Friday 19 September 2014

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့်နာရီများ စစ်ဆေးမှုကို MobileTeam မှ ပြည်ထဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စာပို့ထား

Photo: ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့်နာရီများ စစ်ဆေးမှုကို MobileTeam မှ ပြည်ထဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စာပို့ထား
Friday, September 19, 2014

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့် ပူးပေါင်းအဖွဲ့တို့ လေဆိပ်၌ စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ် ယူခွင့်ပေးခဲ့မှုနှင့်ပတ်သက်၍ ပြည် ထဲရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ လိုအပ်သည့်စစ် ဆေးမှုများ ပြုလုပ်နိုင်ရန် စက်တင်ဘာ ၅ ရက်တွင် စာပေးပို့ထား ကြောင်း Mobile Team ကွပ်ကဲမှု တာဝန်ခံ ဗိုလ်မှူးတင်ရဲဝင်းက မြန်မာသံတော်ဆင့်သို့ပြောသည်။

““ဘဏ္ဍာရေးဝန်ကြီးဌာနက အကောက်ခွန်ဦးစီးဌာနရဲ့ မိခင်ဌာနဖြစ်တယ်။ အကောက်ခွန်ဦးစီးဌာန ထက်မြင့်တဲ့ authority (အခွင့်အာဏာ)ရှိတဲ့အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာနကို အကြောင်းကြားတာ ကပိုထိရောက်တဲ့ အတွက်ပါ၊ သက်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန အစီအမံနဲ့ ဆက်လက်လုပ်ဆောင်နေပါ တယ်””ဟု ၎င်းက ထပ်မံပြောကြား ခဲ့သည်။…

စက်တင်ဘာ၃ရက်တွင် ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့် Quartz အမျိုးအစား နာရီ ၉၃၇လုံး အား Mobile Team နှင့် သက်ဆိုင်ရာအဖွဲ့တို့ ပူးပေါင်းစစ်ဆေးရာတွင် နာရီ ၉၃၇လုံးမှာ အရေအတွက် ကိုက်ညီ သော်လည်း ထုတ်လုပ်သည့် နိုင်ငံမပါသည့် နာရီအလုံး ၈၀၀နှင့် Swiss Made တံဆိပ်ပါရှိသည့် နာရီ ၁၃၇ လုံးပါဝင်ပြီး စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ စစ်ဆေးသည့်ပစ္စည်းများကို ထုတ်ယူခွင့်ပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အကောက်ခွန် တာဝန်ခံထံသို့ ဆက် သွယ် မေးမြန်းရာ ပြန် လည် ဖြေကြားခြင်းမရှိခဲ့ပေ။““ဒီကိစ္စက ရုံးချုပ်ကပဲ ဖြေလို့ရမှာပါ။ အရောင်းဆိုင်တွေအနေ နဲ့ကဖြေပိုင်ခွင့် မရှိပါဘူး””ဟု ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်ရှိ ချယ်ရီဦးအရောင်းပြခန်းမှ အရောင်းတာ ၀န်ခံ တစ်ဦးက ပြောသည်။ ချယ်ရီဦးကုမ္ပဏီရုံးချုပ်သို့ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းဝင်သော်လည်း ဖုန်းကိုင် ဖြေဆို ခဲ့ခြင်းမရှိပေ။

သဉ္ဇာဆွေ
www.facebook.com/myanmarherald
မြန်မာသံတော်ဆင့်သတင်းဌာန
ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့် ပူးပေါင်းအဖွဲ့တို့ လေဆိပ်၌ စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ် ယူခွင့်ပေးခဲ့မှုနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ လိုအပ်သည့်စစ် ဆေးမှုများ ပြုလုပ်နိုင်ရန် စက်တင်ဘာ ၅ ရက် တွင် စာပေးပို့ထား ကြောင်း Mobile Team ကွပ်ကဲမှု တာဝန်ခံ ဗိုလ်မှူးတင်ရဲဝင်းက မြန်မာ သံတော်ဆင့် သို့ပြောသည်။
““ဘဏ္ဍာရေးဝန်ကြီးဌာနက အကောက်ခွန်ဦးစီးဌာနရဲ့ မိခင်ဌာနဖြစ်တယ်။ အကောက်ခွန်ဦးစီးဌာန ထက်မြင့်တဲ့ authority (အခွင့်အာဏာ)ရှိတဲ့အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာနကို အကြောင်းကြားတာ ကပိုထိရောက်တဲ့ အတွက်ပါ၊ သက်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန အစီအမံနဲ့ ဆက်လက်လုပ်ဆောင်နေပါ တယ်””ဟု ၎င်းက ထပ်မံပြောကြား ခဲ့သည်။…

စက်တင်ဘာ၃ရက်တွင် ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့် Quartz အမျိုးအစား နာရီ ၉၃၇လုံး အား Mobile Team နှင့် သက်ဆိုင်ရာအဖွဲ့တို့ ပူးပေါင်းစစ်ဆေးရာတွင် နာရီ ၉၃၇လုံးမှာ အရေအတွက် ကိုက်ညီ သော်လည်း ထုတ်လုပ်သည့် နိုင်ငံမပါသည့် နာရီအလုံး ၈၀၀နှင့် Swiss Made တံဆိပ်ပါရှိသည့် နာရီ ၁၃၇ လုံးပါဝင်ပြီး စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ စစ်ဆေးသည့်ပစ္စည်းများကို ထုတ်ယူခွင့်ပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အကောက်ခွန် တာဝန်ခံထံသို့ ဆက် သွယ် မေးမြန်းရာ ပြန် လည် ဖြေကြားခြင်းမရှိခဲ့ပေ။““ဒီကိစ္စက ရုံးချုပ်ကပဲ ဖြေလို့ရမှာပါ။ အရောင်းဆိုင်တွေ အနေ နဲ့ကဖြေပိုင်ခွင့် မရှိပါဘူး””ဟု ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်ရှိ ချယ်ရီဦးအရောင်းပြခန်းမှ အရောင်းတာ ၀န်ခံ တစ်ဦးက ပြောသည်။ ချယ်ရီဦးကုမ္ပဏီရုံးချုပ်သို့ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းဝင်သော် လည်း ဖုန်းကိုင် ဖြေဆို ခဲ့ခြင်းမရှိပေ။

သဉ္ဇာဆွေ
www.facebook.com/myanmarherald
မြန်မာသံတော်ဆင့်သတင်းဌာန

No comments:

Post a Comment