Thursday 18 September 2014

နှစ်သုံးဆယ်က ခံစားမှုမျိုးပေးမယ့် သူငယ်ချင်းသုံးယောက်ဖျော်ဖြေပွဲ

Photo: နှစ်သုံးဆယ်က ခံစားမှုမျိုးပေးမယ့် သူငယ်ချင်းသုံးယောက်ဖျော်ဖြေပွဲ
Thursday, September 18, 2014

 သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှု မည့်ပရိသတ်များအတွက် လွန်ခဲ့ သည့်နှစ်သုံးဆယ်က ခံစားမှုမျိုး ရရှိစေရန် ဖျော်ဖြေပေးသွားမည် ဟု ကိုင်ဇာကပြောသည်။

  ‘‘သုံးယောက်ပေါင်းတဲ့ ခေါင်းစဉ်တစ်ခုကို အရင်ဆုံးခပ် ဆန်းဆန်းလေးတွေပေးဖို့စဉ်းစား သေးတယ်။ ဒါပေမဲ့ စိတ်တိုင်း မကျတာနဲ့ ကျွန်တော့်ရဲ့စတုတ္ထ တစ်ကိုယ်တော်ခွေနောက်တစ် ခေါက်လောက်ထပ်ပြောပါဆိုတဲ့ အခွေမှာ ရေးခဲ့ဆိုခဲ့ဖူးတဲ့သူငယ် ချင်းသုံးယောက်ဆိုတဲ့သီချင်းကို ပြန်အမှတ်ရပြီး ဒီသုံးယောက်နဲ့အဲဒီ ခေါင်းစဉ်နဲ့အလိုက်ဖက်ဆုံး ဖြစ်တယ်။ အဲဒါကြောင့် အရိုးဆုံးနာ မည်လေးကိုပဲပေးဖြစ်သွားတာ’’ ဟု ကိုင်ဇာကပြောသည်။

‘‘စုံတွဲသီချင်းတွေအများကြီး ဆိုခဲ့ပေမယ့်    မဆွေနဲ့ဆိုရင် ပေါက်တယ်။ မငယ်နဲ့ဆိုရင် ပေါက်တယ်။ ကျွန်တော်ရေးတဲ့ သီချင်းတွေဆိုရင်လည်း သူတို့က သရုပ်ဖော်နိုင်တယ်။ နဂိုကတည်း ကအလုပ်တွေအများကြီးတွဲလုပ် ခဲ့ဖူးတယ်။ ခုလည်း အခက်အခဲ တော့မရှိပါဘူး။ ငယ်ငယ်တုန်းက မုဒ်လေးတွေ  အားတက်သရော ပြန်လုပ်ရင်အဆင်ပြေသွားမှာပါ’’ ဟု ကိုင်ဇာကပြောသည်။

အောင်မြင်သည့်သီချင်းများ စွာ သီဆိုဖျော်ဖြေထားနိုင်သည့် အဆိုတော်များဖြစ်သောကြောင့် သီချင်းရွေးချယ်မှု   အပိုင်းတွင် အခက်အခဲဖြစ်ရာ ပရိသတ်အား ပေးမှုအများဆုံးရရှိခဲ့သည့် ကိုယ် ပိုင်သီချင်းများသီဆိုရန် မေဆွိနှင့် မေခလာကိုအကြံပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဖျော်ဖြေပွဲတွင် စုံတွဲသီဆို မည့်သီချင်းများကိုမူ ကြိုတင်၍ ပြောမထားလိုဘဲ ပရိသတ်များ အနေဖြင့် လာရောက်ကြည့်ရှု သည့်အချိန်မှသာ နားဆင်စေလို ကြောင်း ကိုင်ဇာကပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ရုပ်သံ များမှတိုက်ရိုက်ထုတ်လွှင့်သွား မည်မဟုတ်သော်လည်း ကင်မရာ များဖြင့် မှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အခွေထုတ်ဖို့မထုတ်ဖို့က မစဉ်းစားရသေးပါဘူး။ ကင်မရာ တွေနဲ့တော့ မှတ်တမ်းတင်ထား မယ်။ အခွင့်အရေးပေးရင်တော့ ဒါက ရွှေဖြစ်လာမှာပါ’’ဟု ကိုင်ဇာကပြောသည်။

ကိုင်ဇာ၊ မေဆွိ၊ မေခလာ သုံးယောက်သီဆိုဖျော်ဖြေမည့် သူငယ်ချင်းသုံးယောက်ဟုအမည် ပေးထားသောဖျော်ဖြေပွဲကို စက် တင်ဘာ ၂၇ ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သည့်ငါးနှစ်ခန့်ကပြု လုပ်ခဲ့သော တစ်ကိုယ်တော်ဖျော် ဖြေပွဲကိုလည်း သီချင်းရှင်ရဲ့ခရီး စဉ်-၂အမည်ဖြင့် စက်တင်ဘာ ၂၀ ရက်တွင် ဖြန့်ချိသွားရန်အစီ အစဉ်ရှိကြောင်း ကိုင်ဇာကပြော သည်။

ယင်းတစ်ကိုယ်တော်ဖျော် ဖြေပွဲတွင် မေဆွိ၊ မေခလာတို့နှင့် အတူ တစ်သက်လုံးပဲသတိရနေ မှာပါသီချင်းကို သီဆိုခဲ့ရာ ပရိ သတ်အားပေးမှုအများအပြားရရှိ ခဲ့သောကြောင့် ယခုကဲ့သို့ သုံး ယောက်ပေါင်းကာ ဖျော်ဖြေပွဲပြု လုပ်မည့်အစီအစဉ်စတင်အ ကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

7Day DAILY

ဓာတ်ပုံ−ကျော်ဇင်သန်း
ဓာတ်ပုံ−ကျော်ဇင်သန်း
 သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုမည့်ပရိသတ်များအတွက် လွန်ခဲ့ သည့်နှစ်သုံး ဆယ် က ခံစားမှုမျိုး ရရှိစေရန် ဖျော်ဖြေပေးသွားမည် ဟု ကိုင်ဇာကပြောသည်။
‘‘သုံးယောက်ပေါင်းတဲ့ ခေါင်းစဉ်တစ်ခုကို အရင်ဆုံးခပ် ဆန်းဆန်းလေးတွေပေးဖို့စဉ်းစား သေးတယ်။ ဒါပေမဲ့ စိတ်တိုင်း မကျတာနဲ့ ကျွန်တော့်ရဲ့စတုတ္ထ တစ်ကိုယ်တော်ခွေနောက်တစ် ခေါက်လောက် ထပ်ပြောပါ ဆိုတဲ့ အခွေမှာ ရေးခဲ့ဆိုခဲ့ဖူးတဲ့သူငယ် ချင်းသုံးယောက်ဆိုတဲ့သီချင်းကို ပြန်အမှတ်ရပြီး ဒီသုံးယောက်နဲ့အဲဒီ ခေါင်းစဉ်နဲ့အလိုက်ဖက်ဆုံး ဖြစ်တယ်။ အဲဒါကြောင့် အရိုးဆုံးနာ မည်လေးကိုပဲပေးဖြစ် သွားတာ’’ ဟု ကိုင်ဇာကပြောသည်။

‘‘စုံတွဲသီချင်းတွေအများကြီး ဆိုခဲ့ပေမယ့်    မဆွေနဲ့ဆိုရင် ပေါက်တယ်။ မငယ်နဲ့ဆိုရင် ပေါက်တယ်။ ကျွန်တော်ရေးတဲ့ သီချင်းတွေဆိုရင်လည်း သူတို့က သရုပ်ဖော်နိုင်တယ်။ နဂိုကတည်း ကအလုပ်တွေ အများကြီးတွဲလုပ် ခဲ့ဖူးတယ်။ ခုလည်း အခက်အခဲ တော့မရှိပါဘူး။ ငယ်ငယ်တုန်းက မုဒ်လေးတွေ  အားတက်သရော ပြန်လုပ်ရင်အဆင်ပြေသွားမှာပါ’’ ဟု ကိုင်ဇာကပြောသည်။

အောင်မြင်သည့်သီချင်းများ စွာ သီဆိုဖျော်ဖြေထားနိုင်သည့် အဆိုတော်များဖြစ်သောကြောင့် သီချင်းရွေးချယ် မှု   အပိုင်းတွင် အခက်အခဲဖြစ်ရာ ပရိသတ်အား ပေးမှုအများဆုံးရရှိခဲ့သည့် ကိုယ် ပိုင်သီချင်းများသီဆို ရန် မေဆွိနှင့် မေခလာကိုအကြံပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဖျော်ဖြေပွဲတွင် စုံတွဲသီဆို မည့်သီချင်းများကိုမူ ကြိုတင်၍ ပြောမထားလိုဘဲ ပရိသတ်များ အနေဖြင့် လာရောက်ကြည့်ရှု သည့်အချိန်မှသာ နားဆင်စေလို ကြောင်း ကိုင်ဇာကပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ရုပ်သံ များမှတိုက်ရိုက်ထုတ်လွှင့်သွား မည်မဟုတ်သော်လည်း ကင်မရာ များဖြင့် မှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အခွေထုတ်ဖို့မထုတ်ဖို့က မစဉ်းစားရသေးပါဘူး။ ကင်မရာ တွေနဲ့တော့ မှတ်တမ်းတင်ထား မယ်။ အခွင့်အရေးပေးရင်တော့ ဒါက ရွှေဖြစ်လာမှာပါ’’ဟု ကိုင်ဇာကပြောသည်။

ကိုင်ဇာ၊ မေဆွိ၊ မေခလာသုံးယောက်သီဆိုဖျော်ဖြေမည့် သူငယ်ချင်းသုံးယောက်ဟု အမည် ပေး ထားသောဖျော်ဖြေ ပွဲကို စက် တင်ဘာ ၂၇ ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် လွန်ခဲ့ သည့်ငါးနှစ်ခန့်ကပြု လုပ်ခဲ့သော တစ်ကိုယ်တော်ဖျော် ဖြေပွဲကိုလည်း သီချင်းရှင်ရဲ့ခရီး စဉ်-၂အမည်ဖြင့် စက်တင်ဘာ ၂၀ ရက်တွင် ဖြန့်ချိသွားရန်အစီ အစဉ်ရှိကြောင်း ကိုင်ဇာကပြော သည်။

ယင်းတစ်ကိုယ်တော်ဖျော် ဖြေပွဲတွင် မေဆွိ၊ မေခလာတို့နှင့် အတူ တစ်သက်လုံးပဲသတိရနေ မှာပါ သီချင်းကို သီဆိုခဲ့ရာ ပရိ သတ်အားပေးမှုအများအပြားရရှိ ခဲ့သောကြောင့် ယခုကဲ့သို့ သုံး ယောက်ပေါင်း ကာ ဖျော်ဖြေပွဲပြု လုပ်မည့်အစီအစဉ်စတင်အ ကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

7Day DAILY

No comments:

Post a Comment