Thursday 18 September 2014

တရားခွင်အတွင်း ဓားထိုးမှုဖြစ်ပွားပြီးနောက် တရားရုံးများ လုံခြုံရေးတိုးမြှင့်မည်ဟုဆို

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားရုံးတစ်ခုတွင် အမှုစစ်ဆေးနေစဉ် ဓားထိုးမှုဖြစ်ပွားခဲ့ ပြီးနောက် တရားရုံးများ၏ လုံခြုံ ရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး တရား ရေးဦးစီးဌာနမှ သတင်းရရှိ သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံး တွင် အမှုစစ်ဆေးနေစဉ် တရား ခွင်အတွင်း သက်သေထွက်ဆိုနေ သည့် အမျိုးသမီးကို ၎င်း၏ခင်ပွန်း တရားခံအမျိုးသားက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖြစ် ပွားပြီးနောက် တရားရုံးများ၏ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျင်တင်က ပြောသည်။

‘‘တရားခွင်လုံခြုံရေး ပြည်သူ့ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပြီးတိုးမြှင့်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်’’ဟု မန္တလေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျင်တင်က ပြောသည်။
တရားရုံး အဝင်၊ အထွက် များတွင် စစ်ဆေးခြင်းကဲ့သို့ တရားရုံး၊ တရားခွင်လုံခြုံရေး တိုးမြှင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။တည်ဆဲဥပဒေများအရလည်း တရားခွင်အတွင်းသို့ လက်နက် များ ယူဆောင်လာခွင့်မရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ အနေဖြင့် တရားရုံးတွင် လုံခြုံရေး ဆောင်ရွက်ပေးရခြင်းများရှိပြီး မြို့နယ်တရားရုံးတစ်ခုလျှင် ရဲတပ်ဖွဲ့ ဝင်အင်အား ၁၀ ဦးခန့်ဖြင့် တရား ရုံးလုံခြုံရေး၊ တရားခွင်လုံခြုံရေး ဆောင်ရွက်ပေးရသလို ခွင့်မပြု သော လက်နက်များ၊ ပစ္စည်းများ တရားခွင်အတွင်း ယူဆောင်ခြင်း မပြုရန် ရှာဖွေတားဆီးခြင်းများ ဆောင်ရွက်ပေးရသည်ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ထွန်းက ပြောသည်။

စက်တင်ဘာ ၁၅ ရက်က ကျောက်ဆည်မြို့နယ် တရားရုံး တွင်း ဖြစ်ပွားခဲ့သော ဓားထိုးမှု တွင် ဇနီးသည်ကို ခင်ပွန်းသည် အမျိုးသားက ဓားဖြင့်ထိုးခြင်းဖြစ် ပြီး ယင်းအမျိုးသားမှာ ဇနီးကို သတိလစ်အောင် ရိုက်နှက်မှုဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

ထိုအမျိုးသားက အမှုသက် သေထွက်ဆိုနေသည့် ဇနီးသည် ကို အသင့်ယူဆောင်လာသည့် အ ရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦး ချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး အမျိုး သမီးမှာ ကျောက်ဆည်ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသည်ဟု ဆိုသည်။

လင်မယားချင်း ပြဿနာ ဖြစ်၍ အမှုရင်ဆိုင်နေရသည့် နောင်နောင်စိုးက ဇနီးသည်မှာတရားခွင်အတွင်း မဟုတ်မမှန် ထွက်ဆိုသည်ဟုဆိုကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‘‘အဲဒီဓားက အသင့်ပါလာ တာ။ တရားခံက အချုပ်တရားခံ မဟုတ်ဘူး။ တရားသူကြီးက အာ မခံပေးထားတဲ့ တရားခံပါ။ အဲဒီ တရားခံ ရုံးထုတ်တော့လည်း တရားရုံးက လုံခြုံရေးတောင်းထား တာ မရှိဘူး’’ ဟု ကျောက်ဆည် မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး အေးအောင်က ပြောသည်။

ဓားထိုးခံရသူ အမျိုးသမီးမှာ အသက်(၂၃)နှစ်သာ ရှိသေးပြီး တရားခံကို ယခင်ပြစ်မှုအပြင် ပုဒ်မ(၃၀၇)ဖြင့် ထပ်တိုးအရေးယူ ထားပြီး ဖမ်းဆီးထားကြောင်း သိ ရသည်။

7Day Daily

No comments:

Post a Comment