Friday 19 September 2014

မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းမှာ ဒေါ်လာ ငါးဘီလျံကျော် ရှိလာ၍ ချေးယူထားသည့် ၀န်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

Photo: မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းမှာ ဒေါ်လာ ငါးဘီလျံကျော် ရှိလာ၍ ချေးယူထားသည့် ၀န်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Friday, September 19, 2014

မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ရှိနေပြီဖြစ်သဖြင့် ချေးယူထားသည့် ဝန်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များက စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။
 
နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ချေးယူရန် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
 
  ကျန်းမာရေးဝန်ကြီးဌာနသည် အမေရိကန်ဒေါ်လာသန်း ၁ဝဝ ဖြင့် လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုရရှိစေနိုင်မည့်လုပ်ငန်းများ အထူးသဖြင့် မိခင်၊ မွေးကင်းစကလေးနှင့် ကလေးကျန်းမာရေးတို့နှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ စသည်တို့ကို ပိုမိုထိရောက်စေရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက တိုးမြှင့်ဆောင်ရွက်မည် ဖြစ်သည်။
 
ချေးငွေရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်ဖြင့် သက်တမ်း ၃၈ နှစ်ဖြစ်ပြီး အတိုးမဲ့ချေးငွေဖြစ်ကြောင်း၊ ဝန်ဆောင်ခတစ်နှစ်လျှင် ဝ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ပြီး ကတိကြေးအား လက်ရှိကာလတွင် ဝ ရာခိုင်နှုန်းသတ်မှတ်ထားသော်လည်း ကမ္ဘာ့ဘဏ်မှ IDA ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ပေးရန်ရှိလာပါက ဝ ဒသမ ၅ ရာခိုင်နှုန်းထက်မပိုသောနှုန်းကို သတ်မှတ်လာနိုင်ကြောင်း၊ ဝန်ဆောင်ခအား ချေးငွေထုတ်ယူသည့်အချိန်မှ စ၍လည်းကောင်း၊ အရင်းငွေအား ဆိုင်းငံ့ကာလ ကုန်ဆုံးချိန်မှစ၍လည်းကောင်း တစ်နှစ်လျှင်တစ်ကြိမ် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
 
ယင်းချေးငွေအစီအစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် “ မြန်မာနိုင်ငံရဲ့ ပြင်ပကြွေးမြီစုစုပေါင်းမှာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စာရင်းအရ အမေရိကန်ဒေါ် လာ ၅ ဒသမ ၃၇၉ ဘီလျံရှိနေပြီး ကြွေးမြီနှိုင်းယှဉ်မှုစာရင်းတွင် ၁၁၆ နိုင်ငံမြောက်ဖြစ်နေတယ်ဆိုတာ သတိရှိစေလိုပါတယ်။ သို့ပါသော်လည်း ယခုကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်ရန် ဖော်ပြထားသော ကျန်းမာရေးဝန်ကြီးဌာန၏ စီမံကိန်းအဆင့်ဆင့်များမှာ အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်မည်ဆိုလျှင် နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိမယ့် အစီအစဉ်ဖြစ်လို့ ထောက်ခံနိုင်ပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ ယခုအစိုးရလက်ထက်တွင် ပြည်ပထောက်ပံ့မှုများမှလည်းကောင်း၊ ချေးငွေပေးသောသူများမှ လည်းကောင်း ချေးငွေများစွာရယူနေပြီး နောင်တက်လာမည့် အစိုးရတာဝန်သာဖြစ်သည်ဟူ၍ ပခုံးပေါ်တင်ပေးလိုက်ခြင်းမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ်အလုပ်လုပ်နေကြသော ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ပခုံးပြောင်းတာဝန် လွှဲအပ်ရမည့် အချိန်တွင် သုံးစွဲထားသောချေးငွေများအတွက် စစ်ဆေးခံယူရန် ဝန်မလေးဘဲ အသင့်ရှိနေဖို့လိုအပ်ပါတယ်။ နိုင်ငံခြားချေးငွေများ အသုံးပြုခြင်းအပေါ်တွင် အသုံးပြုသွားသော သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးအနက်ထား စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားစေချင်ပါတယ်။ ဒါမှမဟုတ်ရင် လက်ရှိအစိုးရအဖွဲ့အနေနှင့် တာဝန်ပိုကြီးလာပါလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဆွေးနွေးပြောကြားသည်။
 
ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကလည်း မြန်မာနိုင်ငံ၏ ချေးငွေရယူသည့်အဆင့်သည် ၁၁၆ အဆင့်တွင် ရှိနေသည်ကို သတိပြုရန်လိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
 
ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးရှိသီး၊ ဒေါက်တာမောင်မောင်ဝင့်၊ ဒေါက်တာမျိုးအောင်နှင့် ဦးမြင့်ဦးတို့က အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ခံယူရာတွင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် ၎င်းချေးငွေအား လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့သည်။

Eleven Media Group 

ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ရှိနေပြီဖြစ်သဖြင့် ချေး ယူ ထားသည့် ဝန်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များက စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချေးယူရန် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး ရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များက ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အမေရိကန်ဒေါ်လာသန်း ၁ဝဝ ဖြင့် လူတိုင်းကျန်းမာရေးစောင့်ရှောက်မှု ရရှိစေနိုင် မည့် လုပ်ငန်းများ အထူးသဖြင့် မိခင်၊ မွေးကင်းစကလေးနှင့် ကလေးကျန်းမာရေးတို့နှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ စသည်တို့ကို ပိုမိုထိရောက်စေရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန က တိုးမြှင့်ဆောင်ရွက်မည် ဖြစ်သည်။

ချေးငွေရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်ဖြင့် သက်တမ်း ၃၈ နှစ်ဖြစ်ပြီး အတိုးမဲ့ချေးငွေဖြစ်ကြောင်း၊ ဝန်ဆောင်ခတစ်နှစ်လျှင် ဝ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ပြီး ကတိကြေးအား လက်ရှိကာလတွင် ဝ ရာခိုင်နှုန်းသတ်မှတ်ထားသော်လည်း ကမ္ဘာ့ဘဏ်မှ IDA ဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်အရ ပေးရန်ရှိလာပါက ဝ ဒသမ ၅ ရာခိုင်နှုန်းထက်မပိုသောနှုန်းကို သတ်မှတ်လာနို င်ကြောင်း၊ ဝန်ဆောင်ခအား ချေးငွေထုတ်ယူသည့်အချိန်မှ စ၍လည်းကောင်း၊ အရင်းငွေအား ဆိုင်းငံ့ကာလ ကုန်ဆုံးချိန်မှစ၍လည်းကောင်း တစ်နှစ်လျှင်တစ်ကြိမ် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းချေးငွေအစီအစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေး ရာတွင် “ မြန်မာနိုင်ငံရဲ့ ပြင်ပကြွေးမြီစုစုပေါင်းမှာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စာရင်းအရ အမေရိ ကန်ဒေါ် လာ ၅ ဒသမ ၃၇၉ ဘီလျံရှိနေပြီး ကြွေးမြီနှိုင်းယှဉ်မှုစာရင်းတွင် ၁၁၆ နိုင်ငံမြောက်ဖြစ်နေတယ် ဆိုတာ သတိရှိစေလိုပါတယ်။ သို့ပါသော်လည်း ယခုကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက် ရန် ဖော်ပြ ထားသော ကျန်းမာရေးဝန်ကြီးဌာန၏ စီမံကိန်းအဆင့်ဆင့်များမှာ အမှန်တကယ် လက်တွေ့ဆောင် ရွက်နိုင်မည် ဆိုလျှင် နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိမယ့် အစီအစဉ်ဖြစ်လို့ ထောက်ခံနိုင်ပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ ယခုအစိုးရလက်ထက်တွင် ပြည်ပထောက်ပံ့မှုများမှ လည်းကောင်း၊ ချေးငွေေ ပးေ သာ သူများမှ လည်းကောင်း ချေးငွေများစွာရယူနေပြီး နောင်တက်လာမည့် အစိုးရတာဝန်သာဖြစ်သည် ဟူ၍ ပခုံးပေါ်တင်ပေးလိုက်ခြင်းမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ်အလုပ် လုပ်နေကြသော ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ပခုံးပြောင်းတာဝန် လွှဲအပ်ရမည့် အချိန်တွင် သုံးစွဲထားေ သာချေးငွေများအတွက် စစ်ဆေးခံယူရန် ဝန်မလေးဘဲ အသင့်ရှိနေဖို့လိုအပ်ပါတယ်။ နိုင်ငံခြားချေးငွေများ အသုံးပြုခြင်းအပေါ်တွင် အသုံးပြုသွားသော သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးအနက်ထား စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားစေချင်ပါတယ်။ ဒါမှမဟုတ်ရင် လက်ရှိအစိုးရအဖွဲ့အနေနှင့် တာဝန်ပိုကြီး လာပါလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကလည်း မြန်မာနိုင်ငံ၏ ချေးငွေရယူသည့် အဆင့်သည် ၁၁၆ အဆင့်တွင် ရှိနေသည်ကို သတိပြုရန်လိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးရှိသီး၊ ဒေါက်တာမောင်မောင်ဝင့်၊ ဒေါက် တာမျိုးအောင်နှင့် ဦးမြင့်ဦးတို့က အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ခံယူရာတွင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် ၎င်းချေးငွေအား လွှတ်တော်မှ သဘော တူကြောင်း ကြေညာ ခဲ့သည်။

Eleven Media Group

No comments:

Post a Comment