Friday 19 September 2014

သံဓာတ်ချို့တဲ့သူများ စားရမည့် အစားအစာများ

Photo: သံဓာတ်ချို့တဲ့သူများ စားရမည့် အစားအစာများ
Friday, September 19, 2014

သွေးထဲတွင် လုံလောက်သော သွေးနီဥအရေအတွက် မရှိခြင်းအဖြစ် လူသိ ပိုများသော သံဓာတ်ချို့တဲ့မှုကြောင့် ကမ္ဘာတစ်ဝန်း အမျိုးသမီး သန်းပေါင်း များစွာ ဝေဒနာခံစားနေရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အာဟာရလုံလောက်ခြင်းမရှိသဖြင့် အလွန်မောပန်းနွမ်းနယ်ခြင်း၊ စွမ်းအင် နည်းပါးခြင်းနှင့် အလုပ်စွမ်းဆောင်ရည် နည်းပါးမှုတို့ ဖြစ်စေသည်။ ယင်းပြဿနာများ ကို ဖြေရှင်းရန် သင်ပုံမှန်စားသော အစားအစာများတွင် အောက်ပါအစားအစာများ ထည့်သွင်းစားသုံးလိုက်ပါ။

ဆန်လုံးညိုတွင်ပါဝင်သော သံဓာတ်က သွေးအားနည်းခြင်းကို တိုက်ဖျက်ပေးနို င်ပြီး အမျှင် ဓာတ်က ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင် သည်။

မြင်းစားဂျုံတွင် သံဓာတ်အပြင် အခြားအာဟာရဓာတ်များစွာ ပါဝင်သည်။ နံနက်စာတွင် ဂျုံကြမ်းထည့်သွင်းစားသုံးခြင်းမှာ သံဓာတ်ချို့တဲ့ မှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုဖြစ်သည်။

အာလူးကို ကယ်လိုရီများသော ဟင်းသီးဟင်းရွက်တစ်မျိုးဟု လူ အများရှုမြင်ကြသော်လည်း သံဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် ပုံမှန်စားသော အစားအစာများတွင် ထည့်သွင်းစားသုံးပေးသင့်သည်။

ပန်းဂေါ်ဖီစိမ်းများကို အလွန်စားလိုစိတ်ပေါ်မှသာရွေးချယ်စား သောက်လေ့ ရှိကြသော်လည်း သံဓာတ်ချို့တဲ့မှုဒဏ်ခံနေရသူများအတွက် အထူးကောင်း မွန်သော အစားအစာဖြစ်သည်။

စတော်ဘယ်ရီသီးများတွင် သံဓာတ်ပါဝင်သည့်အပြင် ခန္ဓာကိုယ်မှ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စေအောင် ဆောင်ရွက်ပေးသည့် ဗီတာမင်စီလည်း ကြွယ်ဝစွာ ပါဝင်သည်။

အာဟာရဓာတ်များစွာပါဝင်သော ပဲစေ့များမှာ သံဓာတ်ချို့တဲ့သူများ သံဓာတ်ဖြည့်တင်းရန် ကူညီပေးနိုင်သည်။ ဒေါက်ခွရွက်တွင် သံဓာတ်အပြင် ဗီတာမင်စီလည်း ပါဝင်သဖြင့် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင် ကူညီပေးနိုင်သည်။ ဘိုကိတ်ပဲများတွင်လည်း သံဓာတ်ကြွယ်ဝစွာ ပါဝင် သည်။ ရွှေဖရုံစေ့များကို သရေစာအဖြစ် စားပေးခြင်းဖြင့် ခန္ဓာကိုယ် သံဓာတ်ကို မြှင့်တင်ပေးနိုင်သည်။

7Day DAILY
သွေးထဲတွင် လုံလောက်သော သွေးနီဥအရေအတွက် မရှိခြင်းအဖြစ် လူသိ ပိုများသော သံဓာတ်ချို့တဲ့ မှုကြောင့် ကမ္ဘာတစ်ဝန်း အမျိုးသမီးသန်းပေါင်းများစွာ ဝေဒနာခံစားနေရကြောင်း ကျွမ်းကျင်သူများ က ပြော သည်။
အာဟာရလုံလောက်ခြင်းမရှိသဖြင့် အလွန်မောပန်းနွမ်းနယ်ခြင်း၊ စွမ်းအင် နည်းပါးခြင်းနှင့် အလုပ် စွမ်းဆောင်ရည် နည်းပါးမှုတို့ ဖြစ်စေသည်။ ယင်းပြဿနာများကို ဖြေရှင်းရန် သင်ပုံမှန်စားသော အစားအစာ များတွင် အောက်ပါအစားအစာများ ထည့်သွင်းစားသုံးလိုက်ပါ။

ဆန်လုံးညိုတွင်ပါဝင်သော သံဓာတ်က သွေးအားနည်းခြင်းကို တိုက်ဖျက်ပေးနိုင်ပြီး အမျှင်ဓာတ်က ခန္ဓာ ကိုယ် ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင် သည်။

မြင်းစားဂျုံတွင် သံဓာတ်အပြင် အခြားအာဟာရဓာတ်များစွာ ပါဝင်သည်။ နံနက်စာတွင် ဂျုံကြမ်းထည့်သွင်း စားသုံးခြင်းမှာ သံဓာတ်ချို့တဲ့ မှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ရန် အကောင်း ဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်သည်။

အာလူးကို ကယ်လိုရီများသော ဟင်းသီးဟင်းရွက်တစ်မျိုးဟု လူ အများရှုမြင်ကြသော်လည်း သံဓာတ်ကြွယ်ဝ စွာပါဝင်သဖြင့် ပုံမှန်စားသော အစားအစာများတွင် ထည့်သွင်းစားသုံးပေးသင့်သည်။

ပန်းဂေါ်ဖီစိမ်းများကို အလွန်စားလိုစိတ်ပေါ်မှသာရွေးချယ်စား သောက်လေ့ ရှိကြသော်လည်း သံဓာတ်ချို့ တဲ့မှု ဒဏ်ခံနေရသူများအတွက် အထူးကောင်း မွန်သော အစားအစာဖြစ်သည်။

စတော်ဘယ်ရီသီးများတွင် သံဓာတ်ပါဝင်သည့်အပြင် ခန္ဓာကိုယ်မှ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စေေ အာင် ဆောင် ရွက်ပေးသည့် ဗီတာမင်စီလည်း ကြွယ်ဝစွာ ပါဝင်သည်။

အာဟာရဓာတ်များစွာပါဝင်သော ပဲစေ့များမှာ သံဓာတ်ချို့တဲ့သူများ သံဓာတ်ဖြည့်တင်းရန် ကူညီပေးနိုင် သည်။ ဒေါက်ခွရွက်တွင် သံဓာတ်အပြင် ဗီတာမင်စီလည်း ပါဝင်သဖြင့် ခန္ဓာကိုယ်က သံဓာတ်စုပ် ယူနိုင်အောင် ကူညီပေးနိုင်သည်။ ဘိုကိတ်ပဲများတွင်လည်း သံဓာတ်ကြွယ်ဝစွာ ပါဝင် သည်။ ရွှေဖရုံစေ့များ ကို သရေစာအဖြစ် စားပေးခြင်းဖြင့် ခန္ဓာကိုယ် သံဓာတ်ကို မြှင့်တင်ပေးနိုင်သည်။

7Day DAILY

No comments:

Post a Comment