Thursday 18 September 2014

ကိုရီးယား စက်ရုံအလုပ်သမားများကို ရဲတပ်ဖွဲ့ ဖြိုခွင်းရခြင်းရှင်းလင်း

မာစတာစပေါ့ အလုပ်သမားများက အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို စက်ရုံအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ရာကျော်က အင်အားသုံး၍ ဖြိုခွင်းခဲ့ခြင်း သာဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန် မြို့ လုံခြုံရေး ကွပ်ကဲမှု အဖွဲ့မှူးရုံး ရဲမှူးကြီးချစ်ဦးက ပြောသည်။
လှိုင်သာယာ စက်မှုဇုန်-၃ အတွင်းရှိ ကိုရီးယားအလုပ်ရှင်က နစ်နာမှုလျော်ကြေးမပေးဘဲ ၎င်း ၏နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွား၍ ယင်းစက်ရုံမှ ပစ္စည်းများကို ဝရမ်းထုတ်ပြီး ဥပဒေအတိုင်း ရောင်းချရန် အလုပ် သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် စက်ရုံအလုပ်သမား နှစ်ရာကျော်တို့ စက်ရုံအတွင်း ညှိနှိုင်းေ ဆွးနွေး မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဥပဒေအတိုင်း ရောင်းချပါက လုပ်သားများအနေ ဖြင့် နိုဝင်ဘာလအတွင်းမှ သာ လျော်ကြေးငွေ ရရှိမည်ဖြစ်၍ အလုပ်သမားများက အမြန်ဆုံးဖြေရှင်းပေးရန် တိကျသည့်အဖြေ တစ်ခုကို ပိတ်ပင်တောင်းဆို မှုများ ပြုလုပ်ခဲ့သည်။ စက်ရုံတံခါးပိတ်ပြီး ပိတ်ပင်တားဆီးသည်ဟုဆိုကာ ယင်းပုဂ္ဂိုလ်က ရန်ကုန်တိုင်း အစိုးရရုံးသို့ သတင်းပို့ အကြောင်း ကြားခဲ့၍ ရဲတပ်ဖွဲ့ဝင်များ ရောက် ရှိလာခဲ့သော်လည်း အလုပ်သမား များဘက်မှ နောက်ဆုတ်ခြင်းမရှိ ခဲ့၍ စက်ရုံတွင်း ဝင်ရောက်ကာ အင်အားသုံး ဖြိုခွင်းခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

‘‘လေလံပစ်ပြီး  စက်ရုံက ပစ္စည်းတွေ ရောင်းပေးဖို့ ရှင်းပြ တယ်။ ၁၁ လပိုင်းအမီရဖို့ ၁၀ လ ပိုင်းကတည်း က လေလံပစ်ရောင်းမယ်လို့ ပြောတာကို လက်မခံဘဲ ဓားစာခံသဘောမျိုး ပိတ်လှောင် ထားပြီး အခုချက်ချင်းပဲ ငွေလိုချင် တယ်။ အဲဒီအချိန် ရဲမှူးကြီးချစ်ဦး က ရောက်လာပြီး ဖျောင်းဖျ တယ်။ဘယ်လိုမှ မရဘဲ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တုတ်တွေ၊ ရေဘူးတွေနဲ့ ပစ်ပေါက်မှုတွေ ဖြစ် ပွားခဲ့ပါတယ်။ မြန်မာ့ ရဲတပ်ဖွဲ့အ နေနဲ့လည်း အင်အားမသုံးဘဲ ညွှန် ကြားရေးမှူးချုပ်ကို ခေါ် ထုတ်ပြီး ဖြေ ရှင်း ခဲ့ပါတယ်’’ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ထင်အောင်က ပြောသည်။

‘‘သူ့ဆီက ညီမတို့ တိကျတဲ့ အဖြေမရလို့ ဝိုင်းတောင်းဆိုတာ ပါ။ သူ့ကိုလည်း ဖမ်းချုပ်တာ မ ဟုတ်ပါဘူး။ ဦးဝင်းရှိန်က ကဲ သမီးတို့ အစည်းအဝေးလုပ်မယ် ဆိုပြီး စက်ရုံထဲ လူစုခိုင်းတာ နောက် ရဲကိုဖုန်းဆက်ပြီး ဝိုင်းရိုက် ခိုင်းတာ။ ညီမတို့မှာ ပြန်ခုခံဖို့ ထမင်းချိုင့်နဲ့ ရေဘူးပဲရှိတယ်။ အ ရေးအခင်း ဖြစ်နေသလိုပဲ’’ဟု မာ စတာစပေါ့စက်ရုံမှ အလုပ်သမား မကေခိုင်လင်းက တုံ့ပြန်ပြောဆို သည်။

အခင်းဖြစ်ပွားချိန်တွင် ရဲ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၃၀၀ နီးပါး အနက် ရဲတပ်ဖွဲ့ဝင် ၁၂၀ ခန့် ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ သို့သော် လုပ်သားများ၏ ပြောကြားချက်အရ လုပ်သားအင်အားထက် ရဲတပ်ဖွဲ့ဝင်အင်အားမှာ တစ်ရာကျော် ပါဝင်သည်ဟုဆိုသည်။

ထို့အပြင် ယင်းဖြစ်စဉ်တွင် ရဲအင်အားအသုံးပြုခြင်းသည် ရဲ မူဝါဒလေးရပ်နှင့်အညီ ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး အင်အားမသုံးမီ ကြိုတင်သတိပေးကြေညာချက်များ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားများဘက် က နောက် ဆုတ် ခဲ့ခြင်းမရှိ၍ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ရန်ကုန်မြို့လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှူးရုံး ရဲမှူးကြီးချစ်ဦး က ပြောသည်။

လှိုင်သာယာမြို့နယ် စက်မှု ဇုန်(၃) အတွင်းရှိ မာစတာစပေါ့ အထည်ချုပ်စက်ရုံမှ လုပ်သား ရှစ်ရာကျော်ကို အလုပ်ရှင် ကိုရီး ယားက ဇွန်လအတွက်လစာမပေး သည့်အပြင် နစ်နာကြေးမပေးဘဲ စက်ရုံပိတ်သိမ်းခဲ့၍ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အလုပ်သမားများအနေဖြင့် ကိုရီး ယား သံရုံးရှေ့ လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုသော်လည်းကို ရီးယားသံရုံးက ဆောင် ရွက်ပေးခြင်း မရှိသေးပေ။

စက်တင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် စက်ရုံမှ အမျိုးသမီးလုပ်သားနှစ်ဦးကို ခေတ္တ ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခဲ့ ကြောင်း သိရသည်။ ထို့အပြင် အ ခင်းဖြစ်ပွားချိန်တွင် လုပ်သားနှစ် ရာကျော်အနက် အမျိုးသမီးလုပ်သားနှစ်ရာနီးပါး ပါဝင်ပြီး အမျိုး သား အလုပ်သမားမှာ ၁၀ ဦးခန့် သာရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် အလုပ်သမားသုံးဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့၍ လှိုင်သာယာ ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment