Thursday 18 September 2014

တွတ်ရသည်ဟုဆိုပြီး ငွေနှစ်သိန်းပေးသွားသည့် ထီလက်မှတ် ဆယ်သိန်းပေါက်သည့် ထီလက်မှတ်ဖြစ်နေ

ထီသုံးစောင်ထိုးရာ တစ်စောင်ကတွတ်နှစ်သိန်းဝင်ကြောင်း ထီ ရောင်းသမားကိုယ်တိုင်ရွာသို့လာ ရောက်ပြီး ဇွတ်အတင်းဝယ်ရာ ဝယ်သူ ပြန်မှ နှစ်သိန်းတွင် ၅ဝဝဝဝ ခန့်လျော့ နေသဖြင့် ထီဆိုင်သွား စုံစမ်းရာမှ တွတ် ဝင်ခြင်းမဟုတ်ဘဲ ၁ဝ သိန်းဆုပေါက် နေသဖြင့် ထီဆိုင်ပိုင်ရှင်က ပြဿ နာ ပြေလည်အောင် ဖြေရှင်းပေး လိုက်ရသည့် ဖြစ်ရပ်တစ်ခု မကွေးမြို့ နတ်ကန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
(၃ဝ၈) ကြိမ်မြောက် အစိုးရ အောင်ဘာလေသိန်းထီကို ထီရောင်းကား ဆူဇူကီးလေးဖြင့် ထီရောင်းသ မားနှစ်ဦးက မကွေးမြို့ နတ်ကန်ရွာ တွင် လာရောက်ရောင်းချရာ တောင် သူကြီးဦးဝင်းညွန့်က အိပ်မက် အရ လေးအစ နှစ်အဆုံး စိတ်ကြိုက်အက္ခ ရာဖြင့် ထီသုံးစောင်ဝယ်ယူခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ရက် နံနက် ၁ဝ နာရီခန့်တွင် နတ်ကန်ရွာဦးဝင်းညွန့် ထံ ထီရောင်းခဲ့သော ထီရောင်း သမား နှစ်ဦး ဆိုင်ကယ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဝယ်ယူထားသည့် ထီသုံး စောင်အနက် ထီ တစ်စောင်မှာ နှစ် သိန်းတွတ်ဝင်သဖြင့် လာရောက်လျော် ခြင်းဖြစ်ကြောင်း ပြောဆိုကာ ကျပ် နှစ်သိန်း ဇွတ် အတင်းပေးပြီး လက် မှတ်ကို တောင်းယူသွားသည့်အပြင် ဆိုင်ကယ်ဆီဖိုးကျပ် ငါးထောင်ပါ ထပ် မံတောင်းသွားကြောင်း သိရသည်။

ထီရောင်းသမားနှစ်ဦး ပြန်သွား ပြီးနောက် ဦးဝင်းညွန့်က ပေးသွား သည့် ငွေနှစ်သိန်းစစ်ကြည့်ရာ ကျပ် ငါးသောင်း လျော့နည်းနေသဖြင့် မကွေး မြို့ပေါ်တွင် အလုပ်လုပ်သော သား ဖြစ်သူမှတစ်ဆင့် နယ် သတင်းထောက် တစ်ဦး၏အကူအညီဖြင့် မကွေးမြို့ ကမ်းနားလမ်း ထီဖြန့်ချိရေးဆိုင်တွင် စုံစမ်းရာမှ တွတ်ဝင်ခြင်း မဟုတ်ဘဲ ၁ဝ သိန်းဆု ပေါက်သောဂဏန်း က/ ၄၅၃၈၇၂ ဖြစ်ကြောင်း သိရသည်။

''ဒီလူတွေက အရောင်းဝန်ထမ်း တွေပါ။ သူတို့ရောင်းတဲ့အထဲက ၁ဝ သိန်းဆုပေါက်တယ်ပြောပြီး ပင်ရင်း က ငွေ ၁ဝသိန်းထုတ်သွားတယ်။ ထီလက်မှတ်မပေးသေးဘူး။ ဒီကိစ္စရှင်း ပေးပါမယ်''ဟု ထီဆိုင်ရှင်က ထီရောင်း လူငယ်နှစ်ဦးကိုခေါ်ပြီး ကျန်ရှစ်သိန်းကို ဦးဝင်းညွန့်ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment