Thursday 18 September 2014

အမေရိကန်အပါအ၀င် နိုင်ငံအချို့နှင့် ငွေစာရင်းလွှဲပြောင်းရာတွင် ခက်ခဲနေဆဲဟုဆို

မြန်မာနိုင်ငံတွင် ဈေးကွက်ရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန် အမေရိကန် က စီးပွားရေးပိတ်ဆို့ မှုဖြေလျှော့ ပေးသော်လည်း အချို့ငွေစာရင်းလွှဲပြောင်းမှုများတွင် ယခုအချိန်ထိ အခက်အခဲရှိနေ ဆဲ ဖြစ် ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
ယင်းပြဿနာများကို  ဖြေ ရှင်းရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်အနေဖြင့် လက်ရှိအချိန်ထိ အမေရိကန် သံအမတ်ကြီးနှင့် အမေရိကန်တွင်ရှိသော အဖွဲ့ အစည်းများနှင့်ပါ အချိန်ပြည့်ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်း က ဆိုသည်။

‘‘မြန်မာနိုင်ငံ ဈေးကွက်က စဖွင့်ပါပြီ။ ဖွင့်တဲ့အတွက် stru-cture change တွေ အများကြီးလုပ်ရပါတယ်။ အခုအချိန်ထိ အမေရိကန်ဘက်က US section က ပေးလိုက်ပြီဆိုပေမယ့်လည်း အခုအချိန်ထိ transation တချို့ မှာ ပြဿနာတွေရှိနေပါတယ်’’ ဟု ဦးဆက်အောင်က ပြောသည်။

ထို့ကြောင့်  ယခု  လကုန် အမေရိကန်နိုင်ငံရှိ Myanmar Investment Outreach Forum သို့ သွားရောက် မည့် အရေးတွင်မြန်မာ နိုင်ငံ၌ တိုးတက်မှုများ၊ လုပ် ဆောင်နေမှုများနှင့် အဓိကအား ဖြင့် ငွေကြေးခဝါချမှု များနှင့်ပတ် သက်သောအချက်များကိုချပြပြီး မြန်မာ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြသွားမည်ဖြစ် သည်။

အမေရိကန်နိုင်ငံတွင်ရှိနေ သော နားလည်မှုလွဲမှားနေမှုများ နှင့်ပတ်သက်၍ မည်သို့ နားလည်မှုယူမည် ဆိုသော အချက်များကိုပါ ဆွေးနွေးမည်ဖြစ်၍ ယင်းသွားရောက်မှုက မြန်မာနိုင်ငံအတွက် များစွာ အကျိုးဖြစ် ထွန်းနိုင်မည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဘဏ္ဍာ ရေးနှင့် ပတ်သက်သော အပိုင်းတွင် အလွန်နောက်ကျကျန်နေ ၍ စဖွင့်လိုက်သော အချိန်တွင် အခွင့်အလမ်းများစွာ ရှိနေသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသည်။

အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးနေပြီ ဆိုသော်လည်း လက်ရှိကာလအထိ မြန်မာနိုင်ငံ မှ ထွက်ရှိသော တန်ဖိုးကြီး ပစ္စည်းများဖြစ်သည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းဖြင့် ပြုလုပ်သော ပစ္စည်းများ၊ ပတ္တမြားများ တင်သွင်းမှုကို ဆက် လက်တားမြစ်ထားဆဲဖြစ်သည်။ အမေရိကန်သို့ သစ်တင်ပို့မှုတွင် လည်း တစ်နှစ်သက်တမ်းဖြင့်သာ တင်ပို့ခွင့် ပေးထားသည်။

7Day DAILY

No comments:

Post a Comment