Thursday 18 September 2014

ရန်ကင်းတီတီစီ ကျောင်းအုပ်ဆရာမကြီး ပြောင်းရွှေ့ခံရမှုအပေါ် ၀န်ကြီးဌာန မှဖြေရှင်းချက်ပေးရန် အကျိုးတော်ဆောင်အဖွဲ့ တောင်းဆို

ကျောင်းဝင်ခွင့်လက်ခံမှု ပြဿနာဖြစ်ခဲ့သည့် ရန်ကင်းတီတီစီကျောင်းအုပ် ဆရာမကြီးကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ ပညာရေးကောလိပ်သို့   ပြောင်းရွှေ့ ခံရခြင်းကို ပညာရေးဝန်ကြီးဌာနမှ  ဖြေရှင်းချက်    ထုတ်ပေး ရန် ကျောင်း အကျိုးတော်ဆောင် အဖွဲ့ ကတောင်းဆိုလိုက်သည်။
ကျောင်းအုပ်ဆရာမကြီးကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ပညာရေးကောလိပ် သို့ပြောင်းရွှေ့ရာတွင် မသမာ မှုဖြင့်ပြောင်းရွှေ့ခဲ့ ရသည်ဟူသည့်   အကြောင်းပြ ချက်ကို ပညာရေးဝန်ကြီးဌာနက ဖြေရှင်းပေး ရန်၊ ကျောင်း အုပ်ဆ ရာမကြီးအား ရာထူးတိုးဖြင့်အ ခြားနေရာသို့ပြောင်းရွှေ့ပေးရန် နှင့် စံပြလေ့ကျင့်ရေး အလယ်တန်း ကျောင်း(ရန်ကင်း၊ တီတီစီ)သို့ ကျောင်းအုပ်ဆရာအသစ် အမြန် ဆုံးခန့်အပ်ထားပေး ရန်တောင်း ဆိုခဲ့ခြင်းဖြစ်သည်။

‘‘ဆရာမကြီးကို မသမာမှုနဲ့ ပြောင်းရွှေ့လိုက်တယ်လို့ပြောတဲ့ အတွက် ဆရာမကြီးအနေနဲ့ရော  ကျောင်း အနေနဲ့ရော အရမ်းနစ်နာတယ်။ ဘာကမသမာတာလဲဆိုတဲ့ အကြောင်းပြချက်ကို ပညာရေးဝန်ကြီး ဌာနက ပြန်ဖြေရှင်းပေးစေချင်တယ်။ အဖြေရအောင် ကျွန်တော်တို့တက်မယ်’’ဟု ကျောင်း  အကျိုးတော်ေ ဆာင် ဥက္ကဋ္ဌဦးစိန်မင်းကပြောသည်။

စံပြလေ့ကျင့်ရေး  အလယ် တန်းကျောင်း(ရန်ကင်း၊ တီတီစီ) ကျောင်း အကျိုးတော်ဆောင်အဖွဲ့ ၊မိဘဆရာ အသင်းနှင့်  ကျောင်းသားမိဘများကစက်တင်ဘာ၁၇ ရက်နေ့လယ်က တက္ကသိုလ်ရိပ်သာလမ်း (လမ်းသစ်) ရှိ အမေ့ လက်ရာထမင်းဆိုင်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်း ပွဲ၌ တောင်းဆို ခဲ့ခြင်းဖြစ်သည်။

‘‘ဒီလိုဖြစ်လာတော့ ဆရာမကြီးရော၊ ကျောင်းရဲ့ဂုဏ် သိက္ခာရောကျတယ်။ အခုဆို ကျောင်းရဲ့ တိုးတက်ရေး၊ ဖွံ့ဖြိုးရေးတွေမလုပ်နိုင်တော့ဘူး။ အခု ကျောင်းက ကျောင်းအုပ်အသစ်လည်း မရောက်သေးတော့ ဘာဖွံ့ဖြိုးမှုမှ မလုပ်နိုင်ဘူး’’ဟု    အဆိုပါကျောင်းမှ ကျောင်းသားမိဘတစ်ဦးကပြော သည်။

စံပြလေ့ကျင့်ရေးအလယ် တန်းကျောင်း(ရန်ကင်း၊ တီတီစီ) ကျောင်း အကျိုးတော်ဆောင်အ ဖွဲ့နှင့် မိဘဆရာ အသင်းတို့က အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းချက်ပေးရန် ပညာရေးဝန်ကြီးထံသို့ သြဂုတ်လအတွင်းက အသနားခံစာပေးပို့ခဲ့သော်လည်း အ ကြောင်း ပြန်ကြားခြင်းမရှိခဲ့ကြောင်း ကျောင်း အကျိုးတော် ဆောင် အဖွဲ့က ဆိုသည်။

အဆိုပါကျောင်းတွင်မိသား စုအလိုက် တက်ရောက်ခဲ့သော အမျိုးသမီးတစ်ဦးက ၎င်း၏သမီးကို ကျောင်း အပ်နှံရာတွင် ၀န်ကြီး လက်မှတ်မပါ၍ ငြင်းပယ် ခံခဲ့ရ ကြောင်းဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်ဖော်ပြခဲ့ပြီး ပညာရေးဝန်ကြီး ဌာနက ကျောင်းအုပ်ဆရာမကြီး ကို မေလအတွင်းက စစ်ဆေးခဲ့ သည်။

ရန်ကုန်ပညာရေးတက္က သိုလ်ပါမောက္ခချုပ်ဦးဆောင် သောအဖွဲ့က ယင်းကိစ္စကိုစစ်ဆေးခဲ့ ပြီးနောက် ကျောင်းဝင်ခွင့်  ငြင်းပယ်ခံရသောကျောင်းသား အချို့ကို ပြန်လည်လက်ခံခဲ့ပြီးသုံး လအကြာ တွင် ကျောင်းအုပ်ဆရာ မကြီးကိုနေရာပြောင်းရွှေ့လိုက် ခြင်းဖြစ်သည်။

စံပြလေ့ကျင့်ရေးအလယ် တန်းကျောင်း(ရန်ကင်း၊ တီတီစီ)၌ မူလတန်းကျောင်းသားသစ် လက်ခံရာ တွင်ကျောင်း အုပ်ဆရာမကြီး၊ ရန်ကင်းပညာရေးကော လိပ်မှ ကျောင်းအုပ်၊ ဒုတိယ ကျောင်းအုပ်နှင့် ဌာနမှူး သုံးဦးပါဝင်သည့် ကျောင်းဝင်ခွင့်ရွေးချယ် ရေးကော်မတီက ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆို ပါကျောင်း အုပ် ဆရာမကြီးမှာဝင်ခွင့်မရရှိသူများ စာရင်းကို ပြုစုပေးရသူသာဖြစ် ကြောင်း ကျောင်း အကျိုးတော် ဆောင် အဖွဲ့ကဆိုသည်။

စံပြလေ့ကျင့်ရေးအလယ် တန်းကျောင်း(ရန်ကင်း၊ တီတီစီ)တွင်ကျောင်းသူ၊ ကျောင်း သား ပေါင်းနှစ်ထောင်ေ ကျာ်    တက် ရောက်ပညာသင်ကြားလျက်ရှိ သည်။

7Day DAILY

No comments:

Post a Comment