Thursday 18 September 2014

မြန်မာ့ဆန် အာဖရိကမှ ၀ယ်ယူနေ၍ စပါးဈေးကျရန် အလားအလာနည်း

မိုးစပါးရိတ်သိမ်းရန် တစ်လ၀န်းကျင်အလိုတွင် အာဖရိကနိုင်ငံများက မြန်မာ့ဆန် တန်ချိန်ခြောက်သောင်း ခန့်ဝယ်ယူနေခြင်းေ ကြာင့် စပါးဈေးကျဆင်းမည့် အလားအလာနည်းကြောင်း မြန်မာနိုင်ငံဆန်စပါး အဖွဲ့ ချုပ်မှ သတင်းရရှိသည်။
‘‘တရုတ်က စပါးပေါ်ချိန် အ ၀ယ်နည်းချိန်မှာ အာဖရိက အ ၀ယ်ပြန်ရတော့ လယ်သမားတွေ အတွက် အခြေအနေကောင်းတာ ပေါ့’’ ဟု မြန်မာနိုင်ငံ ဆန်စပါး အ ဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်း က ပြောကြား သည်။

စက်တင်ဘာနှင့် အောက်တို ဘာလများတွင် အာဖရိကနိုင်ငံမှ ဆန်တန်ချိန် ခြောက်သောင်းဝန်း ကျင်ကို သင်္ဘောသုံးစီးဖြင့် တင်ပို့ ရန် စီစဉ်ထားကြောင်း ၎င်းက ဆို သည်။

လက်ရှိအချိန်တွင် မြန်မာ့  ဆန်ကို အိန္ဒိယနိုင်ငံကလည်း ၀ယ်ယူရန် စီစဉ်နေပြီး ပထမအကြိမ် တင်ဒါ တန်ချိန်နှစ်သောင်း  တင်ဒါဝင်ပြိုင်ရန်     စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

အိန္ဒိယနိုင်ငံသို့ ဆန်တင်ပို့မှုမှာ မြန်မာနိုင်ငံအနေဖြင့် လမ်း ကြောင်းသစ်မှ တင်ပို့ရမည်ဖြစ်ပြီး အိန္ဒိယမြန်မာ ကုန်သွယ်မှုမှာ ပမာဏနည်းသည့်အတွက် ပို့ဆောင် ရေးစရိတ်များ ပိုမိုကုန်ကျမည်ကို ကုန်သည်များ စိုးရိမ်နေကြသည်။

‘‘ပုံမှန် ကုန်ရောင်းဝယ်လမ်း မဟုတ်တော့ ဒီဘက်ကပဲ အသွား ဆိုရင် ကားခက နှစ်ဆ နီးပါး လောက် ပေး ရ မှာပဲ’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန် ဈေးကွက်သည် တရုတ်နိုင်ငံသို့ သာ အားထားနေရပြီး လက်ရှိအ ချိန်တွင် တရုတ်နိုင်ငံယူနန်ပြည်နယ်၌ စပါးအသစ်ပေါ်ချိန်ဖြစ်၍ တရုတ်ကုန်သည်များမှ မြန်မာ့ဆန်ဝယ်ယူမှု ကို လျှော့ချနေ ကြောင်း  ဆန်ကုန်သည်များထံမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment