Thursday 18 September 2014

ငလျင်ဧရိယာအတွင်းပါဝင်နေသော်လည်း Capital City စီမံကိန်း စိတ်ဝင်စားသူများဟုကုမ္ပဏီပြော

ဆောက်လုပ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Capital Development မှ တည် ဆောက်သည့် Capital City သည် ငလျင်ဧရိယာအတွင်း ပါဝင်နေသော်လည်း စိတ်ဝင်စားသူများပြားကြောင်း သတင်း ရရှိသည်။
Capital City စီမံကိန်းမှာ ရန်ကုန်မြို့၏ ငလျင်ဇုန် 2B တွင် ပါဝင်နေသည့်အတွက် ငလျင် ဒဏ်ခံနိုင်စေရန် အထပ်မြင့် အ ဆောက်အအုံစီမံကိန်းများ အ ရည်အသွေးစစ်ဆေးရေးကော်မ တီမှ စစ်ဆေးမှုများဖြင့် တည် ဆောက်ထားသည်ဟု ဆိုသည်။

အဆိုပါ Capital City တွင် ပါဝင်သော ပထမဆုံးအပိုင်းဖြစ် သည့် Gems Garden ကွန်ဒိုမီနီ ယမ်ကို ၂၀၁၅ အကုန် အပြီး တည်ဆောက်မည်ဖြစ်ပြီး ကွန်ဒိုတိုက်ခန်းပေါင်း ၅၈၄ ခန်းနှင့် ကားပါကင်ငါးထပ်ကို ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။ ယင်းမှာပြည်လမ်းနှင့် အင်းစိန်လမ်းကြားရှိသုခမှတ်တိုင်အနီးတွင် တည်ရှိပြီးယင်းစီမံကိန်းကို  ၂၀၁၃ အောက်တိုဘာမှ စတင်တည်ဆောက်ခဲ့ရာ လက်ရှိကာလတွင် ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

Gems Garden ကွန်ဒိုမီနီ ယမ်မှ အခန်းများသည် တစ်ခန်း လျှင် အများဆုံး ကျပ်သိန်း ၃၆၀၀ နှင့် အနည်း ဆုံး သိန်း ၁၆၀၀ ကျပ်ရှိ ပြီး ယင်းအဆောက်အအုံမှ အ ခန်းများ ရောင်းချရန် ပထမဆုံးအ ကြိမ် ၁၀ ရာခိုင်နှုန်း၊ ဒုတိယအ ကြိမ် ၁၀ ရာခိုင်နှုန်းနှင့် ကျန်ငွေ များကို ၁၅ လ (သို့မဟုတ်) လ ၂၀ အတွင်း အပြီးပေး သွင်းရန် သတ်မှတ်ရောင်းချနေသည်။

Gems Garden ကွန်ဒိုမီနီ ယမ်ရှိ အခန်းစုစုပေါင်း၏ ၉၈ ရာခိုင်နှုန်းကို အိပ်ခန်းနှစ်ခန်းနှင့် အိပ်ခန်းသုံးခန်း ပါဝင်သော ကွန်ဒို တိုက်ခန်းများအဖြစ် အချိုးတူ ဖွဲ့ စည်းတည်ဆောက်ထားသည်။

အဆိုပါစီမံကိန်း ဒုတိယအ ဆင့်တွင် Capital Mall အပါအ ၀င် နိုင်ငံတကာအဆင့်အတန်းမီ Service Apartment များ၊ ရုံးခန်း များပါဝင်သော အထပ်မြင့်အ ဆောက်အအုံတစ်ခုဖြင့် အဆင့် မြင့်လူနေအိမ်ရာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံများ ပါဝင်သည်။ စီမံကိန်း တတိယအ ဆင့်ကို မြေအကျယ်အ၀န်း သုံးဧကပေါ်တွင် တည်ဆောက်မည် ဖြစ်ပြီး ယင်းစီမံကိန်းမှာ လူနေအိမ်ရာများအတွက် သီးသန့်သာ ဖြ စ်ကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment