Thursday 18 September 2014

စစ်တွေတွင် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းမိ

စစ်တွေမြို့ မြို့ပေါ်ရပ်ကွက် တခုဖြစ်တဲ့ ကသည်းရပ်ကွပ် ဆိပ်ရိုးကျဆိပ်ခံတံတားအမှတ် ၁၉ မှာ ဆိုက်ကပ်ထားတဲ့ မင်းမင်း-၁ စက်လှေကို သတင်းအရရှာဖွေရာမှာ အမေရိကန်လုပ်လက်ပစ်ဗုံး ၂ လုံးကို ရှာဖွေသိမ်းဆည်းခဲ့ပြီး တရားခံလို့ ယူဆရတဲ့ ဦးကျော်တင် အသက် (၄၉) နှစ်ကို စစ်ဆေးနေပါတယ်။

နေအိမ်ကို ဆက်လက်ရှာဖွေရာ ယမ်းတောင့် ၂ တောင့်ကို ထပ်မံသိမ်းဆည်းရမိပြီး လက်နက်ဥပဒေပုဒ်မ ၁၉/ စ အရ အမှုဖွင့်ထားတယ်လို့ စစ်တွေမြို့ မြို့မရဲစခန်း ဒုရဲမှူး စောမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စစ်တွေမှာ ဆိုက်ကပ်ထားတဲ့ စက်လှေတစီးပေါ်ကနေ တွေ့လို့ ကောက်ယူ သိမ်းဆည်းထားတာလို့ ဦးကျော်တင်က ဖြေဆိုတယ်ကြောင်း ဒုရဲမှုးစောမြင့်က ပြောပါတယ်။

DVB

No comments:

Post a Comment