘာတတိယ ပတ်တွင် ပြုလုပ်မည့်  KNU ဗဟိုကော်မတီ အစည်း အဝေး၌ ဆုံးဖြတ်မည်ဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ လော်ခီးလာဒေသတွင် ပြုလုပ်ခဲ့သော KNU ဗဟိုကော် မတီအစည်း အဝေး၌  တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ကိစ္စ အပါအ၀င် KNU ထိန်းချုပ်နယ် မြေအတွင်း က ပြဿနာများ ကို သာ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့ သော UNFC ညီလာခံတွင် သဘောထား   မတိုက်ဆိုင်ခဲ့၍ KNU အနေဖြင့် UNFC မှ ယာယီ နုတ်ထွက်ခဲ့ပြီး ညီလာခံမပြီးမီ KNU ကိုယ်စားလှယ်အနေဖြင့် ညီလာခံပြီးဆုံးအောင်  မတက် ရောက်ဘဲ ပြန်လာခဲ့ကြသည်။

သို့သော် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စော မူတူးစေးဖိုး အား ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် ရွေး ချယ်ခဲ့သည်။

7Day DAILY

No comments:

Post a Comment