Friday 19 September 2014

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေး အချိန်ယူရန် လိုအပ်ဟု အီးယူသံအမတ်ပြောကြား

Photo: မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေး အချိန်ယူရန် လိုအပ်ဟု အီးယူသံအမတ်ပြောကြား
Friday, September 19, 2014

အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းရသည့် နိုင်ငံ တိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွင် ခက်ခဲပြီး အချိန်ယူရသကဲ့ သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် သည်လည်း အချိန်ယူရန် လိုအပ် ပြီး အချိန်တိုလေးအတွင်း ပြုပြင် ပြောင်းလဲရန် မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီးယား က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပသမဂ္ဂ၏ ငွေကြေးပံ့ပိုးကူ ညီမှုများအပေါ် ပြည်တွင်းနိုင်ငံ ရေး အင်အားစုအချို့က ဝေဖန် နေကြသည်။ ထို့ပြင် အီးယူ၏ပံ့ပိုး ကူညီမှုဖြင့် တည်ထောင်ထား သည့် မြန်မာ့ငြိမ်းချမ်းရေးပြန် လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှင့် ပတ်သက်၍လည်း မေးခွန်းထုတ် ခံနေရချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များအ ပေါ် ကျေနပ်အားရမှု ရှိ၊ မရှိ 7Day သတင်းစာ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘‘ကမ္ဘာပေါ်မှာ အသွင်ကူး ပြောင်းရေးကာလမှာ ကြုံတွေ့ရ တဲ့ နိုင်ငံအတော်များများနဲ့ ကျွန်တော်တို့အတူလက်တွဲ လုပ်ခဲ့ဖူးပါတယ်။ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှစသဖြင့်ပေါ့။ ဘယ်နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုမဆို ခက်ခဲပါတယ်။ အချိန် လည်း လိုအပ်ပါတယ်။ အချိန်တို လေး လအနည်းငယ်လေးအတွင်း ပိုင်းမှာ ပြောင်းလဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာမှာလည်း ကျိန်းသေ ဒီလိုပြဿနာအခက် အခဲတွေရှိနေတာပါ’’ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရ သက်တမ်းသုံးနှစ်ကျော် ကာလ အတွင်း လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် အကြမ်းဖက်မှု ပဋိ ပက္ခများဖြစ်ပွားနေပြီး အသွင်ကူး ပြောင်းရေးကို နောက်ပြန်လှည့် မည့် စိုးရိမ်စရာ အနေအထားများ  ကို ကြုံတွေ့နေရကြောင်း နိုင်ငံ တကာအသိုင်းအ၀ိုင်းက သုံးသပ် လျက်ရှိသည်။ အဆိုပါ မျက် မှောက်ရေးရာ ပြဿနာများအ တွက် အစိုးရတွင်သာမက နိုင်ငံ သားများနှင့် မီဒီယာများကပါ အတူတကွ ပူးပေါင်းဖြေရှင်းရ မည်ဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားသည်။

‘‘မြန်မာမှာ လူ့အခွင့်အရေး ကိစ္စတွေ၊ လူတစ်ဦးချင်းရဲ့ အခြေခံလွတ်လပ်ခွင့်တွေရဖို့ အတွက်ကို အစိုးရရော၊ လွှတ်တော်ရော၊နိုင်ငံသားတွေ၊ မီဒီယာပါမကျန် အားလုံးအတူတကွ ကြိုးစားရမယ်။ ဒါက အများပြည်သူချည်းပဲလုပ်လို့ မရပါဘူး။  မတူညီတဲ့ ဘာသာရေးအသိုင်း အ၀ိုင်းတွေကြား၊တိုင်းရင်းသား လူနည်းစုတွေကြားမှာ အပြန်အလှန်နားလည်မှု၊ ချဉ်းကပ်မှုတွေနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်။ ဒါက နိုင်ငံသားတွေအားလုံး လုပ်ရမှာ ဖြစ်တယ်’’ ဟု ၎င်းကပြောသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးအပြည့်အ၀ ရရှိရေးအတွက် အထက်ပါနည်းလမ်းကသာ အ ကောင်းဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။

ဥရောပသမဂ္ဂသည် မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုများ အစောဆုံးဖြေလျှော့ပေးခဲ့သည့် အထဲတွင် ပါဝင်ခဲ့ပြီး အထူးကုန် သွယ်မှု ကင်းလွတ်ခွင့်ကိုလည်း ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပြန် လည်ပေးအပ်ခဲ့သည်။

တိုင်းပြည်တစ်ပြည်တွင် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုရှိရန်နှင့် အရပ်ဘက်အဖွဲ့အစည်း များ ဖွံ့ဖြိုးတိုးတက်ရန်မှာ မီဒီယာဖွံ့ဖြိုးတိုးတက်မှုရှိမှသာ အောင် မြင်နိုင်မည်ဟု နားလည်သဖြင့် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာသုံးသန်းကျော် ပံ့ပိုးကူညီထားပြီးဖြစ်ကြောင်း သံ အမတ်ကြီးက ပြောကြားသည်။

‘‘နိုင်ငံရေး အခြေအနေတည် ငြိမ်ဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်း တွေ တိုးတက်မှုရှိဖို့က မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှဖြစ်မယ်ဆို တာ ကျွန်တော်တို့ နားလည်ပါ တယ်။ ဒါကြောင့်လည်း အီးယူ က ဒီကဏ္ဍမှာ ဒေါ်လာသုံးသန်း ကျော် ကူညီခဲ့ပြီးဖြစ်တယ်။ ဒီ ထက်ပိုပြီးတော့လည်း ကျွန်တော် တို့ဆက်ပြီး ကူညီထောက်ပံ့သွား ဖို့ ရှိပါတယ်။ ဒီနေ့ကစပြီး နောက် လတွေ၊ နောက်နှစ်တွေမှာ အီးယူ ရဲ့ လုပ်ရပ်တွေကိုလည်း စောင့် ကြည့်နိုင်ပါတယ်’’ ဟု ၎င်းက ပြောသည်။

7Day DAILY

ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီးယား (ဓာတ်ပုံ - ကျော်ဇင်သန်း)
ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီးယား (ဓာတ်ပုံ - ကျော်ဇင်သန်း)
အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းရသည့် နိုင်ငံ တိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွင် ခက်ခဲပြီး အချိန်ယူရသကဲ့ သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် သည်လည်း အချိန်ယူရန် လိုအပ် ပြီး အချိန်တိုလေးအတွင်း ပြုပြင် ပြောင်းလဲရန် မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီးယား က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပသမဂ္ဂ၏ ငွေကြေးပံ့ပိုးကူ ညီမှုများ အပေါ် ပြည်တွင်းနိုင်ငံ ရေး အင်အားစုအချို့က ဝေဖန် နေကြသည်။ ထို့ပြင် အီးယူ၏ပံ့ပိုး ကူညီမှုဖြင့် တည်ထောင်ထားသည့် မြန်မာ့ငြိမ်းချမ်းရေးပြန် လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှင့် ပတ်သက်၍ လည်း မေးခွန်းထုတ် ခံနေရချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အ ပေါ် ကျေနပ်အားရမှု ရှိ၊ မရှိ 7Day သတင်းစာ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

‘‘ကမ္ဘာပေါ်မှာ အသွင်ကူး ပြောင်းရေးကာလမှာ ကြုံတွေ့ရ တဲ့ နိုင်ငံအတော်များများနဲ့ ကျွန်တော်တို့အတူ လက်တွဲ လုပ်ခဲ့ဖူးပါတယ်။ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှစသဖြင့်ပေါ့။ ဘယ်နိုင်ငံရေး ပြုပြင်ပြောင်း လဲ မှုမဆို ခက်ခဲပါတယ်။ အချိန် လည်း လိုအပ်ပါတယ်။ အချိန်တို လေး လအနည်းငယ်လေးအတွင်း ပိုင်းမှာ ပြောင်းလဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာမှာလည်း ကျိန်းသေ ဒီလိုပြဿနာအခက် အခဲတွေ ရှိနေတာပါ’’ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရ သက်တမ်းသုံးနှစ်ကျော် ကာလ အတွင်း လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် အကြမ်းဖက်မှု ပဋိ ပက္ခများဖြစ်ပွားနေပြီး အသွင်ကူး ပြောင်းရေးကို နောက်ပြန်လှည့် မည့် စိုးရိမ်စရာ အနေ အထားများ  ကို ကြုံတွေ့နေရကြောင်း နိုင်ငံ တကာအသိုင်းအ၀ိုင်းက သုံးသပ် လျက်ရှိသည်။ အဆိုပါ မျက် မှောက်ရေးရာ ပြဿနာများအ တွက် အစိုးရတွင်သာမက နိုင်ငံ သားများနှင့် မီဒီယာများကပါ အတူတကွ ပူးပေါင်းဖြေရှင်းရ မည်ဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားသည်။

‘‘မြန်မာမှာ လူ့အခွင့်အရေး ကိစ္စတွေ၊ လူတစ်ဦးချင်းရဲ့ အခြေခံလွတ်လပ်ခွင့်တွေရဖို့ အတွက်ကို အစိုး ရရော၊ လွှတ်တော်ရော၊နိုင်ငံသားတွေ၊ မီဒီယာပါမကျန် အားလုံးအတူတကွ ကြိုးစားရမယ်။ ဒါက အများပြည် သူ ချည်းပဲလုပ်လို့ မရပါဘူး။  မတူညီတဲ့ ဘာသာရေးအသိုင်း အ၀ိုင်းတွေကြား၊တိုင်းရင်းသား လူနည်းစုတွေကြားမှာ အပြန်အလှန်နားလည်မှု၊ ချဉ်းကပ်မှုတွေနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်။ ဒါက နိုင်ငံ သားတွေ အားလုံး လုပ်ရမှာ ဖြစ်တယ်’’ ဟု ၎င်းကပြောသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးအပြည့်အ၀ ရရှိရေးအတွက် အထက်ပါနည်းလမ်းကသာ အ ကောင်း ဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။

ဥရောပသမဂ္ဂသည် မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုများ အစောဆုံးဖြေလျှော့ပေးခဲ့သည့် အထဲတွင် ပါဝင်ခဲ့ပြီး အထူးကုန် သွယ်မှု ကင်းလွတ်ခွင့်ကိုလည်း ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပြန် လည်ပေးအပ်ခဲ့သည်။

တိုင်းပြည်တစ်ပြည်တွင် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုရှိရန်နှင့် အရပ်ဘက်အဖွဲ့အစည်း များ ဖွံ့ဖြိုးတိုး တက် ရန်မှာ မီဒီယာဖွံ့ဖြိုးတိုးတက်မှုရှိမှသာ အောင် မြင်နိုင်မည်ဟု နားလည်သဖြင့် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာသုံးသန်းကျော် ပံ့ပိုးကူညီထားပြီးဖြစ်ကြောင်း သံ အမတ်ကြီးက ပြောကြားသည်။

‘‘နိုင်ငံရေး အခြေအနေတည် ငြိမ်ဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်း တွေ တိုးတက်မှုရှိဖို့က မီဒီယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်မှဖြစ်မယ်ဆို တာ ကျွန်တော်တို့ နားလည်ပါ တယ်။ ဒါကြောင့်လည်း အီးယူ က ဒီကဏ္ဍမှာ ဒေါ် လာ သုံးသန်း ကျော် ကူညီခဲ့ပြီးဖြစ်တယ်။ ဒီ ထက်ပိုပြီးတော့လည်း ကျွန်တော် တို့ဆက်ပြီး ကူညီထောက်ပံ့ သွား ဖို့ ရှိပါတယ်။ ဒီနေ့ကစပြီး နောက် လတွေ၊ နောက်နှစ်တွေမှာ အီးယူ ရဲ့ လုပ်ရပ်တွေကိုလည်း စောင့် ကြည့်နိုင်ပါတယ်’’ ဟု ၎င်းက ပြောသည်။

7Day DAILY

No comments:

Post a Comment