Friday 19 September 2014

ကမ္ဘာ့ဘဏ်ချေးငွေကို တွံတေးတူးမြောင်းနှင့် ဝမ်ပုံဆိပ်ကမ်းမှ ရရှိငွေဖြင့် ပြန်ဆပ်မည်ဟုဆို

ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ကမ္ဘာ့ ဘဏ်မှချေးယူမည့် အတိုးမဲ့ချေး ငွေ အမေရိကန်ဒေါ် လာသန်း တစ်ရာကို တွံတေးတူးမြောင်းနှင့် ဝမ်ပုံဆိပ်ကမ်းမှရရှိသည့်ငွေကြေး ဖြင့် ပြန်ပေးဆပ် မည်ဖြ စ်ကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
‘‘အဲဒီကရတဲ့ ဝင်ငွေနဲ့ဆပ်ဖို့ တင်ထားပါတယ်။ ရရ၊ မရရ အစိုးရကတော့ ဆပ်ကိုဆပ်ရမှာ ပါ’’ဟု ရေ အရင်း အမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ယနေ့ ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံ ထိန်းသိမ်းရေးလူထုအကြံပြုဆွေး နွေးပွဲ တွင် ပြောကြား ခဲ့သည်။

တွံတေးတူးမြောင်းနှင့် ဝမ်ပုံ ဆိပ်ကမ်းမှရရှိမည့်ငွေကြေးကို အစိုးရက တွက်ချက်နေပြီး ချေး ငွေကို ခုနစ်နှစ်ကျော်လျှင် ပြန် ဆပ်ရမည်ဖြစ်သည်။ တွံတေးတူး မြောင်းသည် ရန်ကုန်တိုင်းဒေသ ကြီးတွင် တည်ရှိပြီး ဝမ်ပုံဆိပ် ကမ်းသည် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)   မဲခေါင်မြစ်ပေါ်တည် ဆောက်ထားကာ တာချီလိတ်မြို့ နယ်တွင်တည်ရှိသည်။

အဆိုပါစီမံကိန်းသည် အမြတ်ရမည့် စီးပွားရေးလုပ်ငန်း မဟုတ်သောကြောင့် ကမ္ဘာ့ဘဏ် က ချေးငွေ ထုတ်ချေးခြင်းနှင့်ပတ် သက်ပြီး မေးမြန်းရာ  နိုင်ငံအ လိုက် အတိုးမဲ့နှင့် အတိုးယူရသည့် ချေးငွေများကို ထုတ်ချေး ရာတွင် အဆင့်အလိုက်  သတ်မှတ်ထား ပြီး မြန်မာပြည်သည် ပြန်ဆပ်နိုင် သည့်အခြေအနေ ရှိသောကြောင့် ချေးရခြင်းဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်(မြန်မာ)မှ မန်နေဂျာအဗ္ဗဒူ လာယီဆက်က ပြောသည်။

‘‘ရေကြောင်းတိုးတက် အောင်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု သဘောနဲ့ ချေးတာဖြစ်ပါ တယ်။ ပြန် ဆပ်နိုင်တာ လည်း တွေ့နေရ လို့ပါ’’ဟု ကမ္ဘာ့ဘဏ်မန်နေဂျာ အဗ္ဗဒူလာယီဆက်က ပြောသည်။

ဧရာဝတီမြစ်ထိန်းသိမ်းရေး အတွက် ကမ္ဘာ့ဘဏ်က အတိုးမဲ့ ချေးငွေ ထုတ်ချေးသော် လည်း ဝန်ဆောင်မှု အရ ထုတ်ချေးထား သည့် ငွေကြေးမှာ ၀ ဒသမ ၀၇၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ် သည်။ ချေးငွေကို ၂၀၁၄ ဒီဇင် ဘာတွင် ရရှိမည်ဖြစ်ပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စီမံကိန်း စတင် နိုင်မည်ဖြစ် ကာ ခြောက်နှစ်စီမံ ကိန်းချကာ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဧရာဝတီဘက်စုံမြစ်ဝှမ်းစီမံခန့်ခွဲ မှုစီမံကိန်းကို လုပ်ဆောင်မည်ဖြစ် ပြီး ဧရာဝ တီမြစ်ကြောင်း ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှု မူဘောင်အကြမ်းရေး ဆွဲခြင်းကို  စက် တင်ဘာတွင် ပြီးစီးခဲ့ပြီး လူထုအကြံပြုချက်ကို အစိုးရနှင့် ကမ္ဘာ့ဘဏ်ကရယူ လျက်ရှိသည်။ ကမ္ဘာ့ဘဏ် ၏ ချေးငွေ ထောက်ပံ့မှုဖြင့် ရေနှင့် ရေသန့် ရှင်းမှု၊ ရေကြီးရေလျှံကာကွယ် ရေး၊ ဆိပ်ကမ်းနှင့် ရေ လမ်း၊ ရေ ကြောင်း သွားလာမှု၊ ရေ၊ ရေသန့် ရှင်းမှုနှင့် ရေကြီးရေလျှံကာ ကွယ် ရေး ဆိုင်ရာ ပြည်သူ့စီမံ ခန့်ခွဲခြင်း လုပ်ငန်းများကို လုပ်ငန်းအဆင့် လိုက် အကောင်အထည်ဖော်သွား ရန်လျာထားသည်။

ထို့အပြင် ရေအရင်းအမြစ် စီမံခန့်ခွဲမှု စည်းမျဉ်းသတ်မှတ်မှု များ၊ သတင်းအချက်အလက်နှင့် လုပ်နိုင်စွမ်း တည်ဆောက်မှု၊ မိုး လေဝသအကဲခတ်လေ့လာမှုနှင့် သတင်းအချက်အလက်စနစ် များ ခေတ် မီအောင်ပြု လုပ်ခြင်း၊ ရေ ဘေးအန္တရာယ်ကိစ္စများ အရေး ပေါ် တုံ့ပြန်ခြင်း စသည်တို့ လုပ် ဆောင်ရန်လျာထားသည်။

အရပ်ဘက်အဖွဲ့အစည်း များဘက်က  ဧရာဝတီမြစ်ဝှမ်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွားစီမံခန့်ခွဲ မှုရေးဆွဲရာ တွင် ယခင်က ဝန်ကြီးဌာနတွင်ရှိသော ဧရာဝတီမြစ်ဆိုင်ရာ  စာရင်းအ ချက်အလက်ဟောင်း များနှင့် တွက်ချက်ခြင်းမဟုတ်ဘဲ တကယ်လက်တွေ့သိရှိနေသည့် ဒေသခံများကို ကိုယ် တိုင်မေးမြန်း ကောက် ယူ သင့်သည်ဟု   သတင်းထုတ် ပြန်ထားသည်။

7Day DAILY

No comments:

Post a Comment