Friday 19 September 2014

သြစတြေးလျတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် ရဲတပ်ဖွဲ့က ဆင်နွှဲ

 Photo: သြစတြေးလျတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် ရဲတပ်ဖွဲ့က ဆင်နွှဲ
Friday, September 19, 2014 

သြစတြေးလျနိုင်ငံ ဆစ်ဒနီ နှင့် ဘရစ္စဘိန်းမြို့တွင် သြစတြေးလျ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသူများကို စီးနင်းဖမ်းဆီးခဲ့ရာ လူ ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ သြစတြေးလျနိုင်ငံ၏ အကြီးမားဆုံးသော စစ်ဆင်ရေးလည်း ဖြစ်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။လက်နက်များ အပြည့်အစုံ ကိုင်ဆောင်ထားကြသော ရဲအရာရှိများ အနည်းဆုံး ၈၀၀ ခန့်သည် ယင်းမြို့ကြီးနှစ်မြို့ရှိ အဆောက်အအုံ အချို့ကို ဝင်ရောက်စီးနင်းခဲ့ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

 “အကြမ်းဖက်မှု လုပ်ရပ်များ” ကျူးလွန်မည့် အစီအစဉ်များကို တားဆီးရန် ထိုစစ်ဆင်ရေးက ရည်ရွယ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အကြမ်းဖက်သမားများ၏ အကြမ်းဖက် အစီအစဉ်တစ်ခုမှာ အများပြည်သူထဲမှ ကြုံရာကျပန်းလူကို ရွေးချယ်ကာ ခေါင်းဖြတ်ရန် ဖြစ်သည်ဟု ဆိုကြသည်။

အီရတ် နှင့် ဆီးရီးယားတွင် ဖြစ်ပွားနေသော စစ်ပဋိပက္ခ၏ အကျိုးဆက်များ သြစတြေးလျနိုင်ငံအား ရိုက်ခတ်လာမည်ကို စိုးရိမ်မှုများ ကြီးထွား လာ လျက်ရှိရာ သြစတြေးလျတွင် အကြမ်းဖက်ဝါဒအန္တရာယ်၏ စိုးရိမ်ရမှုအဆင့်ကို မြှင့်တင်ထားသည်။

ဆစ်ဒနီမြို့၏ အနောက်ပိုင်းဒေသများ နှင့် ဘရစ္စဘိန်းမြို့၏ တောင်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း နှင့် ထိုဒေသများတွင် ရဲအရာရှိများ ဆက်လက် လှုပ်ရှားဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့မှ ယာယီ ရဲမင်းကြီး အန်ဒရူးကော်ဗင် က ပြောခဲ့သည်။

““ရှာဖွေမှုတွေနဲ့ ဒီစစ်ဆင်ရေး လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ဆက်ပြီး လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရဲအရာရှိတွေ ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံရေးဟာ အခုလိုအခိုက်အတန့်မှာ အထူးကို အရေးကြီးနေပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်ပြောပြနိုင်တာကတော့ ဆစ်ဒနီ တစ်ဝန်းမှာ ဝရမ်း ၂၅ ခု ကို စီမံဆောင်ရွက်ခဲ့ပြီးတော့ အခုလောလောဆယ် အဆင့်မှာ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဆိုတာပါပဲ။ ပြီးတော့ ပြင်းထန်လှတဲ့ အကြမ်းဖက်ဝါဒဆိုင်ရာပြစ်မှုတွေနဲ့ စွဲချက်အတင်ခံရသူ တစ်ဦးလည်း ရှိနေ ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

သြစတြေးလျ မြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ကို အကြမ်းဖက်သမားများက စီစဉ်နေ ခဲ့ကြကြောင်း ထောက်လှမ်းရေး သတင်း အချက်အလက်ကြောင့် သြစတြေးလျ အာဏာပိုင်များက စစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း  ကော်ဗင်က ဆိုခဲ့သည်။

Mizzima - News in Burmese
သြစတြေးလျနိုင်ငံ ဆစ်ဒနီ နှင့် ဘရစ္စဘိန်းမြို့တွင် သြစတြေးလျ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်း များနှင့် ဆက် စပ်နေသူများကို စီးနင်းဖမ်းဆီးခဲ့ရာ လူ ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ သြစတြေးလျနိုင်ငံ၏ အကြီးမားဆုံးသော စစ်ဆင်ရေး လည်း ဖြ စ်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။လက်နက်များ အပြည့်အစုံ ကိုင်ဆောင်ထားကြသော ရဲအရာရှိများ အနည်းဆုံး ၈၀၀ ခန့်သည် ယင်းမြို့ကြီးနှစ်မြို့ရှိ အဆောက်အအုံ အချို့ကို ဝင်ရောက် စီးနင်းခဲ့ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

 “အကြမ်းဖက်မှု လုပ်ရပ်များ” ကျူးလွန်မည့် အစီအစဉ်များကို တားဆီးရန် ထိုစစ်ဆင်ရေးက ရည်ရွယ်ကြော င်း ရဲတပ်ဖွဲ့က ဆိုသည်။

အကြမ်းဖက်သမားများ၏ အကြမ်းဖက် အစီအစဉ်တစ်ခုမှာ အများပြည်သူထဲမှ ကြုံရာကျပန်းလူကို ရွေး ချယ်ကာ ခေါင်းဖြတ်ရန် ဖြစ်သည်ဟု ဆိုကြသည်။

အီရတ် နှင့် ဆီးရီးယားတွင် ဖြစ်ပွားနေသော စစ်ပဋိပက္ခ၏ အကျိုးဆက်များ သြစတြေးလျနိုင်ငံအား ရိုက် ခတ် လာမည်ကို စိုးရိမ်မှုများ ကြီးထွား လာ လျက်ရှိရာ သြစတြေးလျတွင် အကြမ်းဖက်ဝါဒအန္တရာယ်၏ စိုးရိမ်ရမှုအဆင့်ကို မြှင့်တင်ထားသည်။

ဆစ်ဒနီမြို့၏ အနောက်ပိုင်းဒေသများ နှင့် ဘရစ္စဘိန်းမြို့၏ တောင်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း နှင့် ထိုဒေသများတွင် ရဲအရာရှိများ ဆက်လက် လှုပ်ရှားဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့မှ ယာယီ ရဲမင်းကြီး အန်ဒရူးကော်ဗင် က ပြောခဲ့သည်။

““ရှာဖွေမှုတွေနဲ့ ဒီစစ်ဆင်ရေး လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ဆက်ပြီး လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရဲအရာရှိတွေ ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံရေးဟာ အခုလိုအခိုက်အတန့်မှာ အထူးကို အရေးကြီးနေပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်ပြောပြနိုင်တာကတော့ ဆစ်ဒနီ တစ်ဝန်းမှာ ဝရမ်း ၂၅ ခု ကို စီမံဆောင်ရွက်ခဲ့ပြီးတော့ အခုလောလော ဆယ် အဆင့်မှာ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဆိုတာပါပဲ။ ပြီးတော့ ပြင်းထန် လှတဲ့ အကြမ်းဖက်ဝါဒဆိုင်ရာပြစ်မှုတွေနဲ့ စွဲချက်အတင်ခံရသူ တစ်ဦးလည်း ရှိနေ ပါတယ်” ဟု ၎င်းက ဆိုခဲ့ သည်။

သြစတြေးလျ မြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ကို အကြမ်းဖက်သမားများက စီစဉ်နေ ခဲ့ကြကြောင်း ထောက်လှမ်းရေး သတင်း အချက်အလက်ကြောင့် သြစတြေးလျ အာဏာပိုင်များက စစ် ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း  ကော်ဗင်က ဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment