Friday 19 September 2014

ရခိုင်တွင် တတိယအင်အားစုတစ်ရပ် တည်ထောင်မည်ဟုဆို

ရန်ကုန် - ရခိုင်ပြည်နယ်အတွင်း ရှိ နိုင်ငံရေးပါတီများနှင့် ပြည်နယ် အစိုးရတို့အား ဝေဖန်ထောက်ပြ ရန် တတိယအင်အားစုတစ်ရပ်တည်ထောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အသက် (၄၀)အောက်လူ ငယ်တွေနဲ့ ဖွဲ့မှာ။ အမေရိကမှာ ပညာသင်လာတဲ့လူနှစ်ယောက် လည်းပါမယ်။ ကျန်တဲ့လူတွေက တော့ ပါတီတို့၊ အဖွဲ့အစည်းတို့မှာ မပါတဲ့လူငယ်တွေနဲ့ ဖွဲ့စည်းသွား မှာပါ’’ဟု အဆိုပါ အဖွဲ့အစည်း ဖြစ်မြောက်ရေး ကမကထဆောင် ရွက်သူ ကိုခိုင်ကျော်မိုးက ပြော သည်။

အဆိုပါအဖွဲ့အစည်းဖြစ် မြောက်ရေးအတွက် ပထမဆုံး အကြိမ် အစည်းအဝေးကို စက် တင်ဘာ ၁၈ ရက် တွင် စစ်တွေ မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် အဆိုပါ တတိယအင်အားစုအဖွဲ့အစည်းကို လာမည့် အောက်တိုဘာလ အတွင်းအပြီး ဖွဲ့စည်း သွားမည်ဟု ဆိုသည်။

7Day Daily

No comments:

Post a Comment