Thursday 18 September 2014

မန္တလေးမြို့ပြဧရိယာ စစ်ကိုင်းအထိပါနိုင်ဟု ပညာရှင်ခန့်မှန်း

မန္တလေးမြို့ပြဧရိယာချဲ့ထွင်မှုသည် နယ်ကျော်၍ စစ်ကိုင်းမြို့အထိပါရောက်ရှိ သွားနိုင် ကြောင်း ပြင် သစ်နိုင်ငံ မှ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများလေ့လာနေ သည့် FASEP အဖွဲ့မှ Team Leader Mr. Christian Moncet က ခန့်မှန်းလိုက်သည်။
ထို့အပြင် မန္တလေးမြို့သည် တောင်ဘက်စက်မှုဇုန်မှတစ်ဆင့် တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်အထိ မြို့ပြအဖြစ် ဖွံ့ဖြိုး တိုးတက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။ မြို့ပြဖွံ့ဖြိုးတိုးတက်လာသည့် နည်းတူ ထိရောက်သည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ရှိရန်လိုအပ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကွန်ရက် တစ်ခုရရှိရမည် ဖြစ်ကြောင်း Mr. Christian Moncet က ပြောသည်။မန္တလေးမြို့တော်တွင်   မူလ က ငါးမြို့နယ်သာရှိပြီး ၂၀၁၁ ခုနှစ် တွင် အမရပူရမြို့နယ်ကိုပါ ထည့် သွင်းခဲ့သည်။ ဆက်လက်ပြီး ပုသိမ်ကြီးမြို့နယ်ကိုလည်း မြို့ တော်စည်ပင်သာယာရေးကော် မတီ နယ်နိမိတ်အတွင်း ထည့်သွင်းရန် စီစဉ်နေသည်။

မန္တလေးမြို့သည် နေပြည် တော်၏ မြောက်ဘက် (၂၄၄)မိုင်အကွာ၊ ရန်ကုန်မြို့တော်၏ မြောက်ဘက် (၄၃၅)မိုင်အကွာ၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း တွင် တည်ရှိသည်။ မန္တလေးမြို့ သည် အရှေ့မှ အနောက်သို့ ၁၆ ဒသမ၅ မိုင်ခန့် ရှည်လျားသည်။ တောင်မှ မြောက်သို့ (၁၆)မိုင်ခန့် ရှည်လျားပြီး ဧရိယာစတုရန်းမိုင် ပေါင်း ၁၂၁ဒသမ၅  ကျယ်ဝန်း သည်။  မြို့နယ်ပေါင်းခြောက်မြို့နယ်၊ ရပ်ကွက်ပေါင်း (၉၆)ခု၊ ကျေးရွာအုပ်စုပေါင်း (၄၂)ခု၊ ကျေးရွာ ပေါင်း (၁၇၀)ပါဝင်ဖွဲ့စည်းထား သည်။ အိမ်ခြေ (၁၇၁,၄၂၀)လုံး၊ အိမ်ထောင်စု (၂၃၅,၅၄၉)စု၊ လူဦးရေ ၁ဒသမ၂၅ သန်းကျော် မှီတင်းနေထိုင်လျက် ရှိသည်။

7Day DAILY

No comments:

Post a Comment