Thursday 18 September 2014

စစ်တွေတွင် စက်လှေ တစ်စီးပေါ်မှ ဗုံးနှစ်လုံးတွေ့

စစ်တွေမြို့ကသည်း ရပ်ကွက်ဆတ်ရိုးကျချောင်း ဆိပ်တံတားတွင် ရပ်ထားသော စက် လှေတစ်စီးကို ရှာဖွေရာ အမေရိကန်လက်ပစ်ဗုံးနှစ်လုံး ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ယင်းစက်လှေသို့ ၀င်ရောက်ရှာဖွေရာ အလုပ်သမားတစ်ဦးကို လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်နေသူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။

‘‘ပိုင်ရှင်ကတော့ ရန်ကုန်မှာလို့သိရတယ်။ အလုပ်သမားနဲ့ နောက်ထပ်ပါဝင်သူနှစ်ဦးကို ထိန်းသိမ်း စစ်ဆေးနေ ပါတယ်’’ ဟု အထက်ပါအရာရှိက ပြောသည်။

အဆိုပါကသည်းရွာ ဆိပ်ကမ်းသည် စစ်တွေနှင့် ဘင်္ဂလား ဒေ့ရှ်၊ ရန်ကုန်မြို့များသို့ ကုန်သွယ်ရာတွင် စက်လှေများအဓိကအ သုံးပြုသည့် ဆိပ်ကမ်းဖြစ်သည်။

 စစ်ဆေးခံနေရသူများက လက်ပစ်ဗုံးကို ၂၀၁၂ ခုနှစ်က ဘင်္ဂါလီများထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ပင်လယ်ပြင်သို့ သွားရာတွင် လုံခြုံရေးအန္တရာယ်ရှိခြင်းကြောင့် ကိုင်ဆောင်ထားခြင်းဖြစ်သည်ဟု  ရဲတပ်ဖွဲ့သို့  စစ်ဆေးခံ ခဲ့ကြော င်း ၎င်း တို့နှင့် နီးစပ်သူများက ဆိုသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို  လက်နက်အက်ဥပဒေဖြင့်  အရေးယူစစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ရခိုင်ပြည်နယ်အစိုးရသို့ ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့လုပ်ငန်းနှင့် သက်ဆိုင် သည့်အတွက် လတ်တလောတွင် သတင်းထုတ်ပြန်ရန်မရှိသေးကြောင်း ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင် က ပြောကြားသည်။

7Day DAILY

No comments:

Post a Comment