Friday 19 September 2014

စိတ်ရောဂါသည် အဓမ္မသမား လက်မှလွတ်ရန် ပေ ၂၀ အမြင့်မှ ခုန်ချခဲ့ရသူ

Photo: စိတ်ရောဂါသည် အဓမ္မသမား လက်မှလွတ်ရန် ပေ ၂၀ အမြင့်မှ ခုန်ချခဲ့ရသူ
Friday, September 19, 2014

လီဗာပူး၊ စက်တင်ဘာ ၁၇။ အင်္ဂလန်နိုင်ငံတွင် ကာမစိတ်မွှန်နေသည့် စိတ်ရောဂါသည် တစ်ဦးက ၎င်းအား ကျန်းမာရေး စောင့်ရှောက်သည့် အမျိုးသမီး ဝန်ထမ်း တစ်ဦးကို အဓမ္မ ပြုကျင့် ရန် ရေချိုးခန်း နံရံကို ချိုးဖောက် ဖျက်ဆီး ဝင်ရောက်လာ သဖြင့် အမျိုးသမီး ဝန်ထမ်း ဖြစ်သူက ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချကာ အလွတ်ရုန်း ခဲ့ရသည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အမှုအခင်း ဖြစ်ပွား ပုံသည် သည်းထိတ် ရင်ဖို ရုပ်ရှင် The Shining မှ ဇာတ်ဝင်ခန်း တစ်ခန်း ကဲ့သို့ပင် ဆင်တူပြီး ထိတ်လန့် ဖွယ်ရာ ကောင်းသော အဖြစ်အ ပျက် ဖြစ်ကြောင်း mirror သတင်းဌာနက ဖော်ပြသည်။

ဖြစ်ပွားခဲ့ပုံမှာ ပြစ်မှုတရားခံ ခရစ်ကန့်ဝဲလ် ဆိုသူ အသက် ၃၀ ရွယ် စိတ်ဝေဒနာသည်က ဝန်ထမ်း အမျိုးသမီး ဂျီမာရီဆွန်ကို အခန်းတွင်း တံခါး အသေပိတ်ကာ မုဒိမ်း ပြုကျင့်မည် ကြံစည် သဖြင့် ဂျီမာက ရေချိုးခန်းတွင်း ပြေးဝင်ကာ တံခါးသော့ချပြီး ကြောက်လန့် တုန်လှုပ် စွာဖြင့် ခရစ်၏ ရန်ကို ရှောင်တိမ်း နေခဲ့သည်။ သို့ သော်လည်း ကာမစိတ်မွှန် ရူးသွပ် နေသည့် ခရစ်က ထိုင်ခုံဖြင့် ရေချိုးခန်း နံရံကို ရိုက်ချိုး ဖျက်ဆီး ဝင်လာခဲ့ရာ ဂျီမာက ၎င်း၏ လက်တွင်း သက်ဆင်းရမည့် ဘေးမှ လွတ်ရန် ပြတင်းပေါက်က ခုန်ချ လိုက်ရသည်။

ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးခဲ့ရ သဖြင့် ဂျီမာ၏ ခါးရိုးလည်း ကျိုးသွား ခဲ့ရသည်။ အခင်းဖြစ်သည့် နေ့က ဂျီမာသည် ၎င်းတာဝန် ထမ်းဆောင်နေ ရာ မာဆေးဆိုက် ဒေသ ဘိုက်ကန်ဟတ် အရပ်ရှိ ပိုတန် ကျန်းမာရေး ဂရုစိုက် ဝန်ဆောင်မှု ပေးသော ဂေဟာတွင် ညပိုင်းချိန် အလုပ်ဆင်း နေခဲ့ခြင်း ဖြစ်သည်။

"ကျွန်မနေတဲ့ ဂေဟာမှာ ဘယ်တော့မှ တစ်ယောက်တည်း မနေခဲ့သင့်ဘူး။ အဲဒီညက ကျွန်မ စောင့်ရှောက် တာဝန်ယူရတဲ့ သူ ခြောက်ဦး ရှိတယ။် သူတို့ တော်တော် များများဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ ဝေဒနာသည်တွေ ဖြစ်ကြ ပါတယ်။ ဒီညဆိုင်း အချိန်မှာ ကျွန်မတစ်ယောက်တည်း ရှိနေတာ အတော့်ကို အန္တရာယ် များတာပါ"ဟု ဂျီမာက ပြန်ပြောင်း ပြောခဲ့သည်။

ပြစ်ဒဏ်ကျူးလွန် ခဲ့သူ ခရစ်ကို လီဗာပူး တရားရုံးက လိင်အကြမ်းဖက်ရန် ကြံစည် အားထုတ်မှု၊ သွေးထွက်သံယို ဖြစ်အောင် ကျုးလွန်မှု များဖြင့် အပြစ် ရှိကြောင်း တွေ့ရှိ သဖြင့် ထောင်ဒဏ် ကိုးနှစ်ချမှတ်လိုက်သည်။

"ခရစ်က ကျွန်မကို အဓမ္မ သားမယား ပြုကျင့်ဖို့ လုပ်တယ်။ အသတ်တောင် ခံရတော့ မလို့။ ဒီအချိန်မှာ ကျွန်မစဉ်းစားတယ်။ ပြတင်းပေါက်က ခုန်ချဖို့က လွဲလို့ တစ်ခြားလမ်း မရှိတော့ဘူး။ သူသာ ကျွန်မကို မိသွားခဲ့ရင် အဓမ္မပြုကျင့် ခံရနိုင်တဲ့ အပြင် အသတ်ပါ ခံရနိုင်တယ်လေ။ ဒီလို လည်စဉ်းခံရမယ့် အစားပြူ တင်း ပေါက် က ကျွန်မ ခုန်ချခဲ့တယ်"ဟု ဂျီမာကဆိုသည်။

အဆိုပါ ည၏ ညဦးပိုင်းက ခရစ်သည် အဆောက်အအုံ၏ မီးသတိပေး ခေါင်းလောင်းကို မြည်အောင် လုပ်ပြီး အခြားသူ များကို အနှောင့်အယှက် ပေးနေ၍ ဂျီမာ က ဖြေရှင်းပေး ခဲ့ရကြောင်း၊ ခရစ်က ခေါင်းကိုက်သည်ဟု ပြောလာ ချိန်တွင် အပေါ်ထပ်ရှိ ဆေးထားရာ အခန်းသို့ ခေါ်သွား ရာမှ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ ရခြင်း ဖြစ်ကြောင်း ဂျီမာက ပြောခဲ့သည်။

ကျောင်းက ထွက်ပြီးနောက် ယခု စောင့်ရှောက်ရေး ဂေဟာတွင် ဝင်ရောက် လုပ်ကိုင် နေသည်မှာ ဆယ်လကြာ မျှသာ ရှိသေးသည့် ဂျီမာက "ဒီအလုပ်ကို လုပ်တာ က လူတွေကို အကူအညီ ပေးရတာကို ကျွန်မစိတ်မှာ မြတ်နိုးလို့ ပါ။ အဲဒီ ကျွန်မရဲ့ ကရုဏာကြောင့် အသတ် ခံရမယ့် ဘေးနဲ့ တောင် ကြုံလိုက်ရ တာပါပဲ"ဟူ၍ ဂျီမာက ပြောသွား ခဲ့သည်။

Mizzima - News in Burmese
လီဗာပူး၊ စက်တင်ဘာ ၁၇။ အင်္ဂလန်နိုင်ငံတွင် ကာမစိတ်မွှန်နေသည့် စိတ်ရောဂါသည် တစ်ဦးက ၎င်းအား ကျန်းမာရေး စောင့်ရှောက်သည့် အမျိုးသမီး ဝန်ထမ်း တစ်ဦးကို အဓမ္မ ပြုကျင့် ရန် ရေချိုးခန်း နံရံကို ချိုးဖောက် ဖျက်ဆီး ဝင်ရောက်လာ သဖြင့် အမျိုးသမီး ဝန်ထမ်း ဖြစ်သူက ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချကာ အလွတ်ရုန်း ခဲ့ရသည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အမှုအခင်း ဖြစ်ပွား ပုံသည် သည်းထိတ် ရင်ဖို ရုပ်ရှင် The Shining မှ ဇာတ်ဝင်ခန်း တစ်ခန်း ကဲ့သို့ပင် ဆင်တူပြီး ထိတ်လန့် ဖွယ်ရာ ကောင်းသော အဖြစ်အ ပျက် ဖြစ်ကြောင်း mirror သတင်းဌာန က ဖော်ပြ သည်။

ဖြစ်ပွားခဲ့ပုံမှာ ပြစ်မှုတရားခံ ခရစ်ကန့်ဝဲလ် ဆိုသူ အသက် ၃၀ ရွယ် စိတ်ဝေဒနာသည်က ဝန်ထမ်း အမျိုး သမီး ဂျီမာရီဆွန်ကို အခန်းတွင်း တံခါး အသေပိတ်ကာ မုဒိမ်း ပြုကျင့်မည် ကြံစည် သဖြင့် ဂျီမာက ရေချိုး ခန်းတွင်း ပြေးဝင်ကာ တံခါးသော့ချပြီး ကြောက်လန့် တုန်လှုပ် စွာဖြင့် ခရစ်၏ ရန်ကို ရှောင် တိမ်း နေခဲ့သည်။ သို့ သော်လည်း ကာမစိတ်မွှန် ရူးသွပ် နေသည့် ခရစ်က ထိုင်ခုံဖြင့် ရေချိုးခန်း နံရံကို ရိုက်ချိုး ဖျက်ဆီး ဝင်လာခဲ့ရာ ဂျီမာက ၎င်း၏ လက်တွင်း သက်ဆင်းရမည့် ဘေးမှ လွတ်ရန် ပြတင်းပေါက်က ခုန်ချ လိုက်ရသည်။

ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးခဲ့ရ သဖြင့် ဂျီမာ၏ ခါးရိုးလည်း ကျိုးသွား ခဲ့ရသည်။ အခင်းဖြစ် သည့် နေ့က ဂျီမာသည် ၎င်းတာဝန် ထမ်းဆောင်နေ ရာ မာဆေးဆိုက် ဒေသ ဘိုက်ကန်ဟတ် အရပ်ရှိ ပိုတန် ကျန်းမာရေး ဂရုစိုက် ဝန်ဆောင်မှု ပေးသော ဂေဟာတွင် ညပိုင်းချိန် အလုပ် ဆင်း နေ ခဲ့ခြင်း ဖြစ်သည်။

"ကျွန်မနေတဲ့ ဂေဟာမှာ ဘယ်တော့မှ တစ်ယောက်တည်း မနေခဲ့သင့်ဘူး။ အဲဒီညက ကျွန်မ စောင့်ရှောက် တာဝန်ယူရတဲ့ သူ ခြောက်ဦး ရှိတယ။် သူတို့ တော်တော် များများဟာ စိတ်ကျန်းမာရေး မကောင်း တဲ့ ဝေဒနာသည်တွေ ဖြစ်ကြ ပါတယ်။ ဒီညဆိုင်း အချိန်မှာ ကျွန်မတစ်ယောက်တည်း ရှိနေတာ အတော့်ကို အန္တရာယ် များတာပါ"ဟု ဂျီမာက ပြန်ပြောင်း ပြောခဲ့သည်။

ပြစ်ဒဏ်ကျူးလွန် ခဲ့သူ ခရစ်ကို လီဗာပူး တရားရုံးက လိင်အကြမ်းဖက်ရန် ကြံစည် အားထုတ် မှု၊ သွေးထွက် သံယို ဖြစ်အောင် ကျုးလွန်မှု များဖြင့် အပြစ် ရှိကြောင်း တွေ့ရှိ သဖြင့် ထောင်ဒဏ် ကိုးနှစ်ချမှတ်လိုက်သည်။

"ခရစ်က ကျွန်မကို အဓမ္မ သားမယား ပြုကျင့်ဖို့ လုပ်တယ်။ အသတ်တောင် ခံရတော့ မလို့။ ဒီအချိန်မှာ ကျွန်မစဉ်းစားတယ်။ ပြတင်းပေါက်က ခုန်ချဖို့က လွဲလို့ တစ်ခြားလမ်း မရှိတော့ဘူး။ သူသာ ကျွန်မကို မိသွားခဲ့ရင် အဓမ္မပြုကျင့် ခံရနိုင်တဲ့ အပြင် အသတ်ပါ ခံရနိုင်တယ်လေ။ ဒီလို လည်စဉ်းခံရမယ့် အစားပြူ တင်း ပေါက် က ကျွန်မ ခုန်ချခဲ့တယ်"ဟု ဂျီမာကဆိုသည်။

အဆိုပါ ည၏ ညဦးပိုင်းက ခရစ်သည် အဆောက်အအုံ၏ မီးသတိပေး ခေါင်းလောင်းကို မြည်အောင် လုပ်ပြီး အခြားသူ များကို အနှောင့်အယှက် ပေးနေ၍ ဂျီမာ က ဖြေရှင်းပေး ခဲ့ရကြောင်း၊ ခရစ်က ခေါင်း ကိုက် သည်ဟု ပြောလာ ချိန်တွင် အပေါ်ထပ်ရှိ ဆေးထားရာ အခန်းသို့ ခေါ်သွား ရာမှ ယခုကဲ့ သို့ ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ ရခြင်း ဖြစ်ကြောင်း ဂျီမာက ပြောခဲ့သည်။

ကျောင်းက ထွက်ပြီးနောက် ယခု စောင့်ရှောက်ရေး ဂေဟာတွင် ဝင်ရောက် လုပ်ကိုင် နေသည်မှာ ဆယ်လကြာ မျှသာ ရှိသေးသည့် ဂျီမာက "ဒီအလုပ်ကို လုပ်တာ က လူတွေကို အကူအညီ ပေးရတာကို ကျွန်မစိတ်မှာ မြတ်နိုးလို့ ပါ။ အဲဒီ ကျွန်မရဲ့ ကရုဏာကြောင့် အသတ် ခံရမယ့် ဘေးနဲ့ တောင် ကြုံလိုက်ရ တာပါပဲ"ဟူ၍ ဂျီမာက ပြောသွား ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment