Thursday 18 September 2014

ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံကိန်းဆိုင်ရာအကြံပြုဆွေးနွေးပွဲများ ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပမည်

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ လူထု အကြံ ဉာဏ် ယူသွားမည်ဖြစ် ပြီးအကြံပြုဆွေးနွေးချက်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးနှစ် မြို့၌ ကျင်းပ မည်ဖြစ်သည်။
ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာစီမံခန့်ခွဲမှုမူဘောင်ကြမ်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ပြုစုခဲ့ပြီး အဆိုပါမူဘောင်ကြမ်းနှင့်ပတ်သက်၍ပါဝင်ဆွေး နွေရန် သဘာဝပတ်ဝန်း ကျင် အ ဖွဲ့အစည်းများကို ဦးဆောင်ကျင်း ပသည့် ပို့ဆောင်ရေးဝန်ကြီးဌာန ကဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၈ရက်တွင် ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၉ ရက်တွင် မန္တလေးမြို့တို့၌ ကျင်းပ ပြုလုပ် မည်ဖြစ်သည်။ ပတ်ဝန်း ကျင်နှင့်လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်ကြမ်းရေးဆွဲစဉ်ကာလအတွင်း လူထု အကြံပေးဆွေး နွေပွဲများတစ်ကြိမ်ကျင်းပခဲ့ပြီးယ ခုတစ်ကြိမ်သည် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ် သည်။

လက်ရှိဧရာဝတီမြစ်၏ အ ခြေအနေသည် နွေရာသီကာလ၌ ရေကြောင်းသွားလာရေးအတွက် လုံလောက်သောရေ အနက်မရှိ ခြင်း၊ ရေနည်းခြင်းတို့ ကြုံတွေ့ နေရသလို မိုးရာသီကာလ၌ ရေ လျှံခြင်းများ ကိုလည်း နှစ်စဉ်ကြုံ တွေ့နေရသည်။

ဧရာဝတီမြစ်၏ ပျက်စီးယို ယွင်းမှုကိုလေ့လာရာတွင် သဘာ ၀ဖြစ်စဉ်နှင့်လူဖြစ်စဉ်နှစ်ပိုင်းခြား ထားပြီး လူကြောင့် လား၊ သဘာဝ  ကြောင့်လား သိရှိရန် လူထုလူ တန်းစားအားလုံးပါဝင်သော သု တေသန တစ်ရပ် ပြုလုပ်ရန် လိုအပ်နေပြီဟု မြစ်ချောင်းဆိုင်ရာဘူမိရုပ်သွင်ပညာ လေ့လာထားသူ ဦးမောင်မောင်အေး က ယခင်ဆွေးနွေးပွဲတွင် အကြံပြုခဲ့သည်။

ထိန်းသိမ်းရေး လုပ်ငန်းဟု ဆိုပါက လက်တွေ့အကောင်အ ထည်ဖော်ရမည့်လုပ်ငန်းပိုင်းရှိသ လို မူဝါဒပိုင်း အရ ပြင်ဆင်ရမည့် အပိုင်းများလည်းရှိပြီး ယနေ့မျက် မှောက်ခေတ်တွင် အစိုးရ၀န်ကြီး  ဌာနများအလိုက် အကောင်အ ထည်ဖော်နေသောလုပ်ငန်းများ လည်းဧရာဝတီမြစ်အတွင်းရှိလာ ၍ ထိန်းသိမ်းရေးအပြင် ၀န်ကြီးဌာန အချင်းချင်း အချိတ်အဆက်မိမိရှိသင့်သည်ဟု ပညာရှင်များကထောက်ပြကြသည်။

ဧရာဝတီမြစ်ထိန်းသိမ်းရေး စီမံကိန်းကို ကမ္ဘာ့ဘဏ်၏ မူဝါဒ အတိုင်း အကြံပြုချက် များဖြင့် ဆောင်ရွက် မည်ဖြစ်သောကြောင့် စီမံကိန်းမတိုင်မီ ပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း၊ လူမှုထိခိုက်မှု စစ်တမ်းနှင့် ပတ်ဝန်းကျင်စီမံခန့် ခွဲမှုဆိုင်ရာများကို ရေးဆွဲသွား မည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment