Friday 19 September 2014

ကမ္ဘာ့ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာကိုယ်စားပြုစာတမ်းကို သီတဂူဆရာတော်ကြီး တက်ရောက်ဖတ်ကြား

Photo: ကမ္ဘာ့ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာကိုယ်စားပြုစာတမ်းကို သီတဂူဆရာတော်ကြီး တက်ရောက်ဖတ်ကြား
Friday, September 19, 2014

တောင် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက် တင်ဘာ ၁၈ရက်၌ကျင်းပသည့် ကမ္ဘာ့ ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်း ချမ်းရေးထိပ်သီးဆွေးနွေးပွဲ (World Alliance of Religions Peace Summit) တွင် ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်စားပြုစာတမ်းကို သီတဂူဆရာ တော်ကြီး ဒေါက်တာအရှင်ဥာဏိဿ ရ တက်ရောက်ဖတ်ကြားခဲ့ကြောင်း သိရသည်။

''အစည်းအဝေးက သုံးရက် ကြာမှာဖြစ်ပါတယ်။ စနေနေ့ ပြန် ရောက်မှာဖြစ်ပါတယ်။ တရားပွဲပြုလုပ် ပြီး ညနေလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ကြွလာမှာဖြစ်ပါတယ်''ဟု သီတဂူ ဆရာတော်၏ တပည့်ရင်းဖြစ်သူ ဦး ဘာဘူက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။

ကိုရီးယားသို့ရောက်ရှိနေသည့် စက်တင်ဘာ ၁၇ရက် နေ့လယ်ပိုင်း တွင် သီတဂူဆရာတော်ကြီးသည် ဆိုးလ်မြို့ နိုင်ငံတကာအိုလံပစ်အား ကစားကွင်းကြီးတွင် World Alliance of Religions Peace Summit အစည်းအဝေးဖွင့် ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အဆိုပါအ စည်းအဝေးကို ဦးဆောင်ကျင်းပ သည့်ဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာ ပြည်မှ ပင့်ဆောင်လာသော ကမ္ဘာ့ ငြိမ်းချမ်းရေးသင်္ကေတဖြစ်သည့် ကျောက်သားဆင်းတုတော်ကို လက် ဆောင်ပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးဒုတိယနေ့အ ဖြစ် စက်တင်ဘာ ၁၈ရက်တွင်ဆက် လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သီ တဂူဆရာတော်ကြီးက အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာများကိုယ်စား Achieving Peace through Budd- hist Teaching
(မြတ်ဗုဒ္ဓ၏ ဓမ္မဖြင့် ငြိမ်းချမ်းရေးသို့)ခေါင်းစဉ်ဖြင့် စာ တမ်းကို ၁၅မိနစ်ခန့် ဖတ်ကြားခဲ့သည်။

အဆိုပါအစည်းအဝေးကြီးကို စစ်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရ ရှိရန်နှင့် ဘာသာတရားများညီညွတ် ရေးအတွက် အဓိကရည်ရွယ်ကာပြု လုပ်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး ကြီးသို့ နိုင်ငံပေါင်း၂ဝဝမှ Participants ကိုယ်စားလှယ်ပေါင်း ၆ဝဝဝ ခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် သမ္မတ ဟောင်းနှင့် ဝန်ကြီးဟောင်း ၁၅ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးသည် အဆိုပါအစည်းအဝေးတက်ရောက် ရန်အတွက် စက်တင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင် ငံ အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ကိုရီယားနိုင်ငံ မြန်မာဘုန်းတော်ကြီး ဦးပဏ္ဍိစ္စ ဦးဆောင်သော တောင်ကို ရီးယားရောက် မြန်မာပြည်မှ ဆရာ တော်များနှင့် သံရုံးအရာရှိများမှ လေ ဆိပ်တွင် ကြိုဆိုနှုတ်ဆက်ဂါဝရပြုခဲ့ ကြောင်း သိရသည်။ 

သီတဂူဆရာတော်ဘုရားကြီး သည် ကိုရီးယားဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးသို့ ကြွရောက်နေစဉ် အတွင်း ကိုရီးယားသို့ ရောက်ရှိနေ သည့် မြန်မာလူမျိုးများအား စက် တင်ဘာ၂ဝရက် နံနက် ၁၂နာရီတွင် အင်ချွန်း၊ ဘူဖျောင်းရှိ မြန်မာဗုဒ္ဓသာ သနာပြုကျောင်း ဓမ္မသဘင်ခန်းမတွင် တရားပွဲဟောကြားမည်ဖြစ်ကြောင်း သိရသည်။

TST
Yangon Media Group
တောင် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက် တင်ဘာ ၁၈ရက်၌ကျင်းပသည့် ကမ္ဘာ့ ဘာသာရေးအသိုင်း အဝိုင်း ၏ ငြိမ်း ချမ်းရေးထိပ်သီးဆွေးနွေးပွဲ (World Alliance of Religions Peace Summit) တွင် ထေရ ဝါဒဗုဒ္ဓဘာသာ ကိုယ်စားပြုစာတမ်းကို သီတဂူဆရာ တော်ကြီး ဒေါက်တာအရှင်ဥာဏိဿ ရ တက်ရောက် ဖတ်ကြားခဲ့ကြောင်း သိရသည်။
''အစည်းအဝေးက သုံးရက် ကြာမှာဖြစ်ပါတယ်။ စနေနေ့ ပြန် ရောက်မှာဖြစ်ပါတယ်။ တရားပွဲပြုလုပ် ပြီး ညနေလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ကြွလာမှာဖြစ်ပါတယ်''ဟု သီတဂူ ဆရာတော်၏ တပည့်ရင်းဖြစ်သူ ဦး ဘာဘူက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။

ကိုရီးယားသို့ရောက်ရှိနေသည့် စက်တင်ဘာ ၁၇ရက် နေ့လယ်ပိုင်း တွင် သီတဂူဆရာတော်ကြီးသည် ဆိုးလ်မြို့ နိုင်ငံတကာအိုလံပစ်အား ကစားကွင်းကြီးတွင် World Alliance of Religions Peace Summit အစည်းအဝေးဖွင့် ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အဆိုပါအ စည်းအဝေးကို ဦးဆောင် ကျင်းပ သည့်ဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာ ပြည်မှ ပင့်ဆောင်လာသော ကမ္ဘာ့ ငြိမ်းချမ်းရေး သင်္ကေတဖြစ် သည့် ကျောက်သားဆင်းတုတော်ကို လက် ဆောင်ပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးဒုတိယနေ့အ ဖြစ် စက်တင်ဘာ ၁၈ရက်တွင်ဆက် လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သီ တဂူဆရာတော်ကြီးက အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာများကိုယ်စား Achieving Peace through Budd- hist Teaching (မြတ်ဗုဒ္ဓ၏ ဓမ္မဖြင့် ငြိမ်းချမ်းရေးသို့)ခေါင်းစဉ်ဖြင့် စာ တမ်းကို ၁၅မိနစ်ခန့် ဖတ်ကြားခဲ့ သည်။

အဆိုပါအစည်းအဝေးကြီးကို စစ်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရ ရှိရန်နှင့် ဘာသာတရားများညီညွတ် ရေး အတွက် အဓိကရည်ရွယ်ကာပြု လုပ်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး ကြီးသို့ နိုင်ငံပေါင်း၂ဝဝမှ Participants ကိုယ်စားလှယ်ပေါင်း ၆ဝဝဝ ခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် သမ္မတ ဟောင်းနှင့် ဝန်ကြီးဟောင်း ၁၅ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးသည် အဆိုပါအစည်းအဝေးတက်ရောက် ရန်အတွက် စက်တင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင် ငံ အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ကိုရီယားနိုင်ငံ မြန်မာဘုန်းတော် ကြီး ဦးပဏ္ဍိစ္စ ဦးဆောင်သော တောင်ကို ရီးယားရောက် မြန်မာပြည်မှ ဆရာ တော်များနှင့် သံရုံးအရာရှိ များမှ လေ ဆိပ်တွင် ကြိုဆိုနှုတ်ဆက်ဂါဝရပြုခဲ့ ကြောင်း သိရသည်။

သီတဂူဆရာတော်ဘုရားကြီး သည် ကိုရီးယားဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးသို့ ကြွရောက်နေစဉ် အတွင်း ကိုရီးယားသို့ ရောက်ရှိနေ သည့် မြန်မာလူမျိုးများအား စက် တင်ဘာ၂ဝရက် နံနက် ၁၂နာရီတွင် အင်ချွန်း၊ ဘူဖျောင်းရှိ မြန်မာဗုဒ္ဓသာ သနာပြုကျောင်း ဓမ္မသဘင်ခန်းမတွင် တရားပွဲဟောကြား မည်ဖြ စ်ကြောင်း သိရသည်။

TST
Yangon Media Group

No comments:

Post a Comment