Thursday 18 September 2014

တိုယိုတာကုမ္ပဏီ ကားမော်ဒယ်ခုနစ်မျိုး စတင်ရောင်းချ

Photo: တိုယိုတာကုမ္ပဏီ ကားမော်ဒယ်ခုနစ်မျိုး စတင်ရောင်းချ
Thursday, September 18, 2014

မြန်မာနိုင်ငံတွင် အခြေ စိုက်ဖွင့်လှစ်နေပြီဖြစ်သည့် ဂျပန် ကားကုမ္ပဏီ တိုယိုတာ က မော် ဒယ် ခုနစ်မျိုးကို စတင်တင်သွင်း ရောင်းချနေပြီဟု တိုယိုတာကုမ္ပဏီ က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံကားဈေးကွက် ဝေစုနှင့် အသုံးပြုမှုအများဆုံးဖြစ် နေသည့် တိုယိုတာ ကားများကို ဈေးကွက်လိုအပ်ချက်ပေါ်မူတည် ပြီး ထပ်မံတင်သွင်းရောင်းချသွား ရန် တိုယိုတာက ရည်ရွယ်ထား သည်။‘‘တိုယိုတာက ထုတ်တဲ့ မော်ဒယ်တွေက အများကြီးပဲ။ ဒါပေမဲ့ ကုမ္ပဏီက လတ်တလောသတ် မှတ်ထားတဲ့ မော်ဒယ်တွေ ကိုပဲ တင်သွင်းသွားမှာပါ’’ဟု တိုယိုတာမြန်မာပြည်ကိုယ်စားလှယ် TTAS ကုမ္ပဏီမှ အရောင်းနှင့် ဈေးကွက် အထွေထွေမန်နေဂျာ ကိုမျိုးမြင့် သိန်းက ပြောသည်။

လက်ရှိတွင်  တိုယိုတာမှ ဟိုင်းလတ်၊ ဟိုက်အေ့စ်၊ ပရာဒို၊ လန်ခရူဇာ၊ ကန်မရီ၊ ကော်ရိုလာ၊ အယ်လ်ဖတ် အစရှိသော တိုယို တာမှ နောက်ဆုံး ထွက်ရှိထား သည့် မော်ဒယ်သစ်များကို တင် သွင်းရောင်းချသွားမည် ဖြစ် သည်။မြန်မာနိုင်ငံဈေးကွက်၏ လို အပ်ချက်ပေါ်မူတည်ပြီး အမျိုး အစားသစ် မော်ဒယ်များ ထပ်မံ တင်သွင်းရန် တိုယိုတာက ခန့်မှန်း ထားသည်။ လက်ရှိမြန် မာပြည် ဈေးကွက်၏ တစ်ပတ်ရစ်ကား အများစုမှာ တိုယိုတာမှ ဖြစ်ပြီး ဂျပန်ကားလေလံဈေးကွက်တွင် မြန်မာပြည်မှ တင်သွင်းမှုအများဆုံးသုံးနိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်။ တိုယိုတာသည် မြန်မာပြည် မှ တစ်ပတ်ရစ်ကားဈေးကွက်၏ စစ်တမ်းတစ်ခုကို ကောက်ယူရန် ရည်ရွယ်ထားပြီး လက်ရှိအချိန် အထိ အစိုးရ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက်အလက်များ ပေါ်မူတည်ပြီး အားကိုးနေရဆဲ ဖြစ်ကြောင်း သိရသည်။

‘‘ဂျပန်ကားတွေရဲ့ အားသာ ချက်က ဆီစားနည်းတယ်။ ဈေး သက်သာတယ်။ ဒါကြောင့် မြန်မာ ပြည်ရဲ့ ဈေးကွက်က ဂျပန်ကား တွေ ဦးဆောင်နေမှာပဲ’’ ဟု မြမြင့် မိုရ် ကား အရောင်းပြခန်းပိုင်ရှင်က သုံးသပ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ဖွင့် လှစ်ထားပြီဖြစ်သည့် Brand Newကား အရောင်းပြခန်း (၁၃)ခုမှ ကားအစီးရေ ၁၆၀၀ ကျော်ကို တင်သွင်းထားပြီး အရောင်းပြခန်းတစ် ခုလျှင် အစီးရေ ၃၀၀ အထိ တင် သွင်းခွင့်ပြုထားကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများမှ သိရသည်။

7Day DAILY

တိုယိုတာကုမ္ပဏီထုတ် ကန်မရီကားသစ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ− မိုးညို)
တိုယိုတာကုမ္ပဏီထုတ် ကန်မရီကားသစ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ− မိုးညို)
မြန်မာနိုင်ငံတွင် အခြေ စိုက်ဖွင့်လှစ်နေပြီဖြစ်သည့် ဂျပန် ကားကုမ္ပဏီ တိုယိုတာ က မော် ဒယ် ခုနစ်မျိုးကို စတင်တင်သွင်း ရောင်းချနေပြီဟု တိုယိုတာကုမ္ပဏီ က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံကားဈေးကွက် ဝေစုနှင့် အသုံးပြုမှုအများဆုံးဖြစ် နေသည့် တိုယိုတာ ကားများကို ဈေးကွက် လိုအပ်ချက်ပေါ်မူတည်ပြီး ထပ်မံတင်သွင်းရောင်းချသွားရန် တိုယိုတာက ရည်ရွယ်ထားသည်။‘‘ တိုယိုတာက ထုတ်တဲ့ မော်ဒယ်တွေက အများကြီးပဲ။ ဒါပေမဲ့ ကုမ္ပဏီက လတ်တလောသတ် မှတ်ထား တဲ့ မော်ဒယ်တွေ ကိုပဲ တင်သွင်းသွားမှာပါ’’ဟု တိုယိုတာမြန်မာပြည်ကိုယ်စားလှယ် TTAS ကုမ္ပဏီမှ အရောင်းနှင့် ဈေးကွက် အထွေထွေမန်နေဂျာ ကိုမျိုးမြင့် သိန်းက ပြောသည်။

လက်ရှိတွင်  တိုယိုတာမှ ဟိုင်းလတ်၊ ဟိုက်အေ့စ်၊ ပရာဒို၊ လန်ခရူဇာ၊ ကန်မရီ၊ ကော်ရိုလာ၊ အယ်လ်ဖတ် အစရှိသော တိုယို တာမှ နောက်ဆုံး ထွက်ရှိထား သည့် မော်ဒယ်သစ်များကို တင် သွင်းရောင်းချသွား မည် ဖြစ် သည်။မြန်မာနိုင်ငံဈေးကွက်၏ လို အပ်ချက်ပေါ်မူတည်ပြီး အမျိုး အစားသစ် မော်ဒယ်များ ထပ်မံ တင်သွင်းရန် တိုယိုတာက ခန့်မှန်း ထားသည်။ လက်ရှိမြန် မာပြည် ဈေးကွက်၏ တစ်ပတ်ရစ်ကား အများစုမှာ တိုယိုတာမှ ဖြစ်ပြီး ဂျပန်ကားလေလံဈေးကွက်တွင် မြန်မာပြည်မှ တင်သွင်းမှုအများဆုံး သုံးနိုင်ငံ စာရင်းတွင် ပါဝင်လျက်ရှိသည်။ တိုယိုတာသည် မြန်မာပြည် မှ တစ်ပတ်ရစ်ကားဈေးကွက်၏ စစ်တမ်းတစ်ခု ကို ကောက်ယူရန် ရည်ရွယ်ထားပြီး လက်ရှိအချိန် အထိ အစိုးရ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက် အလက်များ ပေါ်မူတည်ပြီး အားကိုးနေရဆဲ ဖြစ်ကြောင်း သိရသည်။

‘‘ဂျပန်ကားတွေရဲ့ အားသာ ချက်က ဆီစားနည်းတယ်။ ဈေး သက်သာတယ်။ ဒါကြောင့် မြန်မာ ပြည် ရဲ့ ဈေးကွက်က ဂျပန်ကား တွေ ဦးဆောင်နေမှာပဲ’’ ဟု မြမြင့် မိုရ် ကား အရောင်းပြခန်းပိုင်ရှင်က သုံးသပ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ဖွင့် လှစ်ထားပြီဖြစ်သည့် Brand Newကား အရောင်းပြခန်း (၁၃)ခုမှ ကားအစီးရေ ၁၆၀၀ ကျော်ကို တင်သွင်းထားပြီး အရောင်းပြခန်းတစ် ခုလျှင် အစီးရေ ၃၀၀ အထိ တင် သွင်းခွင့်ပြုထားကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများမှ သိရသည်။

7Day DAILY

No comments:

Post a Comment