Friday 19 September 2014

ပြည်ပရင်းနှီးမြှုပ်နှံမှုစက်ရုံများ အာမခံကြေး သုံးလတင်ရန် ရင်းနှီးမြှုပ်နှံ မှုကော်မရှင် သို့တင်ပြ

ပြည်တွင်း၌ ရင်းနှီးမြှုပ် နှံမည့် ပြည်ပလုပ်ငန်းရှင်များအ နေဖြင့် အလုပ်သမား များအတွက် အာမခံကြေး စပေါ်ငွေ သုံးလစာ ကြိုတင်ပေးသွင်းရန် ရင်းနှီးမြှုပ်နှံ မှုကော်မရှင်သို့ တင်ပြထား ကြောင်း အလုပ်ရုံနှင့် အလုပ် သမားဥပဒေ စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
ယခုနှစ်ဇူလိုင်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အတွင်းရှိ  မာစတာစပေါ့စက်ရုံ ပိုင်ရှင်ကိုရီး ယားလူမျိုး အလုပ်ရှင် တစ်ဦး လုပ်ငန်းအရှုံးပေါ်၍ စက်ရုံပိတ် သိမ်းခဲ့ရာ အလုပ်သမားများအား နစ်နာမှုလျော်ကြေး မပေး ဘဲ ကိုရီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထို့ ကြောင့်ရာနှင့်ချီသည့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်လျက် ရှိရာ ယခုအချိန်ထိဖြေရှင်းနေရ ဆဲပင်ဖြစ်သည်။

အစိုးရက အလားတူပြဿ နာမျိုးထပ်မံကြုံတွေ့ရပါက ဖြေ ရှင်းနိုင်ရန် ယခုနောက် ပိုင်း နိုင်ငံ ခြားသား ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ရှင်များအပေါ် အာမခံကြေး စပေါ် ငွေကောက် ခံထားရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ် သည်။ ထို့ကြောင့် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံ မှု များ လုပ်ကိုင်ခွင့်ပြုပါက MIC တွင် အာမခံကြေးစပေါ်ငွေ လုပ်သား ၏ သုံးလစာထားရှိရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ဌာနအနေနဲ့ MIC ကို တင်ပြထားတာရှိပါ တယ်။ MIC ကနေပြီးတော့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံ သူများနောက်ဒါ မျိုးမဖြစ်အောင် လစာသုံးလစာကို Deposit (အာမခံကြေး) အနေနဲ့ တင်ထား ဖို့တင်ပြ ထားပါတယ်’’ ဟု ဦးဝင်းရှိန်က စက်တင်ဘာ ၁၇ ရက်၌ ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲ တွင် ပြော ကြား သည်။

‘‘ဒီကိစ္စမှာ အလုပ်သမား တွေ အပြစ်လုပ်လို့ စက်ရုံပိတ်ခဲ့ ရတာ မဟုတ်ဘူး။ အလုပ်ရှင်က ဥပဒေ ချိုးဖောက်ခဲ့လို့ အလုပ်သမားတွေ အခက်အခဲ ရောက်ခဲ့တာ’’ ဟု အလုပ်သမားဝန်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးထင်အောင်က ပြောသည်။

‘‘လုပ်သားနည်းတဲ့ စက်ရုံ မဟုတ်ဘဲ လုပ်သားများတဲ့ စက် ရုံဆိုနိုင်လောက်မယ် မထင်ဘူး။ အာမခံကြေး လည်း ပေးသွင်းရ မယ်၊ လုပ်ငန်းလုပ်ဖို့ အရင်းအနှီး ကုန်ဦးမယ်ဆိုတော့ မလွယ် လောက်ဘူး။ ရင်းနှီးမြှုပ်နှံ သူတွေ နောက်ဆုတ် သွားနိုင် တယ်။  ဘဏ်နဲ့ချိတ်ပြီး သူ့ပိုင်ဆိုင်မှုကို အာမခံထားရင်တော့ ပိုအဆင်ပြေ လိမ့် မယ်’’ဟု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

မာစတာစပေါ့စက်ရုံအငြင်း ပွားမှုတွင် အလုပ်ရှင်ပိုင်ဆိုင်သည့် စက်ရုံရှိစက်ပစ္စည်းများကို ၀ရမ်းကပ်၍ လေ လံ တင်ရောင်းချ ပြီး လုပ်သား များအား နစ်နာကြေး များပေးလျော်ရန် အစိုးရက ဆောင်ရွက်လျက်ရှိ သည်။ ရောင်း ချပြီးရရှိလာမည့် ငွေကျပ်သိန်း နှစ်ထောင်ခန့်ကို အလုပ်သမား များအား အလုပ်ထုတ်ခြင်း နစ်နာကြေးအဖြစ် ပေးလျော်သွားမည်ဟု အလုပ်သမား ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၄ ခုရှိပြီး စက်ရုံပေါင်း  ၃၅၀၀ ကျော်ရှိသည်။ ယခုနောက်ပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာသည်နှင့် အမျှ အလုပ်သမားပြဿနာများ ယခင်ထက် အငြင်းပွားမှုများပြား လျက်ရှိသည်။

ပြည်ပအလုပ်ရှင်အများစုမှာ လုပ်သားအုပ်ချုပ်မှုပိုင်းကို လက်အောက်ရှိ စက်ရုံမန်နေဂျာဖြစ်သူတို့နှင့် လွှဲပြောင်းလုပ်ကိုင်လေ့ရှိသောကြောင့် အုပ်ချုပ်မှုပိုင်းတွင် အားနည်းလျက်ရှိပြီး ထိုကဲ့သို့ စက်ရုံများသည် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု အများဆုံး ဖြစ်ပေါ်နေကြောင်း အလုပ်သမား အရေးဆောင်ရွက် သူများက ပြောသည်။

7Day DAILY

No comments:

Post a Comment